ကြူကြူ သင်းသင်း
လေပြေညှင်းဝယ်
ပန်းခင်း ထုံရည် သာတော့သည်။ ။
ဖြူဖြူ ဝင်းဝင်း
ပန်းအဆင်းလည်း
ရှုယင်း လှရည် ဖြာတော့သည်။ ။
ချစ်ဖော် အများ၊ ပျော်စိတ်ထားနှင့်
ငါ့အားခေါ်ကာ၊ လှည့်လည်ပါလည်း
မာလာမွှေးထုံ၊ ပန်းလှခြုံမှ
တငုံ တဖူး၊ ငါမခူးသည်
ရည်စူးစရာ မဲ့သောကြောင့်။ ။ (နုယဉ်)
#ရှေးစာကဗျာများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment