Skip to main content

ပဌမ နဲ့ ပထမ အဆက်



ကွန်မင့်တခု = ကျေးဇူးပါဆရာခင်ဗျ။ ပထမကိုသက္ကတဆိုတာကျွန်တော်ခုမှသိရပါတယ်။

ကွန်မင့်တခု = ပဌမ၊ ပထမ ကို တစ်ခုမြောက်လို့ မြန်မာပြန်လို့မရပါဘူး။ ဆဋ္ဌမ၊ သတ္တမ တို့မှာ ပါတဲ့ မ က အကြိမ်မြောက် အနက်ထွက်ပေမဲ့ ပထမ၊ပဌမမှာပါတဲ့ မ က အကြိမ်မြောက်အနက်မထွက်ပါဘူး။

ပြန်စာ

ပဌမ နဲ့ ပထမ အကြောင်း ၅-၆ ခါတော့ တင်ပြထားပြီးပြီ။

၁။ ကဝိဓဇသတ်ပုံကျမ်း

ပဌမ = ပထမ = တခုမြောက်။

၂။ ဦးသာမြတ်

ပဌမပြန် ၁၁ = ပဌမပြန် (တခုမြောက်) ပါဠိ။

ပထမ ရသည် = တခုမြောက် (သင်ကရိုက်သက်စကား)

၃။ ဦးဟုတ်စိန် ပါဠိ မြန်မာ အဘိဓာန် = ပဌမ

ပဌမ = ရှေးဦးစွာသော။ ဖြစ်သော။

၄။ မြန်မာ့စွယ်စုံကျမ်း = ပဌမ

၅။ Judson ယုဒသန် အဘိဓာန်

First = ပဌမ။ အဦးဆုံးသော။ အမြတ်ဆုံးသော။ အကြီးဆုံးသော။ အစဦး၌။ ရှေ့ဦးစွာ။ သားဦးဖြစ်သော။ အဦးဆုံးဖန်ဆင်းသော။

ပဌမ ပါဠိကနေလာတယ်။ ပထမ သက္ကတဘာသာ (သင်္သကရိုက်ဘာသာ) ဆန်းစ်ကရစ်ဘာသာကနေလာတယ်။

ပဌမ (ပါဠိ) နဲ့ ပထမ (သက္ကတ) မူကွဲတွေဖြစ်တယ်။ နှစ်မျိုးလုံးမှန်တယ်။

ပဌမ = ပါဠိ = တခုမြောက်

ပဋ္ဌ = ထက်မြက်စွမ်းနိုင်သည်။ လိမ္မာသောအဖြစ်ဖြင့် တည်သည်။

ပထမ = သင်သကရိုက် (သက္ကတ၊ ဆန်းစ်ခရစ်) သက် = တခုမြောက်

ကျောင်းသုံးတွေ၊ နောက်ထုတ်တဲ့ သတ်ပုံစာအုပ်တွေ၊ အဘိဓာန်တွေမှာ ပထမလို့သာပေါင်းတယ်။ 

အဆက်

စာသင်ကျောင်း အတန်းတွေကို အင်္ဂလိပ်စာလုံးနဲ့ ရေးလာကြတယ်။ G-1, G-2 စသည်။

အရင်က ပဌမတန်၊ ဒုတိယတန်းကနေ ဒသမတန်း (တက္ကသိုလ်ဝင်တန်း) လို့သာ ရေးပါတယ်။ အလွယ်အသုံးမဖြစ်တော့ ၁၀ တန်းလို့ပြောနိုင်ပါတယ်။ အတိအကျတော့ မမှန်ပါ။

ဒသမတန်း = 10th Grade ၁၀ ခုမြောက်အတန်း လို့ ရေးရတယ်။

၁၀ တန်းဆိုတာ လူတွေဖြစ်ဖြစ်၊ သစ်ပင်တွေဖြစ်ဖြစ် အတန်းလိုကအနေထား အရေအတွက်သာဖြစ်ပါတယ်။

ဒသမတန်းဆိုတာ ပဌမ(ပထမ)တန်းကနေ တတန်းပြီးတတန်းတက်လာတာ။

မှတ်ရန် - 

ဝီကီပီးဒီယာမှာ မြန်မာ့စွယ်စုံကျမ်းထဲကစာတွေကို ကူးတင်တဲ့အခါ မူရင်းထဲပါ ပဌမ ကို ပထမ လို့ ပြင်ထားတယ်။ မလုပ်ရပါ။ မလုပ်ကောင်းပါ။

ပဋ္ဌမ မမှန်ပါ။

အဲလိုဘဲ မြန်မာ့စွယ်စုံကျမ်းကို ပီဒီအက်ဖ် ဖိုင်လုပ်သူတွေကလည်းမူရင်းထဲပါ ပဌမ ကို ပထမ လို့ ပြင်ထားတယ်။ မလုပ်ရပါ။ မလုပ်ကောင်းပါ။

အချုပ်

ပဌမ = ပါဠိ = တခုမြောက်။

ပဌမ ကို တခုမြောက် လို့ပြောတာ မမှားပါ။ အရေအတွက်ကိုပြောတာ မဟုတ်ပါ။

ဝစ်ရှင်နရီမှာ ပထမ ကို ပါဠိလို့ဖေါ်ပြထားတာ မှားနေတယ်။

The word for "first" in Sanskrit depends slightly on the context, but the most direct translation is प्रथम (prathama). If you are using it to indicate the beginning of something, you can also use आदि (ādi), or आद्य (ādya).

သက္ကတဘာသာစကား၌ “ပထမ” (First) ဟူသော ပုဒ်သည် သုံးစွဲသည့် အကြောင်းအရာ အခြေအနေပေါ်မူတည်၍ အနည်းငယ် ကွဲပြားမှု ရှိနိုင်သော်လည်း၊ အတိုက်ရိုက်ဆုံး ဘာသာပြန်မှာ प्रथम (prathama) ဖြစ်ပါသည်။

အကယ်၍ အရာတခုခု၏ အစပျိုးခြင်း သို့မဟုတ် အစဦးကို ညွှန်းဆိုလိုခြင်း ဖြစ်ပါက आदि (ādi) သို့မဟုတ် आद्य (ādya) ကိုလည်း သုံးနိုင်ပါသည်။

ပဌမ နှင့် ပထမ https://burmese-spelling.blogspot.com/.../blog-post_299.html

First Grade ပဌမ (ပထမ) တန်း https://burmese-spelling.blogspot.com/.../first-grade.html

ပဌမ နဲ့ ပထမ https://burmese-spelling.blogspot.com/.../blog-post_201.html

First and One တစ်နေ့နဲ့ တနေ့ ဘာကွာသလဲ https://burmese-spelling.blogspot.com/.../first-and-one.html

ဒေါက်တာတင့်ဆွေ

Comments