Skip to main content

“ဝါးလုံးသိမ်းကောက်ချက်”

ကွန်မင့်တခု

ဒါဆို တိုင်းရင်းသားတွေပြောနေတဲ့ လုပ်မတတ်ဘူး ခေါ်မတတ်ဘူး ဆိုတာကအမှန်လား”

ပြန်စာ

မ” ကို နေရာထား မှားပြော၊ မှားရေးနေခြင်းအကြောင်းကို ၅-၆ ခါ တင်ပြထားပါတယ်။ လွန်ခဲ့တဲ့ နာရီပိုင်းက တခါ ထပ်တင်တယ်။

မှားရေး မှားပြောတိုင်းတော့ တိုင်းရင်းသားတွေလို့ ရမ်းပြီးကောက်ချက်ချတာ မမှန်ပါ။ လေ့လာသုတေသနပြုမှသာ ကောက်ချက် မှန်တယ်။ လူဦးရေအရ ရွှေမြန်မာတွေများလို့ မှားသူဦးရေလည်း များတယ်။

ဝါးလုံးသိမ်းကောက်ချက်” အဓိပ္ပာယ်

အင်္ဂလိပ်လို "Overgeneralization" သို့မဟုတ် "Sweeping generalization" နဲ့ သဘောသဘာဝချင်း တူညီတယ်။ ဝါးပင်တွေကို ခုတ်ယူရာမှာ အကောင်း၊ အဆိုး၊ အဖြောင့်၊ အကောက်၊ အနု၊ အရင့်လို့ အမျိုးမျိုးရှိနိုင်တယ်။ အဲဒီဝါးလုံးအားလုံးကို တခုချင်းစီ သေချာမရွေးချယ်တော့ဘဲ၊ ဝါးလုံးအားလုံးကို တပြိုင်တည်း သိမ်းကျုံးပွေ့ကောက်လိုက်တဲ့ သဘောကနေ ဆင်းသက်လာခြင်း ဖြစ်ပါတယ်။

ဖြစ်ရပ်တခုချင်းစီရဲ့ သီးခြားအခြေအနေ သို့မဟုတ် အချက်အလက်အမှန်ကို အသေးစိတ်မလေ့လာဘဲ အားလုံးဟာ ဒီလိုချည်းပဲ” လို့ သိမ်းကျုံးပြောဆိုခြင်းကို တင်စားသုံးနှုန်းခြင်း ဖြစ်ပါတယ်။

  • လူမှုရေးတွင် - လူမျိုးတခု၊ အဖွဲ့အစည်းတခု သို့မဟုတ် ဒေသတခုမှ လူအချို့၏ မကောင်းသော အပြုအမူကို မြင်ပြီး အဲဒီဒေသကလူတွေ အားလုံးဟာ စိတ်ပုတ်ကြတယ်” လို့ ကောက်ချက်ချခြင်းမျိုး။
  • အတွေးအခေါ်တွင် - မိမိကြုံတွေ့ဖူးတဲ့ ဆိုးဝါးသော အတွေ့အကြုံတခု သို့မဟုတ် နှစ်ခုအပေါ် အခြေခံပြီး လောကကြီးတခုလုံး သို့မဟုတ် လူအားလုံးကို အဆိုးမြင်ဝါဒနဲ့ သိမ်းကျုံးသတ်မှတ်လိုက်ခြင်းမျိုး ဖြစ်တယ်။

ကောက်ချက်ချမှု၏ အားနည်းချက်

  • တဦးချင်းစီ၏ ထူးခြားချက်၊ သီးခြားဖြစ်ရပ်တခုချင်းစီ၏ အကြောင်းရင်းခံများကို လျစ်လျူရှုမိစေသဖြင့် ဆုံးဖြတ်ချက်များ မှားယွင်းတတ်ပါတယ်။
  • အကောင်း၊ အဆိုးကို ခွဲခြားမမြင်နိုင်တော့ဘဲ ဘက်လိုက်မှုနှင့် အမုန်းပွားမှုများကို ဖြစ်ပေါ်စေနိုင်တယ်။

ကျောင်းက အလားတူ ပုံပြင်တခု

ကျွန်တော်တို့ငယ်ငယ်က ကျောင်းမှာပြောစမှတ်စကာနဲ့ အလားတူတယ်။ စာမေးပွဲအဖြေလွှာတွေကို စားပွဲပေါ်တင်ထား၊ ကျောင်းသားတွေကိုရိုက်ဖို့ထားတဲ့ ကြိမ်လုံးနဲ့ လွှဲရိုက်လိုက်ပြီး စားပွဲပေါ်မှာ ကျန်နေသေးတဲ့အဖြေလွှာတွေကို အောင်”၊ ကျသွားတာတွေကို ကျ” လို့ ရယ်စရာပြောကြပါတယ်။

ယုတ္တိတန်တဲ့ ကောက်ချက်ချခြင်းအကြောင်း လေ့လာသင့်ကြတယ်။ မှတ်ချက်စကားကို ပြီးစလွယ် မပြောအပ်။

အတွေ့အကြုံနှင့် သုတေသနအမြင်

ကျွန်တော် မြန်မာစာနဲ့ သုတစာလေးတွေ ရေးနေတာ ၁၅ နှစ်ကြာတော့ ရေးစကထက် အမှန်နဲ့ပိုပြီး နီးစပ်တဲ့ ကောက်ချက်မျိုး ချတတ်လာပါတယ်။ အဲဒါလည်း စနစ်ကျတဲ့ သုတေသနမလုပ်ချိန်မရသေးပါ။ သတ်ပုံ မှန်အောင်မရေးတတ်သူတွေရဲ့ ကိန်းဂဏန်း အချက်အလက်တွေ ထောင်ဂဏန်းများများ ရှိတယ်၊ သိတယ်။

အောက်ပါအယူအဆများမှာ မှားယွင်းပါသည် -

  • ကလေးတွေလို့ထင်တာ မမှန်။
  • ပညာနည်းလို့ထင်တာ မမှန်။
  • အလွယ်ရေးလို့ထင်တာ မမှန်။
  • ခေတ်ဖြစ်လို့မှန်တယ်ဆိုတာ မမှန်။
  • ရှေးကမှားတယ်လို့ပြောဆိုတာ မမှန်။
  • လူကြိုက်များလို့မှန်တယ်ထင်တာ မမှန်။
  • တရားဝင်လို့အမှန်ဆိုတာ မှားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ