Skip to main content

အိုက်၊ အာ့၊ အာလာ

အသံထွက်နှင့် စာရေးနည်း (အိုက်၊ အာ့၊ အာလာ)

၁။ ဆရာရှင့် အိုက်ဆေးကို တခြားမြို့မှာသွားဝယ်တာရလာတယ်။

၂။ အာ့တွေက စာလုံးပေါင်း အမှန်ကို ပြောတာလားဆရာ။

၃။ ဆရာရှင့် အသက်က ၂၂ ပါ ရာသီရက်မမှန်လို့ပါရှင့် အိုက်တုံးကလဲရက်ကျော်လို့

၄။ သမီး ကလေး ၁နှစ်ပြည့်တဲ့အချိန်မှာ ၅နှစ်ခံထည့်ထားပါတယ် အာလာထုတ်ပြီးကတည်းက ကိုယ်ဝန်မရတာ ဘာကြောင့်ပါလဲ

၅။ အာ့ဆေးက ဘာအတွက်သောက်ရတာပါလဲဆရာ ဖြေကြားပေးပါခင်မျာ

၆။ အာ့နောက်ပိုင်း မသောက်ဖြစ်တော့ပါဘူးဆရာ

အာ့ ဆိုတာ မရှိပါ။ အ၊ အာ၊ အား သာရှိတယ်။ အိုက်ဆိုတာ ပူအိုက်သည်၊ အိုက်စပ်စပ်၊ အိုက်စပ်ပူလောင်။ 

အဲတာလို့ ရေးရပါမယ်။ အဲဒါလို့ထွက်တယ်။ အဲဒါလို့လည်းရေးကြတယ်။ ထိုဟာ၊ ၎င်း၊ ယင်း၊ အနှီ၊ လို့လည်း ရေးနိုင်တယ်။ အဲတာက စာဆန်တယ်။ အဲဒါက စကားပြောဆန်တယ်။ အဲဒီဟာ၊ အဲသည်ဟာ၊ အဲဟာလို့လည်း ပြောကြတယ်။ အဲ့ မသင့်။ အာ့ မသင့်ပါ။ အိုက် မှားကိုမှားတယ်။ အာလာ မမှန်။

ဖဆပလ ခေတ်က ဘိုလိုအတော်ပြောကြတယ်။ ညှပ်ပြောကြတာ။ 'အိုင်ဆေး' ဆိုတာ ငါပြောမယ်။ ကျွန်တော် ကျမပြောမယ်။

အဲ

အဲခိုး = အားထုတ်သည်

အဲချင်း

အဲဗျာ

အဲမွန်တရာ

အဲမွန်ဒယာ

အဲမောင်း = လှံရှည်

အဲ့

အသံအဲ့သည်

အဲ့တဲ့တဲ့နေသည်

အဲ့တဲ့တဲ့နံသည်

အဲ့အဲ့ = ရွံစရာ

အယ်

တအယ်အယ်ငိုသည်

မိုင်းအယ်ရွာ

ဝမ်းအယ်နေသည်

သစ်အယ်သီး

ဒါ

ဒါနပြုသည်

ဒါယကာ

ဒါယိကာမ

ဒါသ = ကာလီဒါသ

ဒါနောရက္ခိုသ်

အယ်

တအယ်အယ်ငိုသည်

မိုင်းအယ်ရွာ

ဝမ်းအယ်နေသည်

သစ်အယ်သီး

အာ

ကျီးအာသီး၊

အာကြမ်းနှုတ်ကြမ်း၊

အာခေါင်၊

အာစလျှာစ၊

အာပူမှုတ်၊

အာဂန္တုဧည့်သည်၊

အာဂုံဆောင်၊

အာဇာနည်၊

အာနန္ဒာ၊

အာနုဘော်၊

အာပတ်ဖြေ၊

အာမဘန္တေ၊

အာယုကပ်၊

အာရုံကြော၊

အာဟာရ၊

အာလိမ်ငါးဆင့်၊

ဒီ

ဒီကရီချသည်

ဒီကျ ဒီတက်

ဒီဃတာလ

ဒီဃနိကာယ်

ဒီဃာယုက

ဒီဃာဝု

ဒီဇင်္ဘာလ

ဒီပယင်း၊ ဒီပဲယင်း၊ ဒီပဲ့ယင်းမြို့ (မွန်-မြန်မာ ကပြားအသုံး၊ ဒီ = ရေ၊ ပဲ့ =ဆိတ်၊ ယင်း = တော)

ဒီပရာဇ်

ဒီပဝင်ကျမ်း

ဒီပိုးကောင်

ဒီလုံးကာတွန်း

ဒီလုံးခင်းသည်

ဒီလုံးငှက်

ဒီလီပဆာမင်း

ဒီလီမြို့၊ ဒေလီမြို့

ဒီရေ

အချိန်ဒီကရီ

သည်

ကုန်သည်

ကုန်သည်

ကချေသည်

လက်သည်

လာသွားသည်

သည်ကိစ္စ

သည်ထန်မင်း

သည်ပင် = သည်မျိုး = သည်ရင်း = သည်ရန် = သည်လျာ = သည်ဟောင်း = မယား-လင်

သည်ပိုးရွက်ဆောင်သည်

သည်မိုး

သည်ရင် = ဆွေးသည်၊ မယား-လင်

သည်ဝါသံခံ = မင်းစေလုလင်

သည်အမှု

သည်အလုပ်

အဆိုသည်

အလုပ်သည်

အသည်ငယ်

အသည်ငယ်

အသည်ကြီး

အသည်ဝန်ကြီး

အသည်အဝါ

အပြောသည်

ဧည့်သည်

ဈေးသည်

သတ်ပုံကျမ်းမှာမပါလည်း စကားမှာသုံးပါတယ်။ စကားပြောသလိုစာရေးနည်း အတော်ကြီးကို တွင်ကျယ်နေပါပြီ။ ကျွန်တော်တို့ ဆေးကျောင်းသားခေတ်မှာ စာပေတိုက်ပွဲပုံစံဖြစ်ခဲ့တယ်။ စကားဖြစ်ဖြစ် စာဖြစ်ဖြစ် ရွေးသုံးသင့်တယ်။ အပျော်အလွယ်ရေးတာလည်း သင့်မှန်ရပါမယ်။

ဒေါက်တာတင့်ဆွေ

၂၄-၇-၂၀၁၉

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ