Skip to main content

တရားပြသူ အမှတ်စဉ် ၁၁

တရားပြသူ အမှတ်စဉ် ၁၁
ကွန်မင့်တခု = AI ဖြစ်ဖြစ် RI ဖြစ်ဖြစ် .. ခံစားပြီးရင်အစွဲဖျောက်လိုက် ဝေဒနာ က ဥပါဒါန်မဖြစ်စေနဲ့
မြန်မာစာ စာလုံးပေါင်း၊ သတ်ပုံ၊ အသံထွက်နဲ့ အဓိပ္ပါယ်တွေကို တင်ပြတဲ့စာတွေအောက်မှာ ကွန်မင့်ကနေ တရားပြသူအမျိုးမျိုး ရှိတယ်။ အခုတယောက်က ဒီနေ့။
အရင်ပုဂ္ဂိုလ်တွေ ဘယ်မဂ်၊ ဘယ်ဖိုလ် ရောက်ကြပြီလဲ မသိပါ။
မဂ် ဆိုသည်မှာ နိဗ္ဗာန်ကို ရောက်စေတတ်သော (ကိလေသာများကို ဖျက်ဆီးတတ်သော) အကျင့်လမ်းစဉ် ဖြစ်ပြီး၊ ဖိုလ် ဆိုသည်မှာ ထိုမဂ်တရား၏ အကျိုးဆက်အားဖြင့် ကိလေသာများ ကင်းငြိမ်းရာ နိဗ္ဗာန်ကို ချက်ချင်းခံစားရခြင်း (သို့) ရလဒ် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတွင် မဂ် (၄) ပါးနှင့် ဖိုလ် (၄) ပါး ဟူ၍ အဆင့် (၄) ဆင့် ရှိပါသည်။
ဥပါဒါန် ဆိုသည်မှာ "ဥပါဒိယတီတိ ဥပါဒါနံ" မြဲစွာစွဲလမ်းတတ်သောကြောင့် "ဥပါဒါန်" မည်သည်။ တဏှာကြောင့် ဥပါဒါန် ဖြစ်ပေါ်သည်။
ခိုင်မြဲကြပ်တည်းစွာ မလွှတ်ရက်ပဲ စွဲလမ်းသောတရားကို "ဥပါဒါန်" ဟု ဆိုသည်။ အကြင်တစုံတရာသော အရာဝတ္ထုကို သာယာစွဲလမ်းမှုကြောင့် အလွန်များပြားသော ဆင်းရဲဒုက္ခကို ရပါသော်လည်း ထိုဝတ္ထုကို မစွန့်ပစ်နိုင်၊ အပြစ်ဒေါသ အာဒီနဝတို့ကို မြင်ပါသော်လည်း ထိုဝတ္ထုကို မစွန့်လွှတ်နိုင်။ ဖားကို မြွေမြို၍ ထားသကဲ့သို့ အတင်းစွဲလမ်းသည်ကို "ဥပါဒါန်" ဟူ၍ ဆိုလိုသည်။
(၁)
ကွန်မင့်တခု = တဖြစ်ဖြစ်တစ်ဖြစ်ဖြစ်မှန်ပါတယ် ဥပါဒါန်တွေကြောင့်ဖြစ်လာရတာပါ အဲ့လောက်အထိအယူစွဲစရာမလိုပါ
(၂)
ကွန်မင့်တခု = ဘာမှမမြဲပါဘူးဆရာ ပြောင်းလဲချိန်တန်ရင်တော့ ပြောင်းလဲရတာပါပဲ ဘာမှအသေဆုပ်ကိုင်ထားလို့ မရပါဘူး
ဟုတ်။ တရားစာနဲ့ တခြားဟာ ရောထွေးလို့ မရပါ။ 
(၃)
ကွန်မင့်တခု = အခုအချိန်ဟာ ဗုဒ္ဓဘာသာဆိုရင် ဗုဒ္ဓအလိုကျ အားထုတ်ရမည့်အချိန်ပင်ဖြစ်ပါသည်။ ဝါသနာဆိုတာကတော့ သေကာမှ လျော့ကျပါမည်
(၄)
ကွန်မင့်တခု = အဘိဓမ္မာလေ့လာကြည့်လိုက်ပါ ‌ဆရာဒေါက်တာတင့်ဆွေခင်ဗျား
(၅)
ကွန်မင့်တခု = ယောနိသောမနသီကာရ လုပ်ပါတဲ့။ 
ဆိုလိုတာက အမှား ၁၀၀ တွေ့ရင် ၁၀ ခုလောက်သာ ထောက်ပြပါ။
(၆)
တရေးရေး၊ တစ်ရေးရေး ပညတ်တွေတဲ့။
ဆိုလိုတာက 
ဘုရား - ပညတ်။
ဖုရား - ပညတ်။
ဖယား - ပညတ်။
တရား - ပညတ်။
တစ်ရား - ပညတ်။
တစ်ယား - ပညတ်။
(၇)
တရားနဲ့ဖြေပါဆရာရယ်
သတ်ပုံစာကို တရားလာပြသူတွေ မနည်းတော့ပါ။ သူတို့က "မြတ်ဗုဒ္ဓ၏'တစ်'ရားတော်များ" စာမျက်နှာမျိုးကိုတော့ သွားမပြောကြပါ။
တရားပြသူ ၈ နဲ့ ၉ ကို မှတ်မထားအားလိုက်ပါ။
အမှတ်စဉ် ၁၁ ကို စောင့်နေပါမယ်။
ဒီနေ့တရားပြသူက အမှတ်စဉ် ၁၁။ 
၁၂ ကိုလည်း စောင့်နေပါမည်။
ကောင်းပါသည်။
သတ်ပုံစာမှာ တရားပြသူများ၏ https://burmese-spelling.blogspot.com/2025/08/blog-post_473.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ