စိန်ပန်းရယ်တဲ့ ထိန်ထိန်နီ
ပွင့်သိင်္ဂီ ရွှေပိတောက်
တောတလျှောက် မတိုင်မီ
ပွင့်ဦးတယ်လို့ မာန်မချီ
ရာသီရဲ့ မေတ္တာပန်း။
သူ့ခေါင်းမှာ တဝေဝေ
ကိုယ့်ခေါင်းမှာ တဝေဝေ
ပိတောက်တွေ ဂုဏ်ရှိန်မြင့်ပြန်တော့
လေသင့်ရာ ကိုယ်မမွှေးသူမို့
အရေးမပြိုင်ဆိုင်ဘု
ဖြစ်နိုင်ရင် ခိုင်ရွှေသွေးကို
ပေးချင်ရဲ့ ကိုယ့်သက်တမ်း။
တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကဗျာမှာ တော'တစ်'လျှောက် သူ့ခေါင်းမှာ 'တစ်'ဝေဝေ၊ ကိုယ့်ခေါင်းမှာ 'တစ်'ဝေဝေ မဟုတ်ပါ။
တက္ကသိုလ်ဘုန်းနိုင်စာတွေကို သဘောကျနှစ်ခြိုက်သူတွေက စာတွေကို ကူးတင် ပြန်ထုတ်ကြတယ်။ မူရင်းအတိုင်း မှန်တာရယ်လို့ မတွေ့သေးပါ။
ခေါင်းပေါ်ကပန်းတွေ၊ တာရှည်ခံ မွှေးကြပါစေ။ စင်ပေါ်ကပန်းတွေ တာရှည်ကြာ လန်းကြပါစေ။ ရင်ထဲကပန်းတွေ အစဉ်သာ လန်းဖြာကြပါစေ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment