(၁)
လုံမ္မနီ အင်ကြင်း - လုမ္ဗိနီအင်ကြင်းလို့ ရေးရ။
လုံမ္မနီအင်ကြင်းပန်း - လုမ္ဗိနီအင်ကြင်းပန်းလို့ ရေးရ။
ကရင်ပြည်နယ်မှာ လည်ပတ်ဖို့ (၉) လုံမ္မနီဥယျဉ် - လုမ္ဗိနီလို့ ရေးရ။ ဥယျာဉ်လို့ ရေးရ။
ဇွဲကပင်တောင်ခြေက လုမ္ဗိနီဥယျာဉ် - မှန်။
လုမ္ဗိနီသာမော အင်ကြင်းတောဝယ်။
ဘုရားလောင်းမွေးဖွါးတဲ့နေရာ လုမ္ဗိနီ။ အဲဒီနေရာတခုသာ ကနေ့နီပေါနိုင်ငံထဲမှာတည်ရှိတယ်။ ကျန်နေရာတွေက ကနေ့အိန္ဒိယပြည်ထဲမှာရှိကြတယ်။
(၂)
လုမ္ဗိနီ အင်ကြင်းမြိုင်သို့
ခက်ချင်းယှက်လို့ ပင်ချင်းဆိုင်
ရှေးက အင်ကြင်းမြိုင်။ ။
ပန်းတွေလှိုင်လို့ ငှက်တွေမြူး
ဥဒေါင်း တွန်သံကျူး။ ။
အင်ကြင်းခူးဖို့ မယ်တော်ပြင်
လောင်းတော် ဖွားသန့်စင်။ ။
လောကတခွင် ကြည်ရွှင်လန်း
လူလေး မျှော်ရှုမှန်း။ ။ (မင်းသုဝဏ်)
လောကတခွင်ကို မှန်အောင်ရေးတတ်ကြစေသတည်း။
(၃)
Lumbini လုမ္ဗိနီ
လုံမ္မနီ အင်ကြင်း - လုမ္ဗိနီအင်ကြင်းလို့ ရေးရ။ ပုံအတွက် ကျေးဇူး။
လုံမ္မနီအင်ကြင်းပန်း - လုမ္ဗိနီအင်ကြင်းပန်းလို့ ရေးရ။
ကရင်ပြည်နယ်မှာ လည်ပတ်ဖို့ (၉) လုံမ္မနီဥယျဉ် - လုမ္ဗိနီလို့ ရေးရ။ ဥယျာဉ်လို့ ရေးရ။
ဇွဲကပင်တောင်ခြေက လုမ္ဗိနီဥယျာဉ် - မှန်။
လုမ္ဗိနီသာမော အင်ကြင်းတောဝယ်။
ဘုရားလောင်းမွေးဖွါးတဲ့နေရာ လုမ္ဗိနီ။ အဲဒီနေရာတခုသာ ကနေ့နီပေါနိုင်ငံထဲမှာတည်ရှိတယ်။ ကျန်နေရာတွေက ကနေ့အိန္ဒိယပြည်ထဲမှာရှိကြတယ်။
(၄)
မှတ်ရန်
ဒီစာလုံးဟာ မြန်မာစာလုံးအစစ်မဟုတ်ပါ။ အင်္ဂလိပ်လိုစာလုံးပေါင်းငလည်း မူရင်းလို့ပြောမရပါ။
ဟင်ဒီ လိုရေးတာလည်း မူရင်း အစစ်မဟုတ်။
ဘုရားလက်ထက်က အသုံးဘာသာစကားကနေ အနီးစပ်ဆုံးကို ရယူကြရပါတယ်။
ဆရာမင်းသုဝဏ်ရေးထားတာကို နောက်လူတွေက ထင်သလိုမပြင်အပ်။
အထင်ကရပညာရှင်တွေရေးထာတဲ့ ဘာသာရေးစာပါ စာလုံးပေါင်းကိုလည် ထင်သလိုမပြင်အပ်ပါ။
အခုကစားနေတဲ့ ကမ္ဘာ့ဘောလုံးပွဲမှာ ကစားတဲ့တိုင်းပြည်အမည်တချို့ကို အင်္ဂလိပ်စာလုံးပေါင်းကို ထွက်ရတာ မူရင်းအတိုင်း မဟုတ်တဲ့နိုင်ငံတချို့ရှိတယ်။ မြန်မာလိုလည်း ကိုယ့်အထင်နဲ့က်ိုယ် ရေးနေကြတယ်။
မြန်မာ့ဂန္တဝင်အရေးအသားတွေကိုတော့ အထင်နဲ့ မပြင်သင့်ပါ။
အသစ်ပေါ်လာတဲ့ နည်းပညာစာလုံးတွေကလည်း တယောက်နှစ်မျိုး။
ကျွန်တော်တို့မှာ စည်းစနစ်၊ အစဉ်အလာထိန်းမှု၊ ပညာကိုလေးစာမှု အတော်နည်းနေတာကို မှန်ကန် တည့်မတ်အောင်ပြင်ကြရပါမယ်။
(၅)
AI
ကောက်ချက်
"လုမ္ဗိနီ" သည်သာ သဒ္ဒါနည်းကျ၊ ကျမ်းဂန်ကျ၊ အစဉ်အလာအရ အမှန်ကန်ဆုံး သတ်ပုံဖြစ်ပြီး "လုံမ္မနီ" ဟူသော ရေးထုံးမှာ အသံဖလှယ်မှု လွဲမှားနေသော သတ်ပုံအမှား ဖြစ်ပါသည်။ ဆရာဖော်ပြပေးခဲ့သော မှတ်သားဖွယ်ရာများနှင့် "လောကတခွင်ကို မှန်အောင်ရေးတတ်ကြစေသတည်း" ဟူသော ဆန္ဒမွန်ကို လေးစားစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment