မြန်မာစာ မေးခွန်းတခု = မြန်မာပြည်မှာ ဆရာ၊ဆရာမတွေများလာပါတယ်။ ကိုယ်ပိုင်ကျောင်းတွေ မှိုလို ပေါက်လာပါတယ် ဆရာ။
မြန်မာစာ နဲ့ မြန်မာစာသင် ဆရာတွေဟာ နောက်တန်းရောက်နေရပါတယ်။ မြန်မာစာဟာ တန်းဆင်းသွားရတာ ဘာကြောင့်ပါလဲ ဆရာ။
(၁)
AI Overview
မြန်မာစာနှင့် မြန်မာစာဆရာများ နောက်တန်းရောက်လာရခြင်းနှင့် မြန်မာစာဘာသာရပ် တန်းဆင်းသွားရခြင်းမှာ ခေတ်စနစ်၊ အလုပ်အကိုန်အခွင့်အလမ်း နှင့် ပညာရေးမူဝါဒများကြောင့် အဓိက ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။
အကြောင်းရင်းများကို အောက်ပါအတိုင်း အဓိက ခွဲခြားသုံးသပ်နိုင်ပါသည်-
အလုပ်အကိုန် အခွင့်အလမ်း နည်းပါးခြင်း - ခေတ်သစ်တွင် အင်္ဂလိပ်စာနှင့် နည်းပညာ (IT) တတ်ကျွမ်းမှသာ နိုင်ငံတကာနှင့် ဆက်သွယ်ရေး၊ ကုမ္ပဏီကြီးများတွင် အလုပ်အကိုန်ရရှိရေး စသည်တို့အတွက် ပိုမိုလွယ်ကူသောကြောင့် မိဘအများစုက ၎င်းတို့အား အဓိကထား သင်ကြားပေးလာကြသည်။ (ဧရာဝတီ)
ပညာရေးစနစ်၏ အားနည်းချက် - စာမေးပွဲအောင်ရန် အလွတ်ကျက်မှတ်ရသော ပညာရေးစနစ်ကြောင့် မြန်မာစာသည် ကျောင်းသားများအတွက် စိတ်ဝင်စားစရာထက် ပျင်းစရာ ဘာသာရပ်တခုသဖွယ် ဖြစ်လာခဲ့သည်။
ဆရာများ၏ အခက်အခဲ - သင်ကြားရေးနည်းစနစ်အသစ်များ၊ နည်းပညာများကို လိုက်မီရန် အရင်းအမြစ်လိုအပ်ချက်များ ရှိနေခြင်း၊ နိုင်ငံ့စီးပွားရေး အကျပ်အတည်းများကြောင့် ဆရာ/ဆရာမများ၏ လူမှုဘဝဖူလုံမှု ကျဆင်းလာခြင်းတို့က အရည်အသွေးမြင့် ဆရာများ ရှားပါးလာစေရန် ရိုက်ခတ်မှုရှိသည်။
တန်ဖိုးထားမှု ပြောင်းလဲလာခြင်း - ဘာသာစကားတခု၏ အဓိကတန်ဖိုးမှာ ဆက်သွယ်ပြောဆို အသုံးချနိုင်မှုဖြစ်သော်လည်း၊ မြန်မာစာကို စာပေလေ့လာသူများအတွက်သာ ဦးတည်သင်ကြားနေဆဲဖြစ်ပြီး ခေတ်နှင့်အညီ လက်တွေ့အသုံးချနိုင်မှု အားနည်းနေခြင်းကြောင့် ဖြစ်သည်။ (ဧရာဝတီ)
(၂)
ကျွန်တော့်အမြင်
ကျွန်တော်က မြန်မာစာဆရာ မဟုတ်ပါ။ ၁၂ တန်းအထိသာ မြန်မာစာသင်ယူခဲ့ရပါတယ်။
ဒါပေမဲ့ မြန်မာစာအကြောင်းတင်ပြနေတာ ၁၅ နှစ်ကြာပြီ။
ကျန်းမာရေး မေးခွန်းရေးတာတွေ မှားနေလို့၊ ဖေ့စ်ဘွတ်မှာ တင်ကြတာတွေမှားနေလို့ ဖြေရာကနေ လေ့လာဖြစ်ပါတယ်။
စာပုဓ်ရေ ၁၀၀၀၀ (တသောင်း) လောက်ရှိပြီ။
ဘယ်လိုစာလုံးတွေ အမှားများသလဲ
ဘယ်လိုသတ်ပုံတွေ အမှားများသလဲ သိပါသည်။
စာကိုမှန်အောင်မရေးရခြင်းအကြောင်းရင်းတွေကိုလည်း သုတေသနသဘော လုပ်ထားပါသည်။
မြန်မာစာဂုဏ်ထူးရတဲ့သူတွေက တွေ ကို တေ၊ ဖြစ် ကို ဖစ် လို့ရေးနေကြတာ တွေ့ရသည်။
စာလုံးပေါင်းသတ်ပုံမှန်ထောက်ပြတာကို ရိုင်းရိုင်းစိုင်းစိုင်း ကွန်မင့်ရေးသူတွေ ရှိသည်။ ယဉ်ကျေးမှုပါ ပျင်ယွင်းလာပါသည်။
မြန်မာအဘိဓာန်စာရင်းကိုလည်း တင်ပြထားသည်။
သတ်ပုံတွေပြောင်းခြင်း ရုံးစာကိုလည်း တွေ့ပါသည်။ အမိန့်နဲ့ပြောင်းခြင်းဖြစ်ပါသည်။ အရင်ရေးတဲ့သတ်ပုံတွေ မှားနေလို့ပြင်တာ မဟုတ်ပါ။
၁၅ နှစ်အကြာမှာ စာကိုမှန်အောင်ရေးသားသူဦးရေ တိုးလာတာ သတိထားမိလာသည်။
ဒါပေမဲ့
အခြေအနေ အတော်ကို ဆိုးပါသည်။
ဘယ်လိုရေးရေးရတဲ့ ဆိုရှယ်မီဒီယာ။
မှားလေ လူကြိုက်များလေ ဆိုရှယ်မီဒီယာ။
အင်္ဂလိပ်လို၊ တရုပ်လို၊ ထိုင်းလို၊ ဂျပန်လို၊ ကိုရီးယားလို စာလုံးလေးတွေ ညှပ်ရေးသူတွေကို အထင်ကြီးသူမျိုး ရှိလာသည်။
ပေါ်လစီသတ်ပုံနဲ့ ရေးမှ၊ ထုတ်ဝေမှ ဝယ်ကြသည်။ စာပေဆု ရသည်။
မြန်မာစာတတ်သူကို အထင်မကြီး။ အထင်သေးကြသည်။
ထို့ကြောင့်
မြန်မာစာသည် ခံကကုတ်ကျင်းထဲမှာ ဝပ်နေရပါတော့သည်။
အသက်ရှိပါသေးသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment