ဖြစ် – ကြိ / ဗျစ် / ၁။ တစုံတရာသော အခါ၊ တစုံတရာသော သဘော မှန်ကန်ပြီးမြောက်ပြည့်စုံခြင်းရှိသည်။ “ဤအဆောက်အဦကား ပြတိုက်ဖြစ်သည်။” “ကြောက်ရွံ့သည် ဖြစ်၍။” ဝက်။ ၂၃။ ၂။ မရှိသေးသည်မှ စတင်ပေါ်ရှိသည်။ “ရုရှားပြည်တွင်းစစ်ဖြစ်သည်။” ကျောင်းဒါါ။ ၉၃။ ၃။ အခြေစွဲတည်ပေါ်ပေါက်သည်။ (ပြည်တွင်းဖြစ်၊ လက်ဖြစ်၊ စက်ဖြစ် စသည် သုံးနှုန်းသည်။) “သမုဒြာဖြစ်၊ လက်ျာရစ်ခရုသင်းကို ကိုင်ပြီးသော်။” မြန်မင်း။ ၁၆။ ၄။ ဘဝသစ်၊ အခြေသစ် တစုံတရာရရှိသည်။ ဖွားမြောက်ဝင်စားသည်။ “ထိုအမတ် ရသေ့ဖြစ်လျှင်၊ ကမ္ဘာ့တန်းဆာဖြစ်သော ဓမ္မသတ်ကျမ်းကို။” နု။ မာတိကာ။ “ပုဏ္ဏားအမျိုး၌ ဖြစ်၍၊ သာရဒလုလင်ဟု အမည်တွင်၏။” ပါရာ။ ၃။ ၅။ ငြိစွန်းသည်။ ရည်ငံသည်။ (“ရည်းစားဖြစ်”သည်၌ မြုပ်၍သုံးသည်။) “သူ့လင်သည် ကျွန်တော်နှင့် ဖြစ်နေမှန်းသိလျက်နှင့် အတင်း လုယူသူ။” ဖြတ်ကျော်။ ၉။ ၆။ စွမ်းမြောက်သည်။ လက်ရာထူးချွန်သည်။ “လက်သမားအတတ်မှာ အလွန်ဖြစ်သည့်လူ။” ယူ။ ၆၉၉။
– စဉ်း / ဗျစ် / ဆောင်ရွက်မှု တစုံတရာ အထမြောက်ကြောင်း ဖော်ပြသည့်စကားလုံး။ “ဤစီမံသည့်အတိုင်း၊ မလုပ်ဖြစ်ခဲ့ချေ။” သေမင်း။ ၃၄၈။
ဖြစ်ကတတ်ဆန်း – ကြိဝိ / ဗျစ်ဂဒတ်ဆန်း / အထူးပြုပြင် ဖန်တီးရန် အားထုတ်ကြိုးစားမှုမပြုပဲ အလျောက်ဘာသာ ဖြစ်လာသည့်အတိုင်း။ ဖြစ်ကတတ်ဆန်း ဖြစ်ကတဆန်း ဟူ၍လည်း သုံးတတ်သည်။ (မှတ်ချက်- အဘိဓာန်စာမျက်နှာအောက်ခြေတွင် "ဖြစ်ကတဆန်း"၊ "ဖြစ်ကကမျာ၊ ကပျက်ကချော်" ဟု စာသားအချို့ ဖြတ်ညှပ်လျက် ကျန်ရှိနေပါသည်။)
ဖြစ်ကတတ်ဆန်း = အထူးပြုပြင် ဖန်တီးရန် အားမထုတ်ပဲ အလျောက်ဘာသာ ဖြစ်လာသည့်အတိုင်း။ ဖြစ်ကာမျှ။ ကပျက်ကချော်။
မှတ်ရန်
'အားမထုတ်ပဲ' သည် 'အားမထုတ်ဘဲ' မဟုတ်ပါ။ 'မ' နောက်က 'ဘဲလိုက်' အဆိုစကား နေရာတိုင်းမှာတော့ မမှန်ပါ။
အခုခေတ်မှာ မြန်မာစာကို ဖေါ်မြူလာနည်းတွေနဲ့သင်နေကြတယ်။ တွေ့သမျှ ပုံသေနည်း ၄-၅ ခုရှိတယ်။ မမှန် သို့မဟုတ်မ ခြွင်းချက်တွေပါနေတယ်။
ပုံသေနည်းဆိုတာ (၁ + ၂ = ၃) အမြဲမှန်ရတယ်။
အခုခေတ်က ဘာမဆို ဖြစ်ကတတ်ဆန်း။ ဖြစ်ကတတ်ဆန်းကိုတောင် မှန်အောင်မရေးတတ်သူတွေရှိတယ်။
သမိုင်းနဲ့ပြောရရင် ကျွန်တော်တို့ ဖြစ်ကတတ်ဆန်း ပြောနေ၊ ရေးနေ၊ လုပ်နေခဲ့ကြတာ ကြာပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment