တင်ထားတာတခု ဖတ်ရတယ်။
စိန်ပန်းပြာနဲ့ဝေးဝေးမသွားပါနဲ့လား - ကျနော်တို့တက္ကသိုလ်ရောက်စက လွမ်းမောဖွယ်၊ နာကျင်ဖွယ်ဇာတ်လမ်းတပုဒ်ကြားဖူးခဲ့တယ် စသဖြင့်။
ကျေးဇူး။
ကျွန်တော့အတွက်ကတော့ တဘက်နိုင်ငံ Shilong ရှီလောင်းမြို့ကိုရောက်မှ စိန်ပန်းပြာကို ကောင်းကောင်းမြင်ဘူးတော့တယ်။ လွမ်းစရာဆိုလို့ ကျန်ရစ်ခဲ့တဲ့ မိသားစုနဲ့ ကိုယ့်တိုင်းပြည်။
ဝ/သ မန်းနဲ့ ဆေး မန်းမှာ စိန်ပန်းအနီရဲရဲတွေ။ နေပူပူ၊ ဖုန်ထူထူနဲ့ ကျောင်းစာတွေ မနည်းဖတ်နေခဲ့ရတာ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment