Skip to main content

It's up to you.” လူကြီးမင်း သဘောပါဘဲ

မနေ့ညက မအိပ်ခင်မှာ မြန်မာစာ စကားထက် နိုင်ငံခြားဘာသာကိုပိုပြီးအလေးထားသူတယောက်ရေးတာကို ပြန်တဲ့စာတပုဒ် ထင်ခဲ့ပါတယ်။

ထပ်ဖြည့်ပါဦးမယ်။

(၁)

အမေရိကမှာ နှစ်ပေါင်းများစွာအနေကြာတဲ့ မြန်မာလူမျိုးမိသားတစုရှိတယ်။ သူတို့ကလေးတွေကို မြန်မာစာလေးတွေတတ်အောင် အိမ်မှာသင်ပေးကြတယ်။ ကလေးတွေ မြန်မာလို တလုံးစ နှစ်လုံးစ ပြောတတ်တာကိုလည်း ဂုဏ်ယူကြတယ်။

တရက်တော့ မိဘတွေရဲ့မိတ်ဆွေတယောက်က ဖုန်းဆက်တာ့ ကလေးက ဖုန်းကိုင်တယ်။

“မင့်အမေ အဖေတို့ ရှိကြလား”

“ရက်စ်”

“နှစ်ကောင်လုံး ထမင်းစားနေကြတယ်”

ဒီကလေးကို မှန်အောင်ပြင်ပေးလိုက်ရင် မှန်သွားပါလိမ့်မယ်။ သူ့မိဘတွေက မြန်မာစကားကို အလေးထားကြတာကိုး။

(၂)

ကျွန်တော်လည်း ဒီနိုင်ငံကိုရောက်စက ၆ နှစ်ကြာ သက်ကြီးအထက်တန်းကျောင်းတကျောင်းမှာ  မြန်မာဘာသာပြန်ဆရာ လုပ်တယ်။ မြန်မာပြည်ကနေရောက်နေကြတဲ့ ကျောင်းသားတွေ များတယ်။ ကျွန်တော်သာ ၂ ဘာသာ မတတ်ရင် ဒီအလုပ်လုပ်နိုင်မှာ မဟုတ်။ မြန်မာပြည်သား ကျောင်းသားတွေအတွက်လည်း အင်္ဂလိပ်စာသင်ယူရတာ ပိုခက်ကြမယ်။

ဒီတိုင်းပြည်မှာ ဘာသာစကား တခုမကတတ်သူတွေအတွက် အလုပ်ရှာတာ ပိုလွယ်ကူတယ်။

(၃)

အခုခေတ်မှာ မြန်မာပြည်မှာမွေးခဲ့သူတွေ သူများတိုင်းပြည်တွေမှာရောက်နေကြတာ သန်းပေါင်း မနည်းတော့ပါ။

ထိုင်းမှာရောက်နေသူတွေက ထိုင်းစကားလည်းတတ်ရင် ပိုအဆင်ပြေတယ်။ မလေးရှားရောက်သူတွေလည်း မလေးစားတတ်မှသာ ပိုပြီးအဆင်ပြတယ်။ 

မြန်မာပြည်ထဲမှာသာနေထိုင်ပြီး နိုင်ငံခြားသားပိုင်ကုမ္ပဏီမှာအလုပ်လုပ်ရရင် သူတို့စကားတတ်ရင် ပိုအဆင်ပြေနိုင်တယ်။ အဲဒါက နိုင်ငံခြားသားပိုင်ကုမ္ပဏီကို အလုပ်အကျွေးပြုတာသာဖြစ်တယ်။

တလောက အလုပ်ခေါ်စာတခု တွေ့လိုက်တယ်။ 

"တစ်ရုတ်စကားတတ်ရမည်" တဲ့။

ကြော်ငြာစာရေးသူ တရုပ်လိုတော့ မသိ။ မြန်မာလို မတတ်။ ဒါပေမဲ့ လခရနေတယ်။

အလုပ်ရှင် ဦးတရုပ်ကြီးကလည်း မြန်မာလိုမတတ်တာ မသိ။ အရေးမစိုက်။

သူများတိုင်းပြည်တွေမှာ မြန်မာလိုရေးထားတဲ့ ကြော်ငြာတချို့ မြင်မကောင်းအောင် မှားနေတယ်။

မြန်မာစာ တတ်သူတွေကတော့ ကဲ့ရဲ့ကြမယ်။

ရှက်စရာလည်း ကောင်းတယ်။ ရှက်တတ်သူကတော့ နည်းနေပြီ။

(၄)

အချုပ်

(က)

ယူအက်စ်အေမှာမွေးပြီး ပညာသင်ကြတဲ့ မြန်မာသွေးပါကလေးတွေအတွက်တော့ မြန်မာစကား မလိုတော့ဘူးလို့ပြောတာ မမှားပါ။

ဒါပေမဲ့ သူတို့ မြန်မာပြည်ကို အတွက်တော့ လုပ်ပေးနိုင်ကြမှာ မဟုတ်ပါ။

(ခ)

ကိုယ်တတ်တဲ့ နိုင်ငံခြားစကားကနေ နိုင်ငံခြားသားဆီမှာ အခစားလုပ်နိုင်ပါတယ်။ ကိုယ့်အတွက်  ကောင်းပါတယ်။

(ဂ)

မြန်မာစာနဲ့ စကားတတ်သူတွေကတော့ မြန်မာစာနဲ့ စကားတတ်သူတွေကို အခမဲ့ဖြစ်စေ၊ လခနဲ့ဖြစ်စေ လုပ်ပေးလို့ရတယ်။ 

ဆရာလုပ်လို့ရတယ်။ ပညာသုတ ပေးဝေလို့ရတယ်။

ဘာသာစုံ တတ်လေ ကောင်းလေ။ 

ဒါပေမဲ့ အဲလိုလူ ဝ့၀၀၁ % ထက် မများလောက်ပါ။

(ဃ)

အမိနဲ့တူတဲ့ ဘာသာစကားကို ပစ်ပယ်တာတော့ ကောင်းတယ်လို့ မထင်ပါ။

(င)

ထပ်မေးပါရစေ။ 

လူကြီးမင်းက နိုင်ငံခြားပညာရှင်ကြီးဆိုပါစို့ -

လူကြီးမင်းရဲ့ တတ်သိပညာတွေကို ဘယ်သူ့ကို အကျိုးပြုမှာလဲ။

ကိုယ့်လခတခုတည်းကိုသာ အလေးထားသလား။

မိဘတွေ၊ အမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ မပါစေချင်ဘူးလား။

သဘောပါဘဲ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ