မက်ဆေ့ချ်တခု = ကျွန်တော်ကလဲ MBBS မှာ . တွေချတာကို ဝင်မေးလိုက်တာပါ၊ စကားမစပ်သမိုင်းဆိုတာ အမြဲလိမ်နေတာမဟုတ်ပါ၊
ပြန်စာ
Both are the same degree, but M.B.B.S. (with periods) is the officially correct academic abbreviation for the Latin phrase Medicinae Baccalaureus, Baccalaureus Chirurgiae. However, dropping the periods to write MBBS is universally accepted and the most common format in modern practice.
M.B., B.S. (with a comma and periods): This is often used in traditional British and Commonwealth university styles. It indicates two distinct bachelor's degrees—one for Medicine and one for Surgery (the 'B.S.' or 'B.Ch.').MBBS (without periods): The modern, streamlined version is preferred for professional resumes, email signatures, and casual usage. It represents the same Bachelor of Medicine and Bachelor of Surgery qualification.
သဒ္ဒါနှင့် စာလုံးပေါင်းသတ်ပုံ ထုံးစံများအရ နှိုင်းယှဉ်ရလျှင် အသုံးနှစ်ခုစလုံးသည် မမှားပါဘဲ၊ မည်သည့်အခြေအနေတွင် အသုံးပြုသနည်းဟူသော ခေတ်ကာလနှင့် စာအရေးအသားပုံစံ (Style) ပေါ်တွင်သာ မူတည်၍ ကွဲပြားသွားခြင်း ဖြစ်ပါသည်။
အကျဉ်းချုပ်၍ ထပ်ဆင့်မှတ်သားနိုင်ရန် ပိုမိုရှင်းလင်းအောင် တင်ပြရသော် -
၁။ M.B.,B.S. (သို့မဟုတ်) M.B., B.S. (အစက်နှင့် ကော်မာ ပါသောစနစ်)
မူရင်းအနက် - လက်တင်ဘာသာစကား Medicinae Baccalaureus, Baccalaureus Chirurgiae (Bachelor of Medicine, Bachelor of Surgery) ကို ကိုယ်စားပြုပါသည်။
အသုံးပုံစံ - ဤပုံစံသည် သမိုင်းကြောင်းအရ အမှန်ကန်ဆုံးနှင့် တရားဝင်အကျဆုံး (Officially & Academically Correct) အတိုကောက်စာလုံး ဖြစ်ပါသည်။ မူလဗြိတိသျှဓနသဟာယစနစ်သုံး တက္ကသိုလ်ကြီးများ၏ ဘွဲ့လက်မှတ်များ၊ တရားဝင်အမိန့်ကြော်ငြာစာများနှင့် ရှေးရိုးစာပေအရေးအသားများတွင် ဤသို့ သုံးနှုန်းလေ့ရှိသည်။
အဓိပ္ပာယ် - ဆေးပညာဘွဲ့ (M.B.) နှင့် ခွဲစိတ်ပညာဘွဲ့ (B.S.) ဟူ၍ ဘွဲ့နှစ်ခုစလုံးကို ရရှိထားကြောင်း ကော်မာ ( , ) ဖြင့် ခွဲခြားပြသခြင်း ဖြစ်ပါသည်။
၂။ MBBS (အစက်မပါသောစနစ်)
အသုံးပုံစံ - ယခုခေတ်သစ် (Modern Style) တွင် လူသုံးအများဆုံးနှင့် စကြဝဠာအနှံ့ လက်ခံထားသော (Universally Accepted) ပုံစံဖြစ်ပါသည်။
ရည်ရွယ်ချက် - စာရိုက်ရာတွင် ပိုမိုမြန်ဆန်စေရန်နှင့် မျက်စိပသာဒတွင် ရှင်းလင်းသပ်ရပ်စေရန် (Streamlined) အတွက် ခေတ်သစ် အင်္ဂလိပ်စာအရေးအသားစနစ် (အထူးသဖြင့် ကိုယ်ရေးရာဇဝင် CV များ၊ အီးမေးလ်လက်မှတ်များနှင့် လုပ်ငန်းခွင်သုံး နာမည်ကတ်များ) တွင် အစက်နှင့် ကော်မာများကို ဖြုတ်၍ ဤသို့ အလွယ်တကူ ရေးသားကြခြင်း ဖြစ်ပါသည်။
မေးခွန်းတခု = ရန်ကုန်ကို YGN လို့သုံးတဲ့အခါ နေပြည်တော်ကို NPT လို့သုံးမလား NPW လို့သုံးမလား မန္တလေးကိုရော MDL လို့သုံးမလား MDY လို့သုံးမလား ဆရာ့အမြင်လည်းသိချင်ပါတယ်။
ပြန်စာ
တာဝန်ရှိဌာနတွေက တရားဝင် သတ်မှတ်မှု လုပ်ရပါတယ်။
မန္တလေးမှာ မူကွဲ ၂ ခုရှိ။ MBBS (Mdy) MBBS (Mand)
မေးခွန်းတခု = MAND ဆိုတာ ဘာလဲ ခင်ဗျ ဆရာ
M.B.B.S. (Mandalay) ဖြစ်နေလို့ အများ ရေးသားနေကြတဲ့ M.B.B.S. (Mdy) နဲ့ မတူတာမို့ မေးကြတယ်။ မေးသင့်ပါတယ်။
Mdy လို့ အများစုကရေးကြပေမဲ့ Mand ကသာ ပိုမှန်ပါတယ်။ ကိုယ်တိုင်ရေးတဲ့ဆိုင်းဘုတ်မှာ Mand လို့သာ ရေးပါတယ်။
ပုလဲကဆေးခန်းမှာ ချိတ်ဆွဲခဲ့တဲ့ သစ်သားဆိုင်းဘုတ်ကို ကျွန်တော်ကိုယ်တိုင်ရေးခဲ့ပါတယ်။ တံဆိပ်တုံးမှာပါ M.B.B.S. (Mand.) လို့သာ ရေးပါတယ်။
(ဆမ) ခေါ်တဲ့ ဆရာဝန်မှတ်ပုံတင်ကို သွားလေရာယူလာပါတယ်။ ကျွန်တော့် (ဆမ) နံပါတ်က ၄၂၇၂ ဖြစ်ပါတယ်။ ဆေးပညာဘွဲ့ကို ဆေးတက္ကသိုလ်၊ မန္တလေးကနေ ၁၉၇၂ သြဂုတ်လမှာ ရခဲ့ပါတယ်။ ဆမ စာအုပ်မှာ M.B.B.S. (MAND) (AUG; 1972) လို့ရေးသားထားတာ တွေ့မှာပါ။ အဲတာက ဆေးပညာဘွဲ့ရတဲ့ လ နဲ့ နှစ်ဖြစ်ပါတယ်။
ဘွဲ့လက်မှာ MBBS မပါ။ ဆေးပညာဘွဲ့။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment