အကို၊ ဦးလေး၊ ဦးကြီး၊ အဘ၊ ဘကြီး၊ အဖိုး စတဲ့ ဆွေမျိုးစပ်ခေါ်တာတွေက ဆရာဝန်အတွက် အတော်အဆင်မပြေကြောင်း အကြိမ်ပေါင်း ၃၀-၄၀ တင်ပြထားပါသည်။
ကျွန်တော့မှာ အမျိုးတွေ အလွန်များပါသည်။
အကို ခေါ်သူ မရှိ။
ဦးလေး ခေါ်သူ မရှိ။
ဦးကြီး ခေါ်သူ မရှိ။
အဘ ခေါ်သူ မရှိ။
ဘလေး ခေါ်သူ မရှိ။
ဘကြီး ခေါ်သူ မရှိ။
ဘယ်လိုခေါ်ရင် ဘယ်သူ့သားသမီးလို့ တန်းသိပါသည်။
အမျိုးစပ်ခေါ်ခြင်းဟာ ယဉ်ကျေးမှုလို့လည်း လာမပြောပါနဲ့။
သူ့နေရာနဲ့သူ၊ သူ့အရွယ်နဲ့သူ အသုံးတည့်မှန်မှသာ ယဉ်ကျေးသည်။
အဘ ကပ်ရောဂါအကြောင်းကိုလည်း အခါ ၃၀-၄၀ ရေးထားပြီးပြီ။
မြန်မာစာမှာ နာမ်စားတွေ အများကြီးရှိပါသည်။
ဆရာဝန်တဦးကို ဆရာ၊ အမျိုးသမီးဆရာဝန်တဦးကို ဒေါက်တာ အသုံး အမှန်ဆုံးဖြစ်ပါသည်။
အပြောအဆို ချိုတိုင်း စိတ်ရင်းချိုသူလို့ ပြောရ ခက်ပါသည်။
တခါက ကွန်မင့်တခုကို သတ်ပုံပြင်ပေးတော့ မှန်အောင်ပြင်ပေးတာမကြိုက်လို့ သူက ဆဲသည်။
သူ့ကို ဘလော့ မလုပ်ခင် အကောင့်ပုံကိုကြည့်တော့ ဘုရားပုံနဲ့။
ကွန်မင့်မှာ သာဓု လို့ရေးတိုင်းလည်း အဟုတ်မမှတ်နဲ့။
အပြောချိုတိုင်း
ကုန်ပစ္စည်း ရောင်းကောင်းတိုင်း
စာအုပ် ရောင်းကောင်းတိုင်း
ကျောင်းစာအုပ်ထဲမှာပါတိုင်း
AI က ဖြေတိုင်း
Wikipedia မှာ တင်ထားတိုင်း
ဝစ်ရှင်နရီ မှာ တင်ထားတိုင်း
လူပြောများတိုင်း
နောက်လိုက်နောက်ပါများတိုင်း
ရုပ်ပုံတွေလှတိုင်း မဟုတ် မမှတ်ပါနဲ့။
အတွင်းစိတ်ထား၊ တတ်သိပညာ မှန်ကန်မှသာ လေးစား အားထားထိုက်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment