Skip to main content

ပြန်စာ

အီးမေးလ် ကနေလာတဲ့စာ

ဆရာ၊ ကျနော်က အသက် ၂၀ ဖြစ်ပါတယ်။ အခု မြန်မာစာကို တအား စိတ်ဝင်စားပြီး သိချင်တာလည်း များပါတယ်။ အရင်ကဆို မြန်မာစာအဖွဲ့ (တိုင်းရင်းသားဘာသာစကား ဦးစီးဌာန) ဆိုတာနှင့် ထွက်သမျှစာအုပ် အကုန် ကျိုးကြောင်းဆီလျော်တယ်လို့ မှတ်ယူခဲ့ပါတယ်။ နေ့စဉ်ဘဝမှာလည်းပဲ အသုံးချခဲ့ပါတယ်။ ဒီလိုမျိုးတွေ ဖတ်ရတော့ ကျနော် ဪ...ငါကတကယ်ကို ဘာမှမသိတာပါလား... အဲ့လို သိလာရပါတယ်။ ခုဖြင့် အရင် မြန်မာစာ (၁၉၈၆ မတိုင်မီ) က ကျနော် လက်လှမ်း၍ မမီသောနေရာ၌ ရှိပါသည်။ ကျေးဇူးကို သိပါသည်။ အကိုးအကားများ စာအုပ်များ ဘယ်လို ဝေမျှခြင်း ပြုပါသလဲ။ မေတ္တာဖြင့်ပါလား။ သို့မဟုတ် အခကြေး‌‌ငွေဖြင့်ပါလား။ pdf ဖိုင်လ်ကို ပြောပါသည်။ အကြောင်းပြန်ပါက အင်မတန် ဝမ်းသာမိမှာပါ။ ဒေါက်တာ ကျန်းမာပါစေ။

ပြန်စာ

တမဲတိတိရရှိသည်။

မြန်မာစာ၊ အခြေခံကျတဲ့ အထွေထွေသုတ၊ အခြေခံကျတဲ့ အတွေးအမြင်

တွေကို စိတ်ပါဝင်စားသူတိုင်းကို အားပေးတယ်။

ကျွန်တော်ကတော့ အကုန်သိတဲ့သူ မဟုတ်ပါ။

လွန်ခဲ့တဲ့ ၁၀-၁၅ နှစ်အထိ သူလိုကိုယ်လိုသာ သိပါတယ်။

နောက်တော့ စာရေးတဲ့အမှားတွေဖတ်ရတဲ့အတွက် မှန်အောင်ပြင်ပေးပါတယ်။

ကျွန်တော်က လက်တန်းဖြေနိုင်တာ အင်မတန်နည်းတယ်။ အကိုးအကား၊ အထောက်အထားတွေ လိုက်ရှာရတယ်။

ဒီလိုစာတွေကို စရေးတဲ့ ၂၀၁၄ ခုနှစ်တုန်းက အထောက်အထား စုစုပေါင်း ၃ ခုသာရှိတယ်။

ပြည်ပနေရတဲ့ အားနည်းချက်က အဲဒါဘဲ။

တဖြည်းဖြည်းနဲ့ သဘောထူးတူသူတွေ တဦးစ၊ နှစ်ဦးစ ရှိလာတယ်။

ကံကောင်းချင်တော့ နည်းပညာတွေတိုးတက်လာတယ်။ ရှာလို့ရရလာတယ်။

အွန်လိုင်းပေါ်မှာ တင်လာတဲ့ အလွန်အားထားစရာတွေ ရှိရှိလာတယ်။

သူတို့ကို အထူးကျေးဇူးတင်ရတယ်။

စာအုပ်တွေလည်း အတန်အသင့် လက်ထဲမှာရှိတယ်။

အထောက်အထား၊ အကိုးအကားတွေ များများလာပြီ။ pdf ဖိုင်တွေ အတော်ကိုများလာပြီ။

သိစရာတွေကလည်း အလွန့်အလွန်များတယ်။

သိလိုတဲ့ စာလုံး၊ စကားစု၊ အကြောင်းအရာ၊ ခေါင်းစဉ် ပြောရင် ရှာပေးနိုင်လောက်တယ်။

အကုန်တော့ မသိပါ။ အကုန်လည်း မရှိပါ။

သင်ပုန်းကြီး မကျေဘဲနဲ့တော့ -

ဟိုက်ပါရသ

ဆူပါမော်ဒန်

ဘလာ ဘလာ ဘလာ 

လုပ်တာတွေက လူကြိုက်တော့များပါရဲ့ အောက်ခြေလွတ်တွေ။

ကျွန်တော်တို့တိုင်းပြည်မှာ

အောက်ခြေလွတ်

မိုးကြီးလေကြီး ပြောဆို ရေးသား ဆရာလုပ်နေသူတွေက

မျက်စိမှိတ်

ဦးနှောက်ပိတ်တာက အကြောင်းခံ ကူးစက်ရောဂါ။

ဒေါက်တာတင့်ဆွေ

Comments