Skip to main content

မြန်မာစာအုပ်သမိုင်းဦးနှင့် သမိုင်းအတွေ့အကြုံ

ဦးမြင့်ဆွေ

မြန်မာစာအုပ်များ၏သမိုင်းဦး

( ၁ )

မြန်မာ စာအုပ်များ၏ သမိုင်းဦးကို တူးဖော် ကြည့်လျှင် မြန်မာနိုင်ငံ၌ တွေ့ရမည် မဟုတ်ပေ၊ အီတလီနိုင်ငံ၌ သာ စတင် တွေ့ရှိရမည် ဖြစ်သည်။ ဤသည် ပင် မြန်မာစာအုပ်သမိုင်း၏ ထူးခြားချက် ဖြစ်သည်။

၁၆ - ရာစု အတွင်းက မြန်မာ နိုင်ငံသို့ ရောက်ရှိ လာသော ပေါ်တူဂီလူမျိုး ဖာသီရန်ဒီနင်တို့၏ မှတ်တမ်း အရ ပေါ်တူဂီတို့သည် ၁၆ -










ရာစုကပင် မြန်မာ နိုင်ငံသို့ ရောက်ရှိလာခဲ့ကြသူများ ဖြစ်သည် ဟု သိရှိရသည်၊ ၎င်းတို့သည် ရိုမန်ကက်သလစ် ခေါ် ရောမ ခရစ်ယာန်ဂိုဏ်းဝင်များ ဖြစ်ကြသည့် အတိုင်း ၎င်းတို့နှင့်အတူ နယ်ချဲ့စံနစ် နှင့် ခရစ်ယာန် သာသနာပြု လုပ်ငန်းများ သည်လည်း ကပ်၍ ပါလာခဲ့သည်။

ထိုအချိန်မှာ အောက်မြန်မာနိုင်ငံ၌ တောင်ငူ မင်းဆက်များ ဩဇာ လွှမ်းမိုး နေချိန် ဖြစ်သည်။ တောင်ငူ မင်းဆက်များ၏ တန်ခိုးအာဏာသည် ထိုစဉ်က အောက်မြန်မာနိုင်ငံမှ ယိုးဒယား ပင်လယ်ကွေ့ အထိ လွှမ်းမိုးနေခဲ့သော်လည်း အိန္ဒိယ သမုဒ္ဒရာ ကိုကား မလွှမ်းမိုးနိုင်ခဲ့ပေ။

No. 1 မင်္ဂလာ

၂   မြန်မာစာအုပ်သမိုင်းဦးနှင့် သမိုင်းအတွေ့အကြုံ

သို့သော် ထိုအချိန်က ပေါ်တူဂီတို့သည် အိန္ဒိယ သမုဒ္ဒရာ ကို မင်းမူနေနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့်လည်း အိန္ဒိယ သမုဒ္ဒရာ ကို မင်းမူနိုင်ခဲ့သော ပေါ်တူဂီတို့သည် မြန်မာ့ ပင်လယ်ဆိပ်ကမ်း မြို့ဖြစ်သော သံလျင်မြို့ကို ခြေကုပ်ယူကာ မြန်မာ့အချုပ်အချာ အာဏာကို ထိပါးလာခဲ့ကြသည်။ အနောက်ဖက်လွန် မင်းတရား ၏ လက်မြန် ခြေမြန် တိုက်ထုတ်လိုက်မှုကြောင့် သာ ပေါ်တူဂီ နယ်ချဲ့ စံနစ်သည် မြန်မာနိုင်ငံ၌ ၁၃ - နှစ် သာ သက်တမ်းရှည် ခွင့် ရပြီး အမြစ်ပြတ်ခဲ့ရခြင်း ဖြစ်သည်။

ပေါ်တူဂီ နယ်ချဲ့စံနစ် အမြစ်ပြတ်သွားသော်လည်း ၎င်းတို့၏ ခရစ်ယာန် သာသနာပြုလုပ်ငန်းကား ကျန်ရစ်ခဲ့ပေသည်။ မြန်မာ နိုင်ငံ၌ ခရစ်ယာန် သာသနာကို ပြုလျှင် စာအုပ် စာတမ်းများ ဖြင့် ပြုမှ သာလျှင် ကြီးပွားသလောက် ခရီးရောက်နိုင်မည် ဖြစ် သည်။ သို့သော် ခက်နေသည်မှာ စာအုပ် စာတမ်း ရိုက်နှိပ်ရန် အတွက် ထိုအချိန်က မြန်မာနိုင်ငံ၌ မြန်မာ ခဲစာလုံးလည်း မရှိ သေး- စာပုံနှိပ်စက်လည်း မရှိသေးခြင်း ပင် ဖြစ်သည်။

ထို့ကြောင့် ၁၈ - ရာစု ခါးလယ်လောက်က မြန်မာ နိုင်ငံသို့ ရောက်ရှိနေကြသော ခရစ်ယာန် သာသနာပြု ဘုန်းကြီးများ သည် မြန်မာ ခဲစာလုံးများ ဖြစ်ပေါ်လာရေး အတွက် နည်း လမ်း ရှာခဲ့ကြသည်။ အထူးသဖြင့် အလောင်းဘုရား လက်ထက် ခရစ်နှစ် ၁၇၄၀ - ခုနှစ် ခန့်က သံလျင်မြို့သို့ ရောက်ရှိလာသော ခရစ်ယာန်ဘုန်းကြီး မက်ကောကာပနိးသည် မြန်မာ နိုင်ငံတွင် မြန်မာစာပေကို လေ့လာပြီးနောက် အီတလီနိုင်ငံ ရောမမြို့သို့

မြန်မာစာအုပ်သမိုင်းဦးနှင့် သမိုင်းအတွေ့အကြုံ   ၃

ပြန်ကာ မြန်မာ အက္ခရာ ခဲစာလုံးများကို တီထွင် စမ်းသပ် လုပ် ကိုင်သည်။ အောင်မြင်သင့်သလောက်လည်း အောင်မြင်မှု ရှိသည်။

ယင်းမြန်မာ အက္ခရာ စာလုံးများနှင့် တကွ စာပုံနှိပ်စက်ကိုပါ အီတလီနိုင်ငံ ရောမမြို့မှ မြန်မာနိုင်ငံ သံလျင်မြို့ရှိ ခရစ်ယာန် သာသနာပြု ဘုန်းကြီးများထံသို့ တင်ပို့ ပေးခဲ့သည်။ သို့သော် ယင်း မြန်မာအက္ခရာ ခဲစာလုံးများ ရောက်ရှိ လာပြီးနောက် နိုင်ငံ ရေး လှုပ်ရှားမှုများ၊ တိုင်းပြည် မငြိမ်မသက်မှုများ ပြင်းထန်လာ ရုံတင် မကတော့ဘဲ သံလျင်မြို့ကိုပါ မီးသင့်လောင်ရာ အဆိုပါ ပုံနှိပ်စက် နှင့် ခဲစာလုံးများမှာ မီးထဲ၌ပါကာ ပျက်စီး ဆုံးပါးခဲ့ ရသည်။

သို့သော် အီတလီနိုင်ငံ ရောမမြို့ရှိ ခရစ်ယာန် သာသနာပြု ပုံနှိပ်စက်၌ကား အောက်ပါ စာအုပ်များကို ယင်း မြန်မာအက္ခရာ ခဲစာလုံးများဖြင့် အောင်မြင်စွာ ရိုက်နှိပ် ထုတ်ဝေခဲ့သည်။

‘မြန်မာသင်ပုန်းကြီး’။ ။ ၇ ဒသမ ၂ x ၅ ဒသမ ၃ လက်မ အရွယ် နှင့် စာမျက်နှာ - ၇၀ ရှိသည်။ ၁၇၇၆ - ခုနှစ်၌ ပုံနှိပ်ထုတ် ဝေသည်။

‘ခရစ်တော်ဝင်ချုပ်’။  ။ အရွယ် ဂ - လက်မနှင့် စာမျက်နှာ ၄၂ - ရှိ၍ ရေးသူမှာ ခရစ်ယာန် ဘုန်းကြီး ပါကိုးတိုး ဖြစ်သည်။ ၁၇၇၆ - ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေသည်။

‘အမျိုးတကာ ရှိလေရာ ဘုရားရှင် ဘာသာ တရားတော် အလျောက် အကျင့် ဝါဒကို ပြသည့်စာ’။  ။ အရွယ် ဂ - လက်မနှင့် ၁၁၄ - မျက်နှာ ရှိ၍ ရေးသူမှာ ဘုန်းကြီး

၄   မြန်မာစာအုပ်သမိုင်းဦးနှင့် သမိုင်းအတွေ့အကြုံ

ပါကိုးတိုး ပင် ဖြစ်သည်၊ ၁၇၈၅ - ခုနှစ်တွင် ပုံနှိပ် ထုတ် ဝေသည်။

‘ဘုရားသခင် ပညတ်တော်တို့ အနက် အဓိပ္ပါယ်’။  ။ ဂ - လက်မ အရွယ်နှင့် ၇၆ - မျက်နှာ ရှိသည်။ ၁၇၈၆ - ခု နှစ်တွင် ပုံနှိပ် ထုတ်ဝေသည်။

‘မြန်မာ သင်ပုန်းကြီး - ဒုတိယ နှိပ်ခြင်း’။  ။ ၁၇၇၆ - ခု နှစ်က ပုံနှိပ်ထုတ်ဝေခဲ့သော စာအုပ်ကို ဘုန်းကြီး မန္တေ ဂတ်ဇားက ပြုပြင် တည်းဖြတ်၍ ပြန်လည် ရိုက်နှိပ်ခြင်း ဖြစ်သည်၊ သို့သော် အရွယ်မှာ ဂ - လက်မ ဖြစ်၍ စာမျက်နှာ ဂ၀ - အထိ ဖြစ်လာသည်။

အထက်ပါ စာအုပ်များတွင် ‘မြန်မာ သင်ပုန်းကြီး’ နှင့် ‘ခရစ်တော်ဝင်ချုပ်’ တို့ ပုံနှိပ်ထုတ်ဝေချိန်မှာ မြန်မာနိုင်ငံ စဉ့်ကူးမင်း နန်းတက်သောနှစ် ဖြစ်၍ ကျန်စာအုပ်များ ပုံနှိပ် ထုတ်ဝေချိန်မှာ ဘိုးတော်ဘုရား လက်ထက်၌ ဖြစ်သည်၊ ‘မြန်မာ သင်ပုန်းကြီး’ စာအုပ်ကိုလည်း မြန်မာအက္ခရာနှင့် ပုံနှိပ်သော စာအုပ်များအနက် ပဌမဆုံး စာအုပ် အဖြစ် အသိအမှတ် ပြုထား ကြသည်။

+  +  +

( ၂ )

မြန်မာနိုင်ငံ၌ မြန်မာ အက္ခရာနှင့် စာအုပ်များ ပုံနှိပ်ထုတ်ဝေ ခြင်း မရှိသေးမီ အိန္ဒိယနိုင်ငံ ဆရမ်ပူရ်မြို့ ခရစ်ယာန် သာသနာပြု

မြန်မာစာအုပ်သမိုင်းဦးနှင့် သမိုင်းအတွေ့အကြုံ   ၅

ပုံနှိပ်တိုက်ကလည်း မြန်မာ အက္ခရာနှင့် အောက်ပါ စာအုပ်များ ကို ပုံနှိပ် ထုတ်ဝေခဲ့ပေးသေးသည်။

‘မြန်မာ၊ ယိုးဒယား၊ မာလာယု၊ အင်္ဂလိပ် လေးဘာသာ စကားပြော လက်စွဲ’။  ။ ၁၈၁၀ - ခုနှစ်တွင် ပုံနှိပ် သောစာအုပ် ဖြစ်၍ ထိုအချိန်မှာ မြန်မာနိုင်ငံ၌ ဘိုးတော် ဘုရား လက်ထက် ဖြစ်သည်။

‘အင်္ဂလိပ် မြန်မာ စကားလုံး အဘိဓာန်’။  ။ ရေးသူမှာ မော်လမြိုင်မြို့ အစိုးရ ကျောင်းအုပ် ဆရာဟောက်¹ ဖြစ်၍ စာမျက်နှာ ၄၂၄ - ရှိသည်။ ၁၈၅၂ - ခုနှစ်က ပုံနှိပ်ခြင်း ဖြစ်ရာ ထိုအချိန်မှာ မြန်မာနိုင်ငံ၌ ပုဂံမင်းတော် ဘုရား နန်းတက်နေပြီ ဖြစ်သည်။

ဆရမ်ပုရ်မြို့မှာ ဥရောပမှ ခရစ်ယာန် သာသနာပြု ဆရာများ ၏ သာသနာပြုရေး အတွက် ခြေကုပ် ယူထားသောမြို့ ဖြစ် သည်။ ထို့ကြောင့် ဆရမ်ပုရ်မြို့ရှိ ခရစ်ယာန် သာသနာပြု ပုံနှိပ် တိုက်မှ ဘင်္ဂါလီ၊ နာဂရီအက္ခရာ၊ အူရဒူအက္ခရာ၊ မြန်မာ အက္ခရာ စသော ခဲစာလုံးများကို တီထွင်ခဲ့ကြရုံ မက သာသနာပြုရေး အတွက် မြန်မာနိုင်ငံသို့ ပင် စာပုံနှိပ်စက် နှင့် မြန်မာအက္ခရာ ခဲ စာလုံးများကို လက်ဆောင် ပေးခဲ့ကြသေးသည်။

ထို့ပြင် မြန်မာနိုင်ငံမှ ရေးသားသည့် စာအုပ်များကို ပင်

၁ Hough

၆   မြန်မာစာအုပ်သမိုင်းဦးနှင့် သမိုင်းအတွေ့အကြုံ

ဆရမ်ပုရ်မြို့ရှိ ပုံနှိပ်စက်မှ ရိုက်နှိပ်ထုတ်ဝေ ဖြန့်ချိ ပေးခဲ့ကြောင်း ကို အထက်ပါ စာရင်း၌ တွေ့ရှိနိုင်ကြပေသည်။

+  +  +

( ၃ )

မြန်မာနိုင်ငံ၌ မြန်မာ အက္ခရာ စာလုံးဖြင့် စာအုပ်များကို ဘိုးတော်ဘုရား လက်ထက်ကျမှ စတင် ရိုက်နှိပ် ထုတ်ဝေခဲ့ ကြောင်း သိရှိရသည်။

အမေရိကန် နှစ်ခြင်း သာသနာပြုဆရာ ဒေါက်တာ ယုဒသန် သည် ဘိုးတော်ဘုရား လက်ထက် ၁၈၁၃ - ခုနှစ် ဂျူလိုင်လ ၁၃ - ရက်နေ့တွင် မြန်မာ နိုင်ငံသို့ ရောက်ရှိလာသည်။ ဆရာ ယုဒသန် ရောက်ရှိပြီးနောက် ၃ - နှစ် အကြာ ၁၈၁၆ - ခုနှစ် တွင် အိန္ဒိယနိုင်ငံ ဆရမ်ပုရ်မြို့ရှိ ခရစ်ယာန် သာသနာပြု ဆရာ များက စာပုံနှိပ်စက် တလုံး နှင့် မြန်မာအက္ခရာ ခဲစာလုံးများကို ဆရာယုဒသန်အား လက်ဆောင်အဖြစ် ပေးပို့ လိုက်သည်။

ဆရာ ယုဒသန်၏ မှတ်တမ်း အရ ထိုအချိန်က ဆရာ ယုဒသန်သည် ခရစ်ယာန် ကျမ်းစာ အချို့ကို မြန်မာလိုလည်း ရေးသားပြီးနေပြီ - စာပုံနှိပ်စက်လည်း ရှိနေပြီ ဖြစ်သော်လည်း စက်တင်ပုံနှိပ်ခြင်းကား မပြုနိုင်သေးပေ၊ ပုံနှိပ်စက်ဆရာလည်း ဖြစ်- သာသနာပြု ဆရာလည်း ဖြစ်သော ဂျော့ဟောက်တို့ ဇနီးမောင်နှံ မှာ အမေရိကမှ ထွက်ခွာလာနေပြီ ဖြစ်သော် လည်း မြန်မာနိုင်ငံသို့ မရောက်သေးဘဲ လမ်းခရီး၌ ပင် ရှိနေ

မြန်မာစာအုပ်သမိုင်းဦးနှင့် သမိုင်းအတွေ့အကြုံ   ၇

သေးသဖြင့် လက်ဆောင် အဖြစ် ရရှိသော စက်များကို မဆင်ရ သေးသောကြောင့် ဟု ဆိုသည်၊ ၁၈၁၆ - ခုနှစ် အောက်တိုဘာ လ ၁၅ - ရက်နေ့ ဆရာဟောက်တို့ ဇနီးမောင်နှံ ရန်ကုန်မြို့သို့ ရောက်လာသော အခါကျမှ သာ စာပုံနှိပ်စက်ကို ဆင်၍ အောက်ပါ စာအုပ်များကို ရိုက်နှိပ် ထုတ်ဝေနိုင်ခဲ့သည်ဟု ဆို သည်။

ခရစ်တော်ရာဇဝင် အတ္ထုပ္ပတ္တိ၊ ပညာနည်းဥပဒေ၊ ကျင့်စဉ် တရားသုံးစောင်တွဲ။  ။ ဆရာယုဒသန် ရေး၍ အုပ်ရေ ၁၀၀၀ ရိုက်နှိပ်သည်။

‘ဓမ္မ အမေး အဖြေစာ’။  ။ မစ္စစ်ယုဒသန် ရေး၍ အုပ်ရေ ၄၀၀၀ ရိုက်နှိပ်သည်။

အထက်ပါ စာအုပ်များကို ၁၈၁၆ - ခုနှစ်က ရန်ကုန်မြို့၌ ပုံနှိပ် ထုတ်ဝေခြင်း ဖြစ်ရာ မြန်မာ နိုင်ငံတွင် မြန်မာ အက္ခရာခဲ စာလုံးနှင့် ရိုက်နှိပ်သော စာအုပ်များအနက် ပဌမဆုံး စာအုပ် များ ဟု ဆိုရပေမည်။

ဆရာဟောက်ကား နောင် မော်လမြိုင်တွင် အစိုးရ ကျောင်းအုပ် ကြီး ဖြစ်လာ၍ သူရေးသော ‘အင်္ဂလိပ် မြန်မာ စကားလုံး အဘိဓာန်’ စာအုပ်ကို ဆရမ်ပုရ်မြို့မှ ရိုက်နှိပ် ထုတ်ဝေခဲ့ကြောင်း အထက်နားက ဖော်ပြခဲ့ပြီး ဖြစ်သည်။

ဘိုးတော်ဘုရား၏ လက်ထက် ၁၈၁၈ - ခုနှစ်၌ကား မြန်မာ မင်း နှင့် အင်္ဂလိပ်မင်းတို့ စစ်ဖြစ်ကြတော့မည် ဟူသော ကြောင့်

ဂ   မြန်မာစာအုပ်သမိုင်းဦးနှင့် သမိုင်းအတွေ့အကြုံ

ဟူသော သတင်းကြောင့် လူအများပင် ထိတ်လန့်တကြား ဖြစ်ကြ ရာ နိုင်ငံခြားသားများ အနေနှင့် ပိုမို ကြောက်ရွံ့ သွားကြ သည်။ ထို့ကြောင့် အင်္ဂလိပ် ကုန်သင်္ဘောများသည်လည်း တစင်းပြီး တစင်း ရန်ကုန်ဆိပ်ကမ်းမှ ကျောက်နုတ်ပြီး ဆုတ်ခွာ ပြန်သွား ကုန်ကြသည်။ ဤတွင် စာပုံနှိပ်စက်ဆရာ ဂျော့ဟောက်တို့ ဇနီး မောင်နှံမှာလည်း ကြုံရာ သင်္ဘောနှင့် စာပုံနှိပ်စက်ကို ကာလ ကတ္တားသို့ ယူဆောင်သွားခဲ့ကြပြီး ကာလကတ္တား၌ ပင် စာအုပ် စာတမ်းများကို ရိုက်နှိပ်ခဲ့သည် ဟု ဆရာယုဒသန်က သူ၏ မှတ် တမ်း၌ ဖော်ပြထားသည်။

+  +  +

( ၄ )

ဘကြီးတော်ဘုရား၏ လက်ထက်၌ကား မြန်မာ အက္ခရာ နှင့် ပုံနှိပ်သည့် စာအုပ်များသည် မြန်မာနိုင်ငံ၌ အတော် အောင် မြင်စွာ ရိုက်နှိပ် ထုတ်ဝေလာနိုင်ပြီ ဖြစ်သည်။ အောက်ပါ စာအုပ်များမှာ ထိုအချိန်က ရိုက်နှိပ် ထုတ်ဝေခဲ့သော စာအုပ် များ ဖြစ်သည်။

‘တမန်တော်ဝတ္ထု’။  ။ ဆရာယုဒသန် မြန်မာပြန်သော စာအုပ် ဖြစ်သည်။ ၁၈၂၂ - ခုနှစ်တွင် ရန်ကုန်မြို့၌ ရိုက်နှိပ်၍ အပိုင်း နှစ်ပိုင်း ခွဲထားသည်။

‘ဓမ္မသစ်ကျမ်း’။  ။ ဆရာယုဒသန် ပင် မြန်မာပြန်၍ စာ မျက်နှာ - ၆၁၉ ရှိသည်။ ရန်ကုန်မြို့တွင် ၁၈၃၂ - ခုနှစ်၌ ရိုက်နှိပ်သည်။

မြန်မာစာအုပ်သမိုင်းဦးနှင့် သမိုင်းအတွေ့အကြုံ   ၉

‘ဓမ္မသစ်ကျမ်း - ဒုတိယ နှိပ်ခြင်း’။  ။ ဆရာယုဒသန် ကိုယ်တိုင် ထပ်မံ ပြင်ဆင် ပုံနှိပ်ခြင်း ဖြစ်၍ စာမျက်နှာ - ၆၅၂ အထိ တိုးလာသည်။ မော်လမြိုင်မြို့တွင် ၁၈၃၇ - ခုနှစ် ၌ ရိုက်နှိပ်သည်။

ဆရမ်ပုရ်မှ လက်ဆောင် ပေးလိုက်သော မြန်မာ ခဲစာလုံး များမှာ ယခုခေတ်တွင် အသုံးပြုနေသော စာလုံးပုံ ကဲ့သို့ ဝိုင်း ဝိုင်းစက်စက် မဟုတ်ပေ၊ လက်ရေးဆန်ဆန် စာလုံးများ သာ ဖြစ် သည်။ ယင်းလက်ရေး ဆန်ဆန် ခဲစာလုံးများကို ၁၈ - နှစ်တိုင် တိုင် အသုံးပြုခဲ့ပြီးနောက် ၁၈၃၄ - ခုနှစ်ကျမှ ယခု တွေ့မြင်နေ ကြရသော စာလုံးဝိုင်းများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယင်း စာလုံးဝိုင်းများကို စတင် တီထွင်သူမှာ ခရစ်ယာန် သာသနာပြု ဆရာ အာသာ ဟန္နေးကောက် ဖြစ်သည်။ သူသည် ၁၈၃၄ - ခုနှစ်တွင် အမေရိကသို့ ပြန်ကာ မြန်မာ စာလုံးဝိုင်း ပုံသစ် ( မိုသစ် ) ခဲစာလုံးများကို သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ ကြောင့် အထက်ဖော်ပြပါ စာအုပ်များအနက် ၁၈၃၄ - ခုနှစ် မတိုင်မီက ရိုက်နှိပ်သော မြန်မာစာအုပ်များမှာ ယခုခေတ်ကဲ့သို့ စာလုံးဝိုင်းများ မဟုတ်ကြောင်း သိရှိရပေသည်။

ထိုအချိန်က အများဆုံး ရိုက်နှိပ်သော စာအုပ်များမှာ ခရစ် ယာန် သာသနာပြု စာအုပ်များ ဖြစ်သည်။ သို့သော် အခြား အထွေထွေ ဗဟုသုတဆိုင်ရာ စာအုပ်များနှင့် ကျောင်းသုံး စာ အုပ်များလည်း ရိုက်နှိပ် ထုတ်ဝေခဲ့သေးသည် ဟု ဆိုသည်။

၁၀   မြန်မာစာအုပ်သမိုင်းဦးနှင့် သမိုင်းအတွေ့အကြုံ

ဘကြီးတော်ဘုရား၏ လက်ထက် ၁၈၂၄ - ၂၆ - ခုနှစ်၌ မြန်မာနှင့် အင်္ဂလိပ်တို့ ပဌမအကြိမ် စစ်မက် ဖြစ်ပွားခဲ့ရာ ထို စစ်ကြောင့် မြန်မာ့ပုံနှိပ် လုပ်ငန်း သည်လည်း ရန်ကုန်မြို့မှ ကျိုက္ခမီ၊ မော်လမြိုင်တို့သို့ ပျံ့နှံ့ သွားခဲ့သည် ဟု ဆိုရပေမည်။ အဘယ်ကြောင့် ဆိုသော် ထိုစစ်ကြောင့် ဆရာယုဒသန်သည် ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသော အမေရိကန် သာသနာပြု ပုံနှိပ် တိုက်ကို ကျိုက္ခမီမြို့သို့ ထိုမှတဆင့် မော်လမြိုင်မြို့သို့ အဆင့်ဆင့် ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ရသောကြောင့် ဖြစ်သည်။

ကျိုက္ခမီ၌ ဆရာယုဒသန်တို့ စာပုံနှိပ်စက် မဖွင့်မီက ကျိုက္ခမီ မှာ မြို့အဖြစ်သို့ မရောက်သေးပေ၊ ထိုအချိန်က တနင်္သာရီ တိုင်း မင်းကြီး ဖြစ်သူ မစ္စတာ ကရောဖုဒ် နှင့် ဆရာယုဒသန်တို့ ကိုယ် တိုင် သံလွင်မြစ် စီးဆင်းရာ ပင်လယ်စပ် အငူစွန်းဌာန မြေနေရာ ကို ရွေးချယ်ကာ မြို့သစ် အဖြစ် ကျိုက္ခမီမြို့ကို တည်ထောင်ခဲ့ ခြင်း ဖြစ်သည်။ မြို့၏ အမည်ကိုလည်း ထိုအချိန်က အိန္ဒိယ ဘုရင်ခံချုပ် ဖြစ်သူ အမ်း(မ်)ဟတ်စ်ကို ဂုဏ်ပြုသော အားဖြင့် ‘အမ်း(မ်)ဟတ်စ်’ ဟု အမည်ပေးခဲ့ကြသည်။ သို့သော် ပြည်သူ လူထုကမူ ကျိုက္ခမီဟု ပင် ခေါ်ဝေါ် ခဲ့ကြသည်။

ကျိုက္ခမီမြို့ကို စတင် တည်ထောင်သော ပဌမနှစ်က အိမ် ခြေပေါင်းမှာ နှစ်ရာ သုံးဆယ် သာ ရှိ၍ လူဦးရေပေါင်းမှာ လည်း တထောင်နှစ်ရာခန့် သာ ရှိသည် ဟု ဆရာယုဒသန်က သူ၏ မှတ်တမ်း၌ ဖော်ပြထားသည်။   ။

‘မြန်မာစာအုပ်သမိုင်းဦးနှင့် သမိုင်းအတွေ့အကြုံ’ (ဦးမြင့်ဆွေ၊ ၈-၉-၁၉၇၁) အနှစ်ချုပ် မှတ်တမ်း

မြန်မာစာအုပ်သမိုင်းဦး၏ ထူးခြားချက်

မြန်မာစာအုပ်သမိုင်း၏ အစဦး တူးဖော်မှုသည် မြန်မာနိုင်ငံ၌ မဟုတ်ဘဲ အီတလီနိုင်ငံ၊ ရောမမြို့၌ သာ စတင်တွေ့ရှိရခြင်း ဖြစ်သည်။

ပေါ်တူဂီခေတ်နှင့် သာသနာပြုလုပ်ငန်းများ

၁၆-ရာစုအတွင်း ပေါ်တူဂီတို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး၊ ရိုမန်ကက်သလစ် သာသနာပြုလုပ်ငန်းများ ပါလာခဲ့သည်။ ထိုစဉ်က အောက်မြန်မာနိုင်ငံတွင် တောင်ငူမင်းဆက်များ ဩဇာလွှမ်းမိုးခဲ့သည်။ နောက်ပိုင်းတွင် အနောက်ဖက်လွန်မင်းတရားက ပေါ်တူဂီတို့ကို တိုက်ထုတ်ခဲ့သော်လည်း ၎င်းတို့၏ သာသနာပြုလုပ်ငန်းများ ကျန်ရစ်ခဲ့သည်။

မြန်မာခဲစာလုံး တီထွင်မှုနှင့် ပထမဆုံး ပုံနှိပ်စာအုပ်များ

၁၈-ရာစုခါးလယ် (အလောင်းဘုရားလက်ထက်၊ ၁၇၄၀ ခန့်) တွင် သံလျင်သို့ ရောက်လာသော ခရစ်ယာန်ဘုန်းကြီး မက်ကောကာပနိးသည် မြန်မာစာပေကို လေ့လာပြီးနောက် ရောမမြို့၌ မြန်မာအက္ခရာ ခဲစာလုံးများကို တီထွင်စမ်းသပ်ခဲ့သည်။ ထိုခဲစာလုံးများဖြင့် ရောမမြို့တွင် ရိုက်နှိပ်၍ ၁၇၇၆ ခုနှစ် (စဉ့်ကူးမင်းနန်းတက်နှစ်) တွင် ‘မြန်မာသင်ပုန်းကြီး’ (ပထမဆုံး ပုံနှိပ်စာအုပ်) နှင့် ‘ခရစ်တော်ဝင်ချုပ်’ စာအုပ်များကို အောင်မြင်စွာ ထုတ်ဝေခဲ့သည်။

ဆရမ်ပုရ်မြို့ ပုံနှိပ်တိုက်နှင့် စာလုံးဝိုင်းပုံသစ် ပေါ်ပေါက်လာပုံ

အိန္ဒိယနိုင်ငံ ဆရမ်ပုရ်မြို့ သာသနာပြုပုံနှိပ်တိုက်မှလည်း မြန်မာခဲစာလုံးများကို တီထွင်ကာ စာအုပ်များ ရိုက်နှိပ်ခဲ့သည်။ ထိုစဉ်က ခဲစာလုံးများမှာ ယခုခေတ်ကဲ့သို့ ဝိုင်းဝိုင်းစက်စက်မဟုတ်ဘဲ လက်ရေးဆန်ဆန် ဖြစ်သည်။ ၁၈၃၄ ခုနှစ်တွင် သာသနာပြုဆရာ အာသာ ဟန္နေးကောက်က အမေရိက၌ ‘မြန်မာစာလုံးဝိုင်းပုံသစ် (မိုသစ်)’ ကို စတင်သွန်းလုပ် တီထွင်ခဲ့သဖြင့် ယခုခေတ်မြင်ရသော စာလုံးဝိုင်းများ ပေါ်ပေါက်လာခဲ့သည်။

ဆရာယုဒသန်နှင့် ရန်ကုန်ပုံနှိပ်လုပ်ငန်း

ဒေါက်တာယုဒသန်သည် ဘိုးတော်ဘုရားလက်ထက် (၁၈၁၃) တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး၊ ၁၈၁၆ ခုနှစ်တွင် ဆရမ်ပုရ်မှ လက်ဆောင်ပေးပို့သော ပုံနှိပ်စက်နှင့် ခဲစာလုံးများဖြင့် ရန်ကုန်မြို့၌ ‘ခရစ်တော်ရာဇဝင် စာစောင်တွဲ’ နှင့် ‘ဓမ္မအမေးအဖြေစာ’ တို့ကို ပထမဆုံး ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

ကျိုက္ခမီ (အမ်းဟတ်စ်) နှင့် မော်လမြိုင်သို့ ပုံနှိပ်လုပ်ငန်း ပျံ့နှံ့ခြင်း

၁၈၂၄-၂၆ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲကြောင့် ရန်ကုန်ရှိ သာသနာပြုပုံနှိပ်တိုက်ကို ကျိုက္ခမီမြို့သို့ လည်းကောင်း၊ ထိုမှတဆင့် မော်လမြိုင်မြို့သို့ လည်းကောင်း အဆင့်ဆင့် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရရာမှ မြန်မာ့ပုံနှိပ်လုပ်ငန်း တနင်္သာရီတိုင်းသို့ ပျံ့နှံ့သွားခဲ့ရသည်။ ကျိုက္ခမီမြို့သစ်ကို ထိုစဉ်က တနင်္သာရီတိုင်းမင်းကြီး မစ္စတာကရောဖုဒ်နှင့် ဆရာယုဒသန်တို့ ကိုယ်တိုင် မြေနေရာရွေးချယ် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ