Skip to main content

စောနက အသုံး မှားကြောင်း

ဆရာရှင့် စောနက နဲ့ ခဏက နဲ့ဆိုရင်ရော ဘယ်အသုံးကပိုမှန်မလဲ သိချင်ပါတယ် ကျွန်မက ခဏက ခဏလေး တင် အဲ့သလိုသုံးတတ်လို့ပါရှင့်
တင်ထားတာကို နည်းနည်းလောက် ဖတ်ရင် သိပါမယ်။
- စောနကတင် ဖုန်းလာတယ် - မမှန်ပါ။
- စောနက လိုင်းကျသွားလို့ - မမှန်ပါ။
- စောနက ပတ္တမြားလား - မမှန်ပါ။
- စောနက ဧည့်သည်လာသွားလို့ - မမှန်ပါ။
စောရ နဲ့ ယောနက လို့ ရှိတယ်။  စောနကဆိုတာ အဲဒီ ၂ လုံးကိုပေါင်းတာလာတော့ မသိ။
စောရ = သူခိုး၊ ခိုးသား။ ရုပ်အားအသာ၊ ခိုးတတ်စွာသား၊ ဇရာစောရ၊ မကြွမီခင်၊ ရွယ်တုန်းတွင်၌။
စောရနက္ခတ်နဲ့ယှဉ်မွေးလာသူ။
ယောနကတိုင်း = ယောနယ်
ယောနကတိုင်းတွင် ထင်ရှားသောမြို့ကြီးများမှာ ကလေးမြို့၊ တိမ်ညင်းမြို့၊ ရာဇဂြိုဟ်ဟု ကလေးဘုံမြို့၊ ယောမြို့၊ ဆောမြို့၊ လောင်းရှည်မြို့၊ ထီးလင်းမြို့ဟူ၍ ယောလေးမြို့၊ လောင်းတောင်ကင်းတို့ ဖြစ်သည်။ ဗုဒ္ဓသာသနာလည်း ပွင့်လင်းစည်ပင်ခဲ့၏။
ယောနယ်က သူခိုးကို ရည်ညွှန်းတာတော့ မဟုတ်လောက်လို့ထင်တယ်။
စောရသက်ပြင်းဝတ္ထု (မဟာဆွေ)
စောရသက်ပြင်း (ဒဂုန်ရွှေမျှား)
မြန်မာလိုရေးတဲ့ ခရစ်ယာန်ကျမ်းစာထဲအမည်တခုက ယောန။
ခရစ်ယာန်ကျမ်းစာကို ဟောတာလည်း မဟုတ်လို့ထင်တယ်။
စောစာကကို စောနကလို့ ပြောနေကြတာ မှားတယ်။ အစောကလို့ ပြောရင်လည်း ကရင်အမည်ဖြစ်မယ်။ စောစောလေးက။ စောစောတုန်းက၊ စောစောကလို့ ပြောရတယ်။
စောစောက တင်ပြထားသေးတယ်။
'စောန' သည် 'စောခ' ၏ ညီဖြစ်သည်။ 'စောမြ' ၏ အကိုဖြစ်သည်။  'စောလှ' က သူ့နှမ။
ထပ်ဖြည့်ရဦးမယ်။ 'စောန' သည် 'စောရသက်ပျင်း' မျိုးဆက်ထဲကဖြစ်၏။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ