Skip to main content

လှေကြီးပေါ်ကလူများ

မက်ဆေ့ချ်တခု = ဆရာ ကျွန်တော်က သတ်ပုံကျမ်းကြေညက်သူတော့မဟုတ်ပါဆရာ ဆရာ တခုပြောချင်တာလေးရှိလို့ ကျွန်တော်သိခဲ့ရတဲ့သတ်ပုံအတော်များများ ဆရာ့ posts တွေဖတ်မှ အမှားဆိုတာသိလာတယ်။ကျွန်တော်သိတဲ့ သတ်ပုံတွေကလည်း ငယ်ငယ်ကတည်းက အမှန်ဆိုပြီးသင်ခဲ့ရတဲ့ သတ်ပုံတွေပါ။ အဲ့ဒါကြောင့် ဆရာ့သတ်ပုံအတိုင်း ပြင်ရေးမယ်ဆိုလျှင်လည်း သတ်ပုံမှားနေတယ်ဘဲ အများက ထင်နေမိကြမှာ အမှန်ပါ။ ဘယ်လိုဖြေရှင်းရမလဲဆရာ။ ပြဿနာအကြီးစားပါ။

ပြန်စာ

ဘယ်လိုနေရာတွေမှာ မှန်အောင်မရေးသင့်လို့ အချက်အလက်၊ စာရင်းနဲ့တကွ တင်ပြထားပါတယ်။

မှန်အောင်မရေးသင့်တဲ့နေရာများ

1. ကျောင်း

2. စာမေးပွဲ

3. အလုပ်လျှောက်လွှာ

4. ဘွဲ့လွန်စာတမ်း

5. ရုံး

6. ဘဏ်

7. လွှတ်တော်

8. ပုံနှိပ်တိုက်

ကြိုက်သလိုရေးနိုင်တဲ့နေရာများ 

1. Facebook

2. TikTop

3. Telegram

4. YouTube

5. Podcast

6. ChatGPT

7. Gemini

8. DeepSeek

9. Lyrics

10. Smule

အဲဒီနေရာတွေမှာ 

1. လွဲလေ လူကြိုက်များလေ

2. မှားလေ နောက်လိုက်များလေ

3. မမှန်လေ ပိုက်ဆံရလေ

4. လိမ်လေ အထင်ကြီးခံရလေ

5. မတရားလေ သာဓုတွရလေ

ခေတ်လို့ခေါ်ကြပါသတဲ့။

1. စံကိုက်သတ်ပုံတွေ

2. ဂန္ထဝင်စာပေတွေ

3. မြန်မာ့စွယ်စုံကျမ်းပါအချက်အလက်တွေ

4. ၁၉၈၆ ခုနှစ်မတိုင်မီက ကျောင်းစာတွေ

5. သမိုင်းအထောက်အထားမှန်တွေကို တင်ပြတဲ့အခါ

- လူတကာက ရှေးကဟစာတွေလာမပြောနဲ့တဲ့

- AI ကလည်း ရှေးထုံးတွေတဲ့။

အကြံပြုချက်

- စာအုပ်ရောင်းကောင်းချင်ရင် သတ်ပုံတွေ မမှန်စေနဲ့

- စာပေဆုတွေရချင်ရင် စာလုံးပေါင်းတွေ မမှန်စေနဲ့

ကောက်ချက်

ယနေ့ခေတ် မြန်မာလိုစာရေး၊ မြန်မာစကားပြောဆိုနေသူများသည်

တိုင်တန်းနစ် ရွက်လှေကြီးပေါ်မှာ နေရာလုနေကြပါတော့သတည်း။

လှေပေါ်မှာ

- တချို့က ရှေ့ဖက်ကိုလှော်နေသည်

- တချို့က နောက်ဖက်ဆီ

- တချို့က တက်မပါ

- တချို့က တက်ထောင်ထားသည်။

- ကျွန်တော့လက်ထဲမှာလည်း တက်တချောင်းကိုင်ထားပါသည်။

ဖြေရှင်းနည်း

အမိန့်ကိုသာ မျက်စိမှိတ်၊ ဦးနှောက်ပိတ်ပြီး နာခံတတ်တဲ့အကျင့်က (၂၀၂၆ - ၁၉၆၂) ၆၄ နှစ်ရှိပြီ။

အလွန်ခက်သွားပြီ။

ရှေ့မှာ ဝဲရှိပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ