Skip to main content

ဟင်္သာတ

တင်ထားတဲ့စာ = အမည်စသတ်ခံရမည့် အန္တရာယ်ရှိသော မြို့ ရွာ ရပ်ကွက်များ

ကွန်မင့်တခု = ဟင်္သာတ က ဘယ်လို စသတ် ထဲပါရတာလဲ ခင်ဗျာ။ ဟင်္သာတစ် လို့တော့ မဖြစ်နိုင်ပါဘူး။

ထောက်ပြတာ မှန်ပါသည်။ တ လို့ ရှာတော့ တွေသမျှကို ထည့်လိုက်မိတာ။ ပြန်ဖြုလိုက်ပါမည် ကျေးဇူး။

ဟင်္သာတ အမည်ကို မှန်အောင်မရေးတတ်သူတွေ များပါသည်။

1. DVB - ယနေ့ ဟသာင်္တမြို့ ...

2. DVB - ရေနစ်မြုပ်နေတဲ့ လယ်သမားတွေ

3. Mula Mingon » ဟသာင်္တမြို့နယ် ဆိတ်ကြီးအုပ်စု ဘောင်ချောင်ရိုးကျေးရွာတွင် အကြိမ် ၇၀ မြောက် တရားစခန်းပွဲ…2016

4. Network For Social Justice: တရားမမျှတသည့် ဟသာင်္တ တရားရုံး၊ လာဘ်စားသော  စည်ပင်ညွှန်မှုးတို့၏ လုပ်ရပ်အား တိုင်ကြားသည့် တရားလိုအား ဟသာင်္င်္တ ...

5. Stream Ko Min Maung | Listen to ဟသာင်္တ ထွန်းရင် ချက်ကြီး playlist online  for free on

6. Stream ထိနျ လငျး | Listen to ဟသာင်္တအောင်တင်ဝင်း playlist online for free on SoundCloud

7. Stream ဟသာင်္တခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးဝင်းမောင်နဲ့  မေးမြန်းချက် by RFA

8. ကံလှမ်းဉာဏ်လှမ်း နိဗ္ဗာန်ကွာ ဟသာင်္တမြို့ ၆ ၁၀ ၂၀၁၀ ည - YouTube

9. ဟင်သာတမြို့အကြောင်း

10. ဟသာင်္တ မုန့်ဟင်းခါး ချက်နည်း တွင် လျို့ဝှက်ချက် နှစ် ခုရှိတယ်

11. ဟသာင်္တ သားလေး.

12. ဟသာင်္တမြို့

13. ဟသာင်္တမြို့ - Home

14. ဟသာင်္တမြို့ ကမ်းနားလက်ပန်စုရွာမူလတန်းကျောင်းဆောင်သစ်ဆောက်လုပ်မှုအပေါ်ဆန္ဒပြ.

15. ဟသာင်္တမြို့ နွမ်းပါးချို့တဲ့သူအများစု မှီတင်းနေထိုုင်တဲ့ ဆင်ခြေဖုုံးရပ်ကွက်

16. ဟသာင်္တမြို့ မှာပြုလုပ်ခဲ့တဲ့ အဆိုတော် ဖြိုးမြတ်အောင်ရဲ့ ဘာသာရေးအလှူမြင်ကွင်း (ရုပ်သံအစီအစဉ်)

17. ဟသာင်္တမြို့နယ်နဲ့မြန်အောင်မြို့နယ်တွေမှာမဲစာရင်း

18. အချစ်ရူ့းရဲရွေနာတော်သွင်း ဆို..ဟသာင်္တ ထွန်းရင်.

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ