Skip to main content

Mǐ xiàn မြီးရှည် နဲ့ မြီးရှေ

 


ပုံ ၂ = တရုပ်စာ။

ပုံ ၁ = မြန်မာစာ။

၁။ ဈေးချိုတောင်မလွယ်ပေါက်က မြည်းရှေကော မစားဘူးလာဆရာ။ မြည်းရှေလို့ ကျမရေးတဲ့ သတ်ပုံရော မှန်ပါသလားဆရာ။

၂။ မြီးရှည် ကျွန်မတို့ပြင်ဦးလွင်က ဒီလိုရေးပါတယ်။ မှန်ပါသလားဆရာ။

၃။ မြီးရှည် မှား မြီးရှေ မှန်

တရုပ်လို (Mǐ xiàn) from Pinyin စာလုံးကနေလာတော့ အသံထွက်ကိုယူပြီးရေးကြတယ်။ 

၄။ မြီးရှည်ဆိုတာ နန်းကြီးသုတ် နှင့် အတူတူဘဲ မဟုတ်လားဆရာ။

Mǐ xiàn မြီးရှည် နဲ့ မြီးရှေ ဘယ်စာလုံးက မှန်ပါသလဲ

AI

တရုတ်စာ 米线 (Mǐxiàn) ကို မြန်မာလို ရေးရာတွင် "မြီးရှည်" က ပိုမှန်ပြီး အသုံးလည်း ပိုများပါသည်။

အကြောင်းမှာ—

米 (mǐ) = မီ / မိ 

线 (xiàn) = ရှန် / ရှန့် 

တရုတ်အသံကို တိုက်ရိုက်ဖလှယ်လျှင် မီရှန် သို့မဟုတ် မီရှန့် နှင့် ပိုနီးစပ်ပါသည်။

သို့သော် မြန်မာပြည်တွင် ရှမ်းအစားအစာအဖြစ် လူသိများလာရာမှ "မြီးရှည်" ဟု အစဉ်အလာ ရေးသားခေါ်ဝေါ်ခဲ့ကြသည်။ မြန်မာအဘိဓာန်များ၊ ဟင်းချက်စာအုပ်များ၊ စားသောက်ဆိုင်အမည်များတွင်လည်း မြီးရှည် ကိုသာ အများဆုံး တွေ့ရပါသည်။

"မြီးရှေ" ဟူသော ရေးနည်းကိုလည်း တွေ့ရတတ်သော်လည်း နောက်ပိုင်း အသံလိုက်ရေးခြင်း သို့မဟုတ် ဒေသသုံး ရေးနည်းမျိုး ဖြစ်ပြီး စံသတ်မှတ်အသုံးအနှုန်း မဟုတ်သေးပါ။

ထို့ကြောင့်—

မြီးရှည် — အသုံးအများဆုံး၊ အစဉ်အလာကျ၊ စံနီးပါး

မြီးရှေ — ဒေသသုံး သို့မဟုတ် အသံလိုက် ရေးနည်းဟု ပြောနိုင်ပါသည်။

ကျွန်တော့တင်ပြချက်

၅။ ပန်ထွေဖျော်တို့၊ ကဆားလီသုပ်တို့၊ ခနုံထုပ်တို့၊ မြီးရှေတို့ အခေါ်အဝေါ်တွေရဲ့ မူလဆင်းသက် စကားလုံတွေကို သိချင်မိပါတယ်။ ရေးတဲ့သူကလည်း ဆေးမန်းမှာ အတူကျောင်းတက်လာတဲ့ မန္တလေးမြီးရှည်စားဖူးတဲ့သူ။

မြီးရှေ နဲ့ မြီးရှည် လျှာရှည်ရတော့မယ်။ သတ်ပုံစာအုပ်အဟောင်းမှာမပါ။ အသစ်မှာ မြီးရှေ။ Mi'xian rice noodles ခေါ် တရုပ်ဆန်ခေါက်ဆွဲတမျိုးတဲ့။ သူများဆီကနေရယူတာတွေမှာ အမှန်အမှား ပြောရတာ ခက်တယ်။ မြည်းရှည်ရေးလို့ မှားတယ်ပြောဘို့ ခက်တယ်။ မြီစီယန်လို့ရေးလည်း မမှားလောက်။ အဲဒီ အရည်နဲ့တရုပ်ဆန်ခေါက်ဆွဲပုံက မြီးရှည်နဲ့ မတူပါ။

Mǐ xiàn ပြင်ဆင်ပုံနဲ့ မြန်မာပြည်က မြီးရှေ ပြင်ဆင်ပုံ မတူပါ။

မြန်မာပြည်မှာလည်း မတူကြပြန်ပါ။ အကောင်းဆုံးကတော့ မန္တလေးလက်ရာ အစစ်။

အစားအသောက်တိုင်းမှာ သူ့မူလတန်ဘိုး၊ အရသာ၊ အဆာပလာထည့်တာ မတူပါ။ တခုခုလိုရင်လည်း မကောင်း၊ အပိုတွေထည့်ရင်လည်း မူလအရည်အသွေးပျက်တယ်။

အခုခေတ် တချို့နေရာတွေမှာ ကောင်းမလားဆိုပြီး ဟိုဟာဒီဟာတွေပါ ထည့်ကြတယ်။ ပျက်ရော။

ကျွန်တော်က မချက်တတ် မပြုတ်တတ်ပေမဲ့ ကောင်းကောင်းစားတတ်တယ်။ ကောင်း မကောင်းလည်း သိတယ်။

မြီး

ကျားမြီးဆွဲ

ကြောင်ကြီးရဲ့ မြီးတံတို

ဆင်မြီးဆွဲမြို့

မြင်းမြီး

မြီးကောင်ပေါက်အရွယ်

မြီးစွပ်နွား

မြီးဆံ

မြီးဆံဖါးဖါး

မြီးညှပ်ကောင်

မြီးညှောင့်ကောင်

မြီးညောင်း (မြီးညှောင့်) ရိုး

မြီးတုံး (မြီးဒုံး၊ မီးတုံး) စပါး

မြီးရှေမုန့်

သားမြီးယပ်

မြည်း

မြည်းကြည့်မှသိမယ်

မြည်းတကောင်

ရှည်

ရှည်ကျူး

ရှည်ကြာ

ရှည်မျော

ရှည်လံ

ရှည်လျား

ဟင်းကိုဆားမြည်းပါ

မြီးရှည်လုပ်နည်းတွေ အမျိုးမျိုးရေးကြတာ မတူကြပါ။ ဝီကီပီးဒီယာထဲမှာ တရုပ်စကားလုံး 米線 မီရှန့် ကနေလာတယ်လို့ ရေးထားတယ်။ အတိအကျ ဟုတ်မယ်မထင်။

ကျွန်တော့်လျှာကတော့ တရုပ်လည်း မဟုတ်၊ ရှမ်းလည်း မဟုတ်တဲ့ မန္တလေးမြီးရှည်နဲ့သာ နီးစပ်တယ်။

တရုပ် နဲ့ တရုတ်၊ မုံ့ နဲ့ မုန့် လိုပါဘဲ။ တယောက်နှစ်မျိုးရေးကြတယ်။

1. Mǐ xiàn မြီးရှည် မြီးရှေ https://burmese-spelling.blogspot.com/2024/09/mi-xian.html

2. ဆေးမန်း အမှတ်တရ တိုရ https://dr-tint-swe.blogspot.com/2022/06/blog-post_60.html

3. တသက်လုံး မုံ့ဟင်းခါး ချက်မှာလား https://dr-tint-swe.blogspot.com/2021/12/blog-post_996.html

4. နန်းသေး နန်းလတ် နန်းကြီး https://burmese-spelling.blogspot.com/2023/01/blog-post_330.html

5. ပုစွန် မုံ့ဟင်းခါး https://dr-tint-swe.blogspot.com/2021/06/blog-post_3.html

6. ဘာမုံ့ စားမလဲ https://burmese-spelling.blogspot.com/2022/10/blog-post_492.html

7. မန္တလေး မုံ့တီ ထိုးမုံ့ လမုံ့ သတိရသည် https://dr-tint-swe.blogspot.com/2022/07/blog-post_257.html

8. မန္တလေးမြီးရှည် (၂) https://dr-tint-swe.blogspot.com/2022/08/blog-post_316.html

9. မန္တလေးမြီးရှည် https://burmese-spelling.blogspot.com/2022/10/blog-post_14.html

10. မန္တလေးမှာ ယိုးဒယားမုန့်တီ လစဉ်လုပ်စားသူ မိသားစု https://www.bbc.com/burmese/in-depth-47319613

11. မန္တလေးမုံ့တီ https://burmese-spelling.blogspot.com/2022/08/blog-post_801.html

12. မန္တလေးရဲ့ ထူးခြားတဲ့အသုံးအနှုန်း (၁၀)ခု https://dr-tint-swe.blogspot.com/2022/05/blog-post_978.html

13. မြီးရှည် https://burmese-spelling.blogspot.com/2023/12/blog-post_932.html

14. မြီးရှည် နဲ့ တိုရ https://burmese-spelling.blogspot.com/2023/11/blog-post_266.html

15. မုံ့တီနဲ့ မုံ့ဟင်းခါး စကားများ https://burmese-spelling.blogspot.com/2022/11/blog-post_18.html

16. မုံ့တီနဲ့ မုံ့ဟင်းခါး စကားများ https://burmese-spelling.blogspot.com/2022/11/blog-post_18.html

17. မုံ့ဟင်းခါး https://dr-tint-swe.blogspot.com/2022/05/blog-post_47.html

18. အဆာပြေ မြီးရှည် https://burmese-spelling.blogspot.com/2022/10/blog-post_9.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ