ကွန်မင့်မှာ ပုံရိုက်ပြီး ထောက်ပြပါတယ်။
အရမ်းကာရော = စနစ်တကျမရှိဘဲ စည်းမဲ့ကမ်းမဲ့ ပြုလုပ်ခြင်း။ ။ ဟုတ်မဟုတ်၊ မှန်မမှန်၊ သင့်မသင့်ကို သေချာရေရာစွာ မစဉ်းစားဘဲ၊ စိစစ်ဝေဖန်ခြင်း မရှိဘဲ စိတ်ကူးပေါက်သလို ဇွတ်တရွတ် ပြုလုပ်ခြင်း၊ ရေးသားခြင်း သို့မဟုတ် ပြောဆိုခြင်းကို ဆိုလိုသည်။
သိမ်းကျုံး၍ ဖြစ်ကတတ်ဆန်း ပြုလုပ်ခြင်း။ ။ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားခြင်းမရှိဘဲ အားလုံးကို ရောထွေးကာ အဆင်ပြေ သလို စည်းကမ်းမဲ့ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
အသုံးအနှုန်း သာဓကများ
“သေချာ မလေ့လာဘဲနဲ့ ဒီအချက်အလက်တွေကို အရမ်းကာရော ကူးမတင်ပါနဲ့။”
“ဘာသာစကား စည်းကမ်းတွေကို ဂရုမစိုက်ဘဲ မိမိစိတ်ထင်သလို အရမ်းကာရော လျှောက်ရေးနေကြတယ်။”
ဤစကားလုံးတွင် “အရမ်း” (အဆင်အခြင်မရှိ ဇွတ်လုပ်ခြင်း) နှင့် “ကာရော” (ရောနှောပတ်သက်ခြင်း၊ သိမ်းကျုံးခြင်း) တို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် အခြေအမြစ်မရှိသော အရာများ၊ စည်းကမ်းမဲ့သော အပြုအမူများနှင့် စနစ်တကျ မစိစစ်ထားသော စာသား/အချက်အလက်များကို ဝေဖန်ပိုင်းခြားမှု မရှိဘဲ ဖြစ်ကတတ်ဆန်း လုပ်ဆောင်ကြသည့်အခါမျိုးတွင် “အရမ်းကာရော လုပ်တယ်၊ အရမ်းကာရော ပြောတယ်” ဟု နှာခေါင်းရှုံ့ကာ သုံးနှုန်းလေ့ ရှိကြပါသည်။
တပိုင်းတစ – န / ဒဗိုင်းဒဇ / မပြည့်မစုံဖြစ်ခြင်း။ တဝက်တပျက်ဖြစ်ခြင်း။ “ဘုရားသမိုင်းကို တပိုင်းတစသာ သိရပါတယ်” ကောက်။ ၁၁၇။
တပိုင်းတပတ် – န / ဒဗိုင်းဒဗတ် / တပိုင်းတစ – န၊ နှင့်အတူတူ။
တပိုင်းရူး – ကြိ / ဒဗိုင်းယူး / ဆန္ဒ အလွန်ပြင်းပြသည်။ အရူးအမူး ဖြစ်သည်။ “မမခိုင်တေဇာ့မူကာကို လုပ်လို့ပေးချင်လိုက်တာ တပိုင်းကြီးရူးနေပါတယ်” စာဆို။ ၁၁၇၂။
တပိုင်းသေ – ကြိ / ဒဗိုင်းသေ / ဆန္ဒအလွန်ပြင်းပြသည်။ အသေအလဲဖြစ်သည်။ “လိုချင်ရုံ ဘယ်ကမလဲ တပိုင်းကို သေနေတာပေါ့” ရှု၊ ဂ၊ ၉၆။ ဂ၅။
တပည့် – န / ဒဗျိ / ဒဗဲ့ / ဆရာ့ထံမှ ပညာသင်ယူသူ၊ အဆုံးအမ ခံယူသူ။
တပည့်တပန်း – န / ဒဗဲ့ဒဗန်း / ဒဗျိဒဗန်း / ၁။ တပည့်။ ၂။ နောက်လိုက်ငယ်သား။ “သစ်လုပ်ငန်းရှင်ပြီပြီ တပည့်တပန်းကလည်း တောင့်တင်းပြန်။” ကမ္ဗ။ ၂၅။
တပည့်တော် – နစ / ဒဗဲ့ဒေါ် / ဒဗျိဒေါ် / ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ရဟန်းအချင်းချင်းဖြစ်စေ၊ သီလရှင်အချင်းချင်းဖြစ်စေ၊ လူက ရဟန်းကိုဖြစ်စေ ပြောဆိုသောအခါ မိမိကိုယ်ကို ညွှန်ပြသော ယဉ်ကျေးဖွယ်ရာစကား။
တပည့်တော်မ – နစ / ဒဗဲ့ဒေါ်မ / ဒဗျိဒေါ်မ / သီလရှင်အချင်းချင်းဖြစ်စေ၊ သီလရှင်က ရဟန်းကိုဖြစ်စေ၊ လူအမျိုးသမီးက သီလရှင်၊ ရဟန်းကိုဖြစ်စေ ပြောဆိုသောအခါ မိမိကိုယ်ကိုယ်ညွှန်ပြသော ယဉ်ကျေးဖွယ်ရာစကား။
တပည့်မ – န / ဒဗဲ့မ / ဒဗျိမ / ဆရာ့ထံ၌ ပညာသင်ယူသော၊ အဆုံးအမ ခံယူသောမျိုးသမီး။
တပည့်လက်သား – န / ဒဗဲ့လက်သား / ဒဗျိလက်သား / ၁။ တပည့်။ “စာသင်တပည့်လက်သားငါးရာရှိသောဟူ၏။” သာလင်။ ၄၇။ ၂။ နောက်လိုက်ငယ်သား။ “ထိုင်မသိမ်းအင်္ကျီကို အထူးကျနအောင် တပည့်လက်သား နှစ်ဆယ်ကျော်နဲ့ စီရင်ချုပ်လုပ်ရပါတယ်။” မဟာဆန်။ ၃၂။
တပည့်ဝတ် – န / တဗဲ့ဝတ် / ဒဗျိဝတ် / ဆရာတို့အပေါ် တပည့်တို့က လိုက်နာကျင့်ဆောင်ရမည့်ဝတ္တရား။ “ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။” သိင်္ဂါ* ၃။ (ယင်းသည် ၁။ ဆရာလာသည်ကိုမြင်လျှင် နေရာမှထ၍ ခရီးဦးကြိုဆိုခြင်း၊ ၂။ ဆရာကို ဆည်းကပ်ခြင်း၊ ၃။ ဆရာ့စကားကို နာယူခြင်း၊ ၄။ ရိုသေစွာလုပ်ကျွေးခြင်း၊ ၅။ အတတ်ပညာကို ရိုသေစွာလေ့ကျက်သင်ကြားခြင်း ဟူ၍ ငါးပါးဖြစ်သည်။)
တပည့်သားမြေး – န / ဒဗဲ့သားမျေး / ဒဗဲ့သားမြေး / ဒဗျိသားမြေး / တပည့် – န၊ နှင့် အတူတူ။
တပတ်ကျော့ – ကြိ / ဒပတ်ကျော့ / တကြိမ်တဖန်ထပ်၍ လုပ်သည်။
ဒေါက်တာတင့်ဆွေ




Comments
Post a Comment