Skip to main content

ကြိုးစားတော့ကြည့်ရမှာပဲ

အမေး = "တစ် "နေရာ မှာ "တ " ပြန်ဖြစ်အောင်တော့ အတော်ကျိုးစား(ကြိုးစား)ရမှာပါ။ ခလေးတွေကို တစ် နဲ့ တ သုံး ရမဲ့ အခြေအနေတွေကိုလဲ ရှင်းပြမှ ရမယ်ထင်ပါတယ်

ပြန်စာ = တစ်တွေကိုတော့ မပို့ပါရန်။

အမေး = ဆရာ  စကင်ရှော့ ရိုက် ပို့လိုက်ပါတယ်ရှင့် ဒီ ဆရာမရေးတဲ့ စာ ကို  ခလေးတွေကို အရင်ဖတ်ခိုင်းပီး(ပြီး) မှ၊ ဒို့ခေတ် ချယ်နယ် မှာ ဖတ်ပြထားတာကို ခလေးတွေနားထောင်ခိုင်းပီး(ပြီး) ရင် စာလုံးပေါင်း ကို ပြန်ရေးခိုင်းမယ်လို့ စိတ်ကူးထားပါတယ်

"တစ်" ကိုတော့ "တ" နဲ့ အစားထိုး သုံးမည်လို့ ဆရာမနဲ့ ဆွေး နွေးပါမည်ရှင့်။ ဆရာမကိုယ်တိုင်ကလဲ မြန်မာနိုင်ငံထဲမှာ နေမဖြစ်လို့ တခြားနေရာ ရောက်နေလို့ မဆွေးနွေးရသေးပါ

ပြန်စာ =ပေါ်လစီသတ်ပုံ တစ် တွေနဲ့တော့ အကြံ မပေးနိုင်ပါ။ တခြားဆရာ ဆရာမတွေနဲ့သာ ဆက်သွယ်ပါရန်။ ၉၅% က တစ်ကြပါတယ်။

ပြန်စာ = ဟုတ်

အမေး = ၁၉၈၈ နောက်ပိုင်း ဆရာမအများ စု တွေ ကိုယ်တိုင်က လေ့လာအားနဲကြ တော့ မြန်မာစာက အတော့ ကို  ကျိုးစား ပြုပြင်ရမှာပါ။ တတ်သိနားလည်သူတွေကလဲ မရှိသလောက် ဖြစ်နေပါပီဆရာ

ပြန်စာ = အဲဒါတော့ ဟုတ်တယ်။

ခက်တာက ကျောင်းတွေမှာ ဆရာဆရာမတွေ ကျောင်းသူကျောင်းတွေက အထက်ကခိုင်းတာကိုသာ သင်ပေး သင်ယူကြတယ်။

၁၉၈၆ နောက်မှာ ဘွဲ့ရသူတိုင်း စံကိုက်သတ်ပုံမှန်ကို မတတ်ကြပါ။

တချို့က ပါမောက္ခတွေ။

အမေး = ကျိုးစားတော့ကြည့်ရမှာပဲဆရာ။ "တစ်" ကို နေရာတကာ သုံးနေရာက နေရာမှန်မှာပဲ သုံး တတ်သွားရင်ကို မဆိုးဖူးလို့ပြောရမှာပါ။

ပြန်စာ = ကြိုးစားလို့ ရေးရ။

အမေး = ဟုတ်

ပြန်စာ = ကလေး (ခလေးအသုံးထက် မှန်) တွေကို စာသင်၊ ပြုပြင်ပေးချင်တာ ကောင်းတယ်။

ခေတ်ကတော့ အတော်ကိုမကောင်းတော့ပါ။ မြန်မာစာဆိုရင် မူရင်းစံကိုက်သတ်ပုံတွေကို ကျောင်းတွေမှာ သင်မပေးတောတာ ၁၉၈၆ ခုနှစ်နောက်ပိုင်းကတည်းက။ နှစ်ပေါင်း ၄၀ တိတိ။ 

ပေါ်လစီသတ်ပုံနဲ့ မွေးထုတ်ပြီးဦးရေ သန်းပေါင်းများစွာ ရှိနေပြီ။ ပြင်ပေးရတာ အင်မတန်ခက်ပြီ။

အသက် ၅၀ အောက်တွေက စာအမှန်ကို မသိကြပါ။

၄၀-၅၀ အထက်တွေထဲမှာလည်း ပေါ်လစီသတ်ပုံနဲ့ အလုပ်ဖြစ်နေသူတွေက ပေါ်လစီသတ်ပုံ ဘုန်းတော်ဘွဲ့ ရေးကြတယ်။

ခေတ်ဆိုတာ အမြဲတည်မနေ။ ပိုဆိုး၊ ပိုကောင်း ဖြစ်နိုင်တယ်။

ကြိုးစားနေကြရမှာဘဲ။

ဒေါက်တာတင့်ဆွေ

Comments