ကွန်မင့်တခု = ရ နဲ့ က လွဲတာကတော့ ကျွန်မလဲ စိတ်ထဲတော်တော်အဆင်မပြေဘူး ဆရာ။ နှုတ်ကပြောတာကို ဒေသသံပါလေဆိုပြီး ဖြည့်တွေးလို့ရသေးပေမယ့် စာရိုက်ပြီးပြောတဲ့အခါမှာ ရနဲ့ က ကို လွဲရေးတာကတော့ မဖြစ်သင့်တဲ့ အမှားလို့ထင်ပါတယ်။ စက်မှုတက္ကသိုလ်တက်တော့ ဒုတိယနှစ်မှာ ရူပဗေဒသင်ပေးတဲ့ ဆရာမက ရနဲ့ကကို မှားပြောတာ စကြားဘူးတာပဲ။ ဆရာမဆိုတော့ ဘာမှလဲ ပြန်မပြောရဲတော့ အောင့်သက်သက်နဲ့ ငြိမ်နေခဲ့ရတာ။
ပြန်စာ
(၁)
တမြန်နှစ်လောက်က ကျောင်းသူတယောက်က ရေးပါတယ်။ သူတို့သူငယ်ချင်းတစုက ဆရာမကို မွေးနေ့အမှတ်တရလက်ဆောင် ပေးကြတာ 'အမှတ်တရ' လို့ ရေးထားတာကို ဆရာမဆိုသူက 'အမှတ်တစ်ရ' လို့ ပြင်ခိုင်းသတဲ့။
(၂)
စိုင်းခမ်းလိတ်က ခွဲစိတ်ခန်းကဆရာမလေးသို့ သီချင်းကို သတ်ပုံမှန်နဲ့ရေးပါတယ်။
ခွဲစိတ်ခန်းက ဆရာမလေးသို့
KEY : C
INTRO : | C Em | Dm G | C Em | Dm G |
သာယာနာပျော်ဖွယ် အသံနဲ့ ပြောတဲ့စကားရယ်
လူနာကို ညှာတာစွာ ကိုင်တွယ်ပုံလေးရယ်
ခြုံကာ ရင်မှာ ဘယ်လိုနေမယ် ခန့်မှန်းတယ်....
နှလုံးသားလုတဲ့ဆရာမလေးရယ်
အပြုံးလဲလှတဲ့ ဆရာမလေးရယ်....
သူ့အပြုအစုကို ခဏလောက် ခံကြည့်စမ်းချင်တယ်
တကယ်ပါ Theatre မှာ မေ့ဆေးမရှိလဲကွယ်
သုသာပါမယ်ဆိုရင် အခါတရာပြန်ခွဲတောင်
ကိုယ်လေ ယုံကြည်ပါတယ် နာမယ်မထင်ဘူးကွယ်
စိတ်ညှို့ကောင်းတဲ့ ဆရာမလေးရယ်....
မျက်လုံးလှတဲ့ ဆရာမလေးရယ်....
သူ့ရဲ့အကြည့်ဟာ လောကကို မေ့သွားစေတယ်
ROUND CHORTS C Em Dm G
လူနာကိုကျော်ကာလေ ပွင့်ပြောခွင့်မရှိဘဲ ရင်မှာ ခင်မင်
တယ်ဆိုတဲ့ တောင်ကျော်ခဲ့တာ အမူအရာ မလိမ်ညာနိုင်အောင်
ထင်ပေါ်နေပေါ့ကွယ် မျက်နှာဖုံးစွပ်နဲ့ ဆရာမလေးရယ်
ခွဲစိတ်ခန်းက ဆရာမလေးရယ် အပြင်လောကမှာ
ခဏလောက်တော့ တွေ့စမ်းချင်တယ်....
(၃)
ခေတ်သုံး သတ်ပုံပြင် စာလုံးပေါင်းပျက်တွေထဲမှာ ဆရာဝန်ကို မျက်စိနောက်အောင်လုပ်တာတွေ ရှိတယ်။
၁။ ခွဲစိတ် ကို ခွဲစိပ် တဲ့။
၃။ လူနာကုတင် ကို ခုတင် တဲ့။
၃။ ခွဲစိတ်ဒါး ကို ဓား တဲ့။ ဓါး တောင် မှားသတဲ့။
သားဖွားမီးယပ် ကို မီးယက် လို့က ရှိသေး။
သားဖွါး တောင် မှားသတဲ့။
ခရင်မ် ကို ကရင် လို့လည်းရေး။
ဂွကျတယ်။
ပြင်တယ်ဆိုတာ ပိုကောင်း၊ ပိုမြန်၊ ပိုမှန်အောင်ပြင်ရတယ်။
ခွဲစိတ်ခန်းကဆရာမလေးသို့ (ရေး - စိုင်းခမ်းလိတ်၊ ဆို- ဆိုင်းထီးဆိုင်) https://www.youtube.com/watch?v=H8dDRHimL20
မှတ်ချက်
မေ့ဆေး ကို မေးဆေး လို့ဖြစ်နေတာ ပုံနှိပ်တိုက်အမှား ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment