Skip to main content

မြန်မာဝါကျဖွဲ့ထုံးကျမ်း



ဦးဖေမောင်တင်

ကျမ်းဦးစကား

ဝါကျဖွဲ့ခြင်းအတတ်သည် နာမ်၊ နာမဝိသေသန၊ ကြိယာ၊ ကြိယာဝိသေသန အစရှိသော ဝါကျ၏ အင်္ဂါတို့အပေါ်တွင် တည်လျက်ရှိ၏။ ထိုအင်္ဂါတို့ကို အလိုရှိသည် အတိုင်း စပ်ဟပ် စီစဉ်ခြင်းအားဖြင့် ဝါကျအမျိုးမျိုးတို့ကို ဖွဲ့နိုင်၏။ ထိုအင်္ဂါတို့ကို ကောင်းစွာ နားလည်မှလည်း မှန်ကန်စွာ စပ်ဟပ် စီစဉ်နိုင်မည်ဖြစ်၏။ သို့ဖြစ်၍ ဤကျမ်း၌ ဝါကျ၏ အင်္ဂါတို့ကို သိသင့်သမျှ သိစိမ့်သောငှါ ဖော်ပြလိုက်ပေသည်။ ပြည့်ပြည့်စုံစုံ ဖော်ပြရမည်ဆိုလျှင် ဤကျမ်းသည် အလွန်ကြီးမားသွားမည်ဖြစ်၍ ငါးသိုင်းများ ဟင်းဟူ ဆိုသကဲ့သို့ အရေးကြီးသော ဝါကျဖွဲ့နည်းတို့ကို စေ့စေ့စပ်စပ် မှတ်သား ဂရုမပြုနိုင်ဘဲ ရှိကြမည်ကို စိုးရိမ်ဖွယ်ရှိ၏။ ထို့ကြောင့် ဤကျမ်း၌ မည်သည့်အချက်ကိုချန်ထားခဲ့သည်။ မည်သည့်စကားလုံးကား ကျန်ရစ်ခဲ့ပြီဟူ၍ အပြစ်တင်မစောသင့်ပေ။ ထို့ပြင်လည်း ဝါကျ၏အင်္ဂါဖြစ်သော နာမ်၊ နာမဝေသေသန၊ ကြိယာ၊ ကြိယာဝိသေသန အစရှိသည်တို့ကို အကျယ်တဝင့် ဖော်ပြရန်မှာ ဝါကျ ဖွဲ့ထုံးကျမ်း ပြုသူ၏ တာဝန်မဟုတ်။ သဒ္ဒါကျမ်းပြုသူ၏ တာဝန် ဖြစ်၏။ အများအားဖြင့်ဆိုသော် ဝါကျဖွဲ့နည်းသည် သဒ္ဒါကျမ်း နောက်ပိုင်းတွင် ပါဝင်စမြဲ ဖြစ်သော အခန်းတခု ဖြစ်၏။ မြန်မာသဒ္ဒါကျမ်းကြီး တစောင်သာ ထင်ထင်ရှားရှား ရှိပါမူ – ဝါကျအင်္ဂါ အကြောင်းများကို ဤဝါကျဖွဲ့ထုံး ကျမ်း၌ ဤမျှလောက် ဖော်ပြရန် လိုတော့မည် မဟုတ်ပေ။

နိဒါန်း။

ဤပါဠိသဒ္ဒါကျမ်းသည် စာသင်ကျောင်းများ၌၊ ပါဠိဘာသာကို သင်ကြားရာ၌ သင်ခါစဖြစ်သော တပည့်တို့ ဒွေးဥာဏ်၊ မြင်ခြင်းမရှိဘဲ လွယ်လင့်တကူ သူတပါးတို့ ရေးသား စီကုံးထားသည့် ပါဠိဘာသာကို အဓိပ္ပါယ်ပြန်ဆိုခြင်း၊ မိမိအလိုရှိရာ ပါဠိဘာသာကို စီကုံးရေးသားခြင်း ပြုနိုင်ကြစေရန် ရည်သန်ရေးသားအပ်သော ကျမ်းဖြစ်၏။


ဤကဲ့သို့ အင်္ဂလိပ်မြန်မာစာသင်ကျောင်းများ၌ ပါဠိဘာသာကို သင်ကြားရာ၌ အသုံးပြုရန် အနောက်နိုင်ငံသားများ ရေးသား အပ်သော ပါဠိသဒ္ဒါကျမ်းတို့လည်း ရှိကြ၏။ ၎င်းကျမ်းများမှာ ကစ္စည်းကျမ်း၊ ရူပသိဒ္ဓိကျမ်းစသော ပါဠိသဒ္ဒါကျမ်းကြီးတို့၏ အသုံးအနှုန်းတို့ကို များစွာမလိုက်ဘဲ။ တပည့်တို့နားလည် လွယ်မည်ထင်သော အသုံး အနှုန်းတို့ဖြင့် ရေးသားထားသည့်ပြင်၊ အချို့နေရာမှာ ပါဠိသဒ္ဒါ နည်းမဟုတ်သည့် သက္ကုတနည်းများပင် ပါရှိ၍နေ၏။ ပါဠိသဒ္ဒါကျမ်းကြီးတို့မှာ အနက်တခုတည်း၌ စကားနှစ်ခွန်းထပ်သုံးမှသာ အာမေဍိတ်ဟု ခေါ်၏။ အဆိုပါ သဒ္ဒါကျမ်းတို့မှာကား ရုတ်တရက် အထိတ်တလန့် ပြောသောစကားတခွန်းတည်းကိုပင် အာမေဍိတ်ဟုခေါ်၏။ အထူးအားဖြင့် ပါဠိသဒ္ဒါကျမ်းကြီးတို့မှာ ‘နာ’ ဝိဘတ်အဆုံးရှိသောပုဒ်များအနက်။ အချို့ကို ကရဏ ကာရက၊ အချို့ကို သဟတ္ထယောဂ၊ အချို့ကို အပဝဂ္ဂကတ္တားစသည်ဖြင့် အရာအားလျော်စွာ ခေါ်ဝေါ်၏။ ‘သ’ ဝိဘတ်အဆုံးရှိသောပုဒ်တို့တွင်လည်း၊ အချို့ကို သမ္ပဒါနကာရက၊ အချို့ကို သာမိ၊ အချို့ကို နိမ္မိတ္တတ္ထကာရက၊ အချို့ကို အနာဒရစသည်ဖြင့် အရာအားလျော်စွာပင် ခေါ်ဝေါ်၏။ အနောက် နိုင်ငံသားတို့၏ -

တယောက်နေ ပို့ပေးတာဖြစ်ပါတယ်။ ကျေးဇူး။

ဦးဖေမောင်တင် (၁၈၈၈ - ၁၉၇၃)

ဦးဘေမောင်တင်လို့လည်း ရေးကြပါတယ်။ 

ဦးဘေမောင်တင်ဟာ မြန်မာစာပေလောကမှာ အထင်ရှားဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။

တချို့က မသိကြတော့ပါ။ မနေ့တနေ့လောက် မြန်မာစာပါရဂူတွေကိုသာ ပညာရှင်လို့မှတ်ယူနေကြတယ်။ နောက်လူတွေရဲ့ နောက်မူကိုသာ အမှန်ထင်နေကြတယ်။

မြန်မာစာပေပညာရှင်များအမည်ကိုမေးတဲ့အခါ 

မြန်မာလိုစာရေးတဲ့ ဒေတာတွေကိုသာ အားကိုးနေရတဲ့ AI ကိုမေးရင်လည်း ဦးဘေမောင်တင်အမည် ပါလေ့ မရှိပါ။ မကြားဘူးတဲ့အမည်တွေပါလေ့ရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ