ကွန်မင့်တခု = ပါရီးစ့် (ပါရီးစ့် စန့်ဂျာမွန်း) လို့ အနီးစပ်ဆုံး ခေါ်ပါတယ်၊ ပဲရစ် မဟုတ်ပါ။
ပြန်စာ
ဘာသာစကားမတူတာတွေကနေ ရယူတဲ့အခါ မူရင်းအသံထွက်အတိုင်းရခဲ့ပါကြောင်းကို မကြာခဏတင်ပြထားတယ်။ သက်သေခံနမူနာတွေလည်း များလှပြီ။
ပြင်သစ်နဲ့ ပဲရစ် ကို အသုံးများနေတယ်။
ကင်းဝန်မင်းကြီးစာအုပ်မှာ Paris ပါရစ် လို့ ဘာသာပြန်တယ်။
စာရေးဆရာ ၃ ဦးက -
၁။ ဝိုးတဝါးပါရီနှင့် ငြိမ်းချမ်းရေး ခရီးသည် (သိန်းဖေမြင့်)
၂။ ကိုကိုမောင်က ပါရီတွင် သောင်တင်ခဲ့စဉ်ကလို့ ရေးတယ်။
ကွန်မင့်တခု =China ကို တရုတ်လို့ ခေါ်ပြီး French ကို ပြင်သစ် လို့ ဘာကြောင့် ခေါ်တာလဲ ဆရာ။
တရုပ်-မြန်မာ နယ်နိမိတ်စာချုပ် (၂၈-၁-၁၉၆၀) အရ တရုပ် စာလုံးပေါင်းမှန်။
ကွန်မင့်တခု =France နိုင်ငံကို ဘာလို့ ပြင်သစ်လို့ခေါ်ကြတာလဲ ဆရာ ခင်ဗျ
ကင်းဝန်မင်းကြီးရေးတဲ့ လန်ဒန်သွား နေ့စဉ်မှတ်တမ်း (ဦးဘေမောင်တင် တည်းပြဋ်ပြင်ဆင်သည်)၊ ၁၉၅၄ ခုနှစ်ထုတ်မှာ
France ပရံစေ
France ပြင်သစ်
Paris ပါရစ်
Portugal ပူတကေ
မြန်မာ့စွယ်စုံကျမ်းမှာလည်း ပြင်သစ်လို့ရေးပါတယ်။
ဖရင့်စ် နိုင်ငံသုံး ဖရင့်ချ် ဘာသာစကား အသံထွက်က အင်္ဂလိပ်နဲ့ မတူတာတွေ များတယ်။
ကျွန်တော်တို့ နှုတ်ကျိုးနေကြတဲ့ ပဲရစ် အသံထွက် မမှန်ပါ။
ပြင်သစ်၊ ပဲရစ်၊ ပါရီ၊ အသံထွက်မှန်ရင်လည်း မြန်မာပြည်မှာ အလုပ်မဖြစ်။
ဘာသာပြန်စာပေ နှီးနှောဖလှယ်ပွဲကို ၁၉၆၉ ခု၊ စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ငါးရက်တိုင်တိုင် ရန်ကုန်မြို့၊ ကုန်သည်လမ်း၊ ဂန္ဒီခမ်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
တင်ပြသူ ဦးသိန်း (ဇဝန)
ရွှေပြည်ဝန် ဦးလှိုင်သည် အရက်ပျံကို “အပ်လကော်” ဟူ၍ ရေးသည်။ “အဲလ်ကိုဟော်လ်” ဟူ၍ မရေးဟု ဥပမာပြသည်။
ယူဂိုဆလားဗီးယားခေတ်က မာရှယ်တီးတိုး လို့အများစုက ရေးကြပေမဲ့ လင်းယုန်နီ ဘာသာပြန်က တစ်တိုးထံအမှုထမ်းစဉ်က။
အခုခေတ်မှာလည်း တခြားဘာသာစကားထဲက စာလုံးတွေကို ဘာသာပြန်တဲ့အခါ အဆင်မပြေတာတွေ အတော်များတယ်။ ဆေးပညာကိုတော့ ကောင်းကောင်းသိပါတယ်။ အသံထွက်အတိုင်း အနီးစပ်ဆုံး ဘာသာပြန်ရတာတွေရှိသလို ဖြစ်နိုင်ရင် မြန်မာစာလုံးပြန်ရတယ်။ ပညာရှင်၊ စာရေးသူ၊ ဆရာဝန်၊ လူနာ၊ အရပ်ခေါ်တွေ အတော်ကို မတူပါ။
ကင်ဆာကို ကင်စာလို့ ရေးနေကြတာ မသင့်မှန်ပါ။ အာထွာဆောင်းကို အာထွာစောင်းလို့လည်း မသင့်မှန်ပါ။ တီဘီ ရောဂါကို ရုပ်မြင်သံကြား တီဗွီ နဲ့ လွဲနေသူတွေ မနည်းပါ။ စကင် (စကန်)။ ခီမို (ကီမို)။
အသားကျနေတာတွေက ပြင်ရခက်တယ်။ ဇန္နဝါရီလ၊ ဇွန်လ၊ ဇူလိုင်လ၊ သြဂုတ်လ၊ ဧပရယ်လ် ဆိုရင် တချို့က မျက်စောင်းထိုးမယ်။
ဗြိတိန်၊ ဗြိတိသျှ၊ တူရကီ၊ ပြင်သစ်၊ ပဲရစ် (ပါရီ)၊ ကူမင်း (ကွေ့မင်)။
ပြင်သစ်၊ စပိန်၊ ဂျာမန်စကားလုံးတွေက အသံထွက်မှန်ရအောင် ရေးဘို့ ပိုခက်တယ်။
အစဉ်အဆက် အင်္ဂလိပ်လို့ ရေးကြပေမဲ့ ဂျတ်ဆင် ခေါ် ယုဒသန်က အင်္ဂလိတ်။
အင်္ဂလိပ် ဘာသာကနေယူတာထက် ပြင်သစ်၊ ဂျာမဏီ၊ စပိန်ဘာသာစကားတွေကနေယူရင် ပိုပြီးလွဲမှားပါတယ်။
ဒါပေမဲ့ နှုတ်ကျိုးနေတာတွေကို ပြန်ပြင်ရ ခက်တယ်။ ပြောတဲ့ ရေးတဲ့သူက မှန်ပေမဲ့ နားထောင်သူ စာဖတ်သူတွေက နားမလည်ပြန်ရင် အလုပ်ကမဖြစ်ပြန်။
မှတ်ချက်
ပြန်ထုတ်စာအုပ် ၉၅% တို့ဟာ မူရင်းစာအုပ်ကို ထင်သလိုပြင်ထားကြတယ်။
သဘောမတူကြသည်ဖြစ်စေ မှန်အောင်တော့ အတတ်နိုင်ဆုံး ထောက်ပြရမှာဘဲ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment