တုပ်ကွေးလို့ ရေးရတယ်။
တုပ်ကွေးကာကွယ်ဆေးဆိုင်းဘုတ် ဘာဆန်းသလဲ စဉ်းစားကြမယ်။ သတ်ပုံမှားနေတယ်။ မနေ့ကလည်း အထင်ကရ သတင်း ဝဘ်ဆိုက်တခုမှာ မှားနေလို့ မက်ဆစ်ဂျာကနေ အသိပေးလိုက်သေးတယ်။
တလောက မေးတယ်။ အသက် ၂၄ပါရှင့် မ ပါ ငါးပိရည်တို့ အမဲသားတို့စားရင် သုပ်ထိုးပါတယ်ရှင့် ဘာကြောင့်လဲရှင့် အဒါစားမှ ထိုးတာ ဘာဆေးသောက်ရမလဲရှင့်။
တုပ် နဲ့ သုပ် မှားနေတယ်။ သုပ်ဆိုတာ စေပါလက်သုပ် (အစေအပါး)၊ ပေါင်းမြက်သုပ်သင်၊ ဟင်းလျာလက်သုပ်၊ လက်ဖက်သုပ်၊ အသုပ်စုံမှာသာ ရေးတယ်။
တုပ်ကွေး၊ တုပ်ကွရိုသေ၊ တုပ်တုပ်ကွကွ၊ တခါးမင်းတုပ်၊ ချည်နှောင်တုပ်၊ ပတ်ကြမ်းတုပ်သည်၊ ပုဆစ်တုပ်၊ သန်းဥတုပ်၊ ပုစွန်တုပ်၊ ပျားတုပ်၊ ကင်းတုပ်လို့ ရေးရတယ်။
ကဝိဓဇသတ်ပုံကျမ်း
လွှားကာတုတ်။ အခွန့်အတုတ်။ ဆားထောင်တီးတုတ်။ ပုဇွန်တုတ်။ ငှက်ခရုတုတ်။ တီးတုတ်ငှက်။ ပလုတ်တုတ်။ မှိတ်တုတ်မှိတ်တုတ်။ ဦးတုတ်ကြီး။ ကြမ်းတံတုတ်။ မြေကတုတ်။ ခရာတုတ်။ တာတမံတုတ်။ တုတ်နှင့်ရိုက်။ ယစ်တုတ်။ သောက်တုတ်။ ။
တုပ်။ ။ တုပ်ကွရိုသေ။ တုပ်ကွေ့ဖျား။ တုတ်ခနဲ။ တုပ်တုပ်ကွကွ။ တုပ်ပျပ်။ တုပ်၍ဆွဲ။ တခါးမင်းတုပ်။ တွက်တုပ်။ ကင်းတုပ်။ ချည်နှောင်တုပ်။ ပျားတုပ်။ ပတ်ကြမ်းတုပ်။ ကွေးတွန့်တုပ် သန်းဥတုပ်။ ပုဆစ်တုပ်။ မှုန်တုပ် = (လျှို့ဝှက်သည်) = [ပေါ]။ ယုန်တုပ်။ ပေါင်းတုပ်။ ။ (တုပ်တုပ်ကွကွ-ကြီးတုပ်။ ပုဇွန်တုပ်။ ကဗျာပသတ်ထုပ်) ။ ။
ငှက်။ ။ ကြီကဂျက်။ ။
[ တုန် - တုံ - တုံ့ ] ။
တုန်။ ။ တုန်ကင်း။ တုန်တုန်ရီရီ။ တုန်လှုပ်ချောက်ချား။ တုန်၍ဖျား။ တုန်ခဲချွဲ။ နှလုံးတုန်။ ဆတ်ဆတ်တုန်။ မိမိမိမိတုန်။ လန့်၍တုန်။ ချမ်း၍တုန်။ မလျှင်မတုန်။ လည်တုန်တုန်။ မတုန်မလှုပ်။ မတုန်တက်သေး။ မီးရေတုန်တုန်နှင့်။ ။
တုံ။ ။ နိတုံရွှေ။ နိတုံတခါး။ ပြုတုံ။ မူတုံ။ ပြုတုံတုံ။ မူတုံတုံ။ တုံဂိုဏ်း။ မြင်းတုံ။ ဟူတုံ။ ရေအိုင်တုံ။ အုံတုံပင်။ အုံတုံတုံ။
တုတ်
ငှက်ခရုတုတ်
ဆားထောင်တီးတုတ်
တီးတုတ်ငှက်
တုတ်ခတ်
တုတ်တိုင်စိုက်
တုတ်တုတ်စီးသည်
တုတ်တုတ်မလှုပ်
တုတ်တုတ်ဖြူဖြူ
တုတ်တုတ်မြည်
တုတ်တုတ်ဝဝ
တုတ်နာ
တုတ်ပိုး
တုတ်လက်နက်
တုတ်လှံကန်
တုတ်ထောက်သည်
ပလုတ်တုတ်
ပိုးလောက်တုတ်
ပုစွတ်တုတ်
ဖွံ့ဖွံ့တုတ်တုတ်
ကြမ်းတံတုတ်
ကြိုးဖြင့်တုတ်
မခိုင်တုတ်တက်
မှိတ်တုတ်မှိတ်တုတ်
ရှဉ့်ကတုတ်
အခွန်အတုတ်
နောက်တုတ်
မြေကတုတ်
ဒေါက်တာတင့်ဆွေ

Comments
Post a Comment