၁။ စနစ်ဟောင်းဘောဂဗေဒ စာအုပ်ထဲတွေ့မိတာက အပေါ်ထပ်အဆောက်အအုံလို့ဖတ်ရဖူးတော့ အဆောက်အအုံက ကြိယာအနေနဲ့သုံးတာများလို့ထင်မိ။
၂။ မင်္ဂလာပါဆရာရှင့်။
စာလုံးပေါင်းသတ်ပုံတခုလောက်မေးချင်လို့ပါရှင့်။ အဆောက်အဦ နဲ့အဆောက်အဦး ဘယ်ဟာက
မှန်ပါသလဲရှင့်။
၃။ ဆရာ အဆောက်အဦ၊ အဆောက်အအုံ၊
အဆောက်အဦး ဒီသုံးမျိုးအသုံးကို အမျိူးမျိူးသုံးနေကြတယ်ခင်ဗျ။ ဘယ်လိုသုံးရင်
ပိုပြီးဆီလျော်တယ်ဆိုတာ သိပါရစေ။
အဆောက်အဦနဲ့
အဆောက်အအုံတွေက မှန်ပါတယ်။
(မြန်မာအဘိဓာန်
အကျဉ်းချုပ် (၁၉၈၀)
အုံ
အုံ¹
— ကြိ /အုန်း/
၁။
ဝိုင်းဝန်းစုပြုံသည်။ စုဖွဲ့သည်။ စုဝေးသည်။
"ဆပ်သွားဖူးတရုံနှစ်ချုံ၊
ကျေးတွေကအုံ။" သာ၊ ၅၂။
၂။
အသားအရေပေါ်တွင် ဆေးအပျစ်အခဲ အဖတ် တစုံတရာကို စုပုံတင်သည်။ အုပ်ခဲသည်။
"မိတ်သလင်တို့ကို
ဆားနှင့်ကြိတ်၍ ဆီးခုံပေါ်မှာ အုံပေးရမည်။" သဘာဝ၊ ၁၇၇။
အုံ²
— န /အုန်း/
၁။
အကိုင်း အခက် အညွန့်၊ ကောက်ရိုးစသည်ကို စုဖွဲ့ထားသော ခိုအောင်းရာနေရာ။
"ချုံပိတ်ပေါင်းကို
ကောင်းစွာအုံပြုလျက် ပုန်းအောင်း၍နေလေ၏။" စရိယာ၊ ၁၈။
၂။ ပျား၊
ခြ၊ ပုရွက်စသည်တို့ အကန့်အကန့်စုဖွဲ့ ခိုအောင်းရာအိမ်။
"ပျားနှင့်ပပွားများသည်
မိမိတို့အုံကို မခဲသာအောင် ထိပါးလာသောအခါ။" ဇာတကပျ၊ တ၊ ၁၅၉။
၃။
ပေါင်းစည်း စုဖွဲ့လျက်ရှိသော အစုအဝေး၊ အသိုက်အဝန်း။
"သူတို့က
အုံကောင်းတော့ ပွဲခင်းထဲမှာ လူစွမ်းလုပ်တာပေါ့ဗျာ။"
၄။
တစုံတခု၏ ဖေါင်းကြွမို့မောက်နေသော အစိတ်အပိုင်း။
(ရင်အုံ၊
နို့အုံ၊ နားအုံ၊ လင်းကွင်းအုံ၊ အိုး၏အုံ စသည်အသုံးရှိသည်။)
အုံကြွ —
ကြိ /အုန်းကြွ/
မကျေနပ်မှုကြောင့်
သည်းမခံနိုင်၍ လူအများ စုပေါင်းလှုပ်ရှားထကြွသည်။
"ထိုဘုရင်သစ်ကို
မလိုလားမှုကြောင့် စပိန်ပြည်သားတို့ အုံကြွပြီး တော်လှန်ပုန်ကန်ကြသည်။"
စစ်သား၊ ဒု၊ ၉၁။
အုံတုံ —
န /အုန်းဒုန်း/
အထွက်၊
အခေါက်တို့တွင် ချွဲပျစ်သောအစေးရှိပြီး သက်ရင်းကြီးရွက်နှင့် တူ၍ အထွက်၊ အမြစ်၊
အခေါက်တို့ ဆေးဖက်ဝင်သော ပင်လတ်တမျိုး။
(ရှေးအခါက
အင်္ဂတေဖော်စပ်ရာတွင် အသုံးပြုသည်။)
အုံပွင့်
— ကြိ /အုန်းပွင့်/
[ဥပစာ]
မျိုသိပ် ချုပ်တည်းထားရာမှ မမျိုသိပ်နိုင်ဘဲ ပွင့်ဟပြောဆိုသည်။
"အကြီးအကျယ်
အုံပွင့်ကာ ထွက်အန်၍။" ချစ်ကြွေး၊ ၂၇၉။
အဆောက်အအုံ
– န / အဆောက်အအုန်း / ၁၊ သစ်၊ ဝါး၊ အုတ် စသည်တို့ဖြင့် တည်ဆောက်ထားသော လူနေအိမ်၊
ကျောင်း စသည်။ “အဆောက်အအုံ တခုလုံးနှင့် အထူးသဖြင့် စာသင်ခန်းများ
ကျယ်ကျယ်ဝန်းဝန်းရှိရန်။” ကြံဉာဏ်။ ၇၉။ ၂၊ စည်းတည်ရှိသောဒြပ်။ စုဖွဲ့တည်ရှိသောအရာ။
“လောက၌ ပကတိမြဲသည်... ...အသက်ရှည်ခြင်း၏ အဆောက်အအုံကြီး တပါးဖြစ်၏။” ဘာဝနာ။ ၂၆၄။
အဆောက်အဦ
– န / အဆောက်အအူ / ၁၊ ကိရိယာ တန်ဆာပလာ။ အသုံးအဆောင် ပစ္စည်း။ “ထိတ်လန့်ခြင်း
ပြင်းစွာဖြစ်၍ စွဲသောလေး အစရှိသော မိမိ အဆောက်အဦကို ပစ်စွန့်လျှင်း၍။” ပါရာသစ်။
၁၀၀။ ၂၊ အဆောက်အအုံ – န၊ ၁၊ ရှု။ “အဆောက်အဦနှင့် စာသင်ကျောင်းများတွင်။” ဥပဒေ။
၁၆၂။ ၃၊ ဆေးဝါးဖော်စပ်ရာ၊ ဟင်းချက်ရာစသည်တို့တွင် ထည့်သွင်းအသုံးပြုရသော
တို့လီမို့လီ ပစ္စည်း။ “စားတော်သည်တို့သည်... အထူးထူး အပြားပြား များစွာသော
အဆောက်အဦဖြင့် ပြီးစေအပ်သော အခြေ လေးချောင်းရှိသော သားတို့မှ ဖြစ်သော
အသားကို၎င်း။” ကြိကုဏ်။ ၄၇၀။
အဆောက်အဦး
– န / အဆောက်အအူး / ၁၊ အဆောက်အအုံ – န၊ ၁၊ ရှု။ “ကျောင်းနေရာ မကောင်းသော်၎င်း၊
ကျောင်းအဆောက်အဦး မကောင်းသော်၎င်း၊ မလာသေးကုန်သော ရဟန်းတို့ လာလိုသောစိတ်
ရှိကြကုန်မည် မဟုတ်ပေ။”
တိုးပွား။
၂၀၉။ ၂၊ အဆောက်အဦ – န၊ ၃၊ ရှု။ “စဖိုအိမ်၏ အထက်ဖြင့်သွားသည်ရှိသော်
ချဉ်အမဲငါးတို့၏ မွှေးကြိုင်သော အဆောက်အဦ တို့ဖြင့် ထုံအပ်သော အနံ့သည် နံ၍ လောဘကို
ဖြစ်စေ၍။” ငါး၊ ၄၂၊ ၂၄၂။
ဦ
အဆောက်အဦ
ဦနေသောငါးခြောက်
(အူနေသောငါးခြောက်)
ခွေးဦသည်
(ခွေးအူသည်)
ဦး
ကဏ္ဍဦးအစ
(ကနဦးအစ)
ဆီဦးထောပတ်
ဒိုက်ဦး
ရှိခိုးဦးတင်
လက်ဦး
လှည်းဦးပွတ်
လာပါဦး
(လာပါအုံး)
အစကနဦး
အစဦး
ဦးကင်း
ဦးချ
ဦးစွာ
ဦးဆက်
ဦးထိပ်ရွက်
ဦးထုပ်
ဦးပဉ္ဇင်း
ဦးမစို
(မရှာမဖွေ မတောင့်မတ)
ဦးမထောင်း
(ရန်သူမနိုင်)
ဦးမလေး
ဦးမလေး
(ဝန်ပေါ့သည်)
ဦးပြည်း
ဦးရင်
(နားရွက်နှင့်တကွ ရင်ပတ်၍ပေါင်းသော ခေါင်းပေါင်း)
ဦးရီး
ဦးလုံးဝေဆာ
ဦးလည်မသုံ
ချီတက်သည်
ဦးဦးဖျားဖျား
ဦးခေါင်း
ဦးဆောက်ပန်း
ဦးနှောက်
ဦးခက်
ဦးခြံ
ဦးချို
ဦးစွန်းဖုတ်
ဦးဆံဖားလျား
ဦးဆက်
ဦးတည်ချက်
ဦးထိပ်
ဦးထုပ်
ဦးပဉ္စင်း
ဦးယဉ်းခေါင်းခဲနာ
ဦးပြည်းခေါင်းတုံး
ဦးရည်
(ထန်း)
ဦးရီး
ဦးလုံးသွင်း
ဦးလုံးသိမ်း
ဦးလည်မသုန်
ဦးခေါင်း
ဦးစောက်ကျွမ်းပြန်
ဦးဆွေးဆံမြည့်
ဦးဆောက်ပန်း
ဦးလေး
ဦးသျှောင်
ဦးအောင်လုပ်
ဦးနှောက်
ဦးညွှတ်
ရှေ့ဦး
အုံ
ကွမ်းအုံရွာ
ခအုံပင်
ငါးရံ့သင်းအုံ
ငါးသင်းအုံ
စိတ်အုံသည်
တအုံနွေးနွေး
တဲအုံ
နားအုံ
ပျားအုံ
ယင်အုံသည်
ဝိုင်းအုံသည်
အုံ၍လာကြသည်
အုံတုံတုံနေသည်
အုံတုံပင်
အုံပုံး
အုံကြွ
အုံအုံသဲသဲ
အုံအုံသောင်းသောင်း
အုံဆေး
ဥုံခံ
ဥုံဖွ
ခေါင်းအုံသည်
ဆေးအုံသည်
တောစွန်အုံနား
နို့အုံ
ဒေါက်တာတင့်ဆွေ










Comments
Post a Comment