(ဂန္ထလောက မှတ်တမ်း)
ရန်ကုန်တက္ကသိုလ် (ယူနီဗာစီတီ) နှင့် စပ်လျဉ်းသော အင်္ဂလိပ် အခေါ်များကို မြန်မာပြန်ရန် အလို့ငှါ ၁၂၉၂-ခုနှစ်၊ သီတင်းကျွတ်လ္ဆန်း ၆-ရက်နေ့၊ ၄-နာရီခွဲ အချိန်တွင်၊ ပြည်လမ်း တက္ကသိုလ်ကျောင်းတိုက်ကြီး (ယူနီဗာစီတီကောလိပ်)၊ ပင်းယကျောင်းဆောင် ဆရာများအခန်းတွင် အစည်းအဝေး ကျင်းပရာ၊
- ပါမောက္ခ ဆရာကြီး ဦးဘေမောင်တင်
- ယုဒသန်ကျောင်းတိုက် ဆရာ ဦးထွန်းဘေ
- ဝတ်လုံတော်ရ ဦးသိန်းမောင်
- အဂ္ဂမဟာပဏ္ဍိတ ဆရာလင်း
- ဆရာပွါး
- ကဝိမျက်မှန် ဆရာဝ
- ပြည်ကြီးမဏ္ဍိုင် ပါဠိဆရာ ဆရာညွန့်
- သစ္စာဝါဒီ သတင်းစာတိုက် ဦးလွန်းနှင့် ဆရာတင့်
- စာတော်ပြန်ဌာန စာရေးကြီး ဆရာရိပ်
- တက္ကသိုလ်ကျောင်းတိုက်ကြီး ပါဠိကထိက မစ္စတာကာစင်
- ၎င်း ဦးလူဘေဝင်း
- ဆရာဝန်ကြီး ကာနယ်လက်
- တက္ကသိုလ်ကျောင်းတိုက်ကြီး ဘာသာပြန်နည်းပြဆရာ (ဂန္ထလောက တည်းဖြတ်သူ) ဦးဘသောင်း နှင့်
- မြန်မာ့အလင်း ဦးစိန်း
တို့ ကြွရောက်၍၊ အောက်ပါအတိုင်း အင်္ဂလိပ်အခေါ်များကို မြန်မာဘာသာပြန်ရန် သဘောတူကြလေသည်။
University ... တက္ကသိုလ်
College ... ကျောင်းတိုက်
Hall (or Hostel) ... ကျောင်းဆောင်
Laboratory ... ဓာတ်စမ်းရုံ
Convocation ... ဘွဲ့နှင်းသဘင်
Union Society ... သမဂ္ဂအသင်း
Senate ... ပါမောက္ခအဘွဲ့
Council ... အဘွဲ့ချုပ်
Governing Body ... အုပ်ချုပ်ရေးအဘွဲ့
Standing Committee ... ပင်တိုင်သမာဓိအဘွဲ့
Executive Committee ... အမှုဆောင်အဘွဲ့
Board of Moderators ... အောင်မှတ်ဆုံးဖြတ်ရေးအဘွဲ့
Board of Studies ... ပညာသင်ကြားရေးအဘွဲ့
Board of Examiners ... စာစစ်ရေးအဘွဲ့
Intermediate Class ... ဥပစာတန်း
B. A. ... ဝိဇ္ဇာဘွဲ့ရ
B. Sc. ... သိပ္ပံဘွဲ့ရ
B. L. ... ဥပဒေပညာဘွဲ့ရ
M. B., B. S ... ဆေးပညာဘွဲ့ရ
M. A. ... မဟာဝိဇ္ဇာဘွဲ့ရ
M. Sc. ... မဟာသိပ္ပံဘွဲ့ရ
Doctor ... ပါရဂူ
Principal ... ကျောင်းအုပ်ကြီး
Warden ... အဆောင်မှူး
Dean of Medical Studies ... ဆေးပညာသင်ကြားရေး ဌာနမှူး
Dean (Judson College) ... အတွင်းမှူး
Professor ... ပါမောက္ခ ဆရာကြီး
Lecturer ... ကထိက ဆရာ
Assistant Lecturer ... ဒုတိယ ကထိကဆရာ
Tutor ... နည်းပြဆရာ
Reader ... စာချဆရာ
Demonstrator ... သရုပ်ပြဆရာ
Registrar ... စာရင်းထိန်း အရာရှိ
Bursar ... ငွေတိုက်စိုး
Chancellor ... အဓိပတိ
Vice- Chancellor ... ဒုတိယ အဓိပတိ
Pro- Chancellor ... ကိုယ်စား အဓိပတိ
Chairman ... ခုံလူကြီး
Chemistry ... ဓာတုဗေဒ
Botany ... ရုက္ခဗေဒ
Physics ... ရူပဗေဒ
Biology ... သတ္တဗေဒ
Zoolology ... တိရစ္ဆာနဗေဒ
Logic ...... တက္ကဗေဒ
Geology ... ဘူမိဗေဒ
Engineering ... ကမ္မန္တဗေဒ
Civil Engineering ... ရဋ္ဌကမ္မန္တဗေ
Mechanical Engineering ... ယန္တကမ္မန္တဗေဒ
Economic ... စီးပွားရေးပညာ
Philosophy ... သဘာဝတ္တပညာ
Astrology ... နက္ခတ္တပညာ
Mathematics ... သင်္ချာပညာ
Fine Arts ... သုခုမဝိဇ္ဇာ
Surgery ... သတ္တကမ္မဆေးပညာ
Physiology ... ဇီဝိတသဘာဝပညာ
Anatomy ... ကာယသမ္ဘာရပညာ
Pathology ... ရောဂဗေဒ
Midwifery ... ဝမ်းဆွဲအတတ်
Gynaecology ... မီးယပ်ပညာ
Forensic Medicine ... ရုံးမှုဆိုင်ရာ ဆေးပညာ
[အထက်ပါအစည်းအဝေး အတွင်း စိုက်ပျိုးရေးကျောင်းတိုက် သရုပ်ပြဆရာ ဦးတင်ထံမှ ပို့လိုက်သော အကြံပေးချက်များကိုလည်း ဆွေးနွေးသည်။ ယခင် ဂန္ထလောကတွင် (ဆိုင်းယန့်)ကို ဝိဇ္ဇာ ဟုပြန်၍၊ (အာ့တ်) ကို သိပ္ပံဟု ပြန်ခဲ့ရာ၊ အကြောင်းမျိုးစုံကို ခြုံ၍ စဉ်းစားသည် ရှိသော် (ဆိုင်းယန့်) အဆို သိပ္ပံနှင့် ပို၍ သင့်လျော်ပြီးလျှင် (အာ့တ်) အဆို ဝိဇ္ဇာနှင့် ပို၍ လျောက်ပတ်သောကြောင့် ရှေ့နောက်ပြောင်း၍၊ ဆိုင်းယန့် ကို သိပ္ပံ၊ (အာ့တ်)ကို ဝိဇ္ဇာ ဟူ၍ ခေါ်ဆိုအပ်ပေပြီ]။ ။
တည်းဖြတ်သူ။
(ဂန္ထလောကမဂ္ဂဇင်း။ 1930- October.)
မှတ်ချက် - တတိယအကြိမ်မြောက် အစည်းအဝေး ဖြစ်သည်။ သခင်ဘသောင်း (မှတ်တမ်းတင်) ရေးသည်ဟု ထင်ပါသည်။
#ရှေးစာကဗျာများ ကျေးဇူး။
ဖြည့်စွက်ချက်
Intermediate A (IA) တက္ကသိုလ် ပဌမနှစ် = ဥပစာတန်း (က)
Intermediate B (IB) တက္ကသိုလ် ဒုတိယနှစ် = ဥပစာတန်း (ခ)
Bachelor of Art degree ဘီအေ = ဝိဇ္ဇာဘွဲ့
Bachelor of Science သိပ္ပံဘွဲ့
Master မဟာဘွဲ့
PhD ပါရဂူဘွဲ့
Major အဓိကဘာသာရပ်
University တက္ကသိုလ်
College ကောလိပ်
အင်္ဂလိပ်အခေါ် ဂန္ထလောက သတ်မှတ်ချက် ယနေ့ခေတ် အသုံးအနှုန်း
Anatomy ကာယသမ္ဘာရပညာ ခန္ဓာဗေဒ
Physiology ဇီဝိတသဘာဝပညာ ကာယကံကုသိုလ် / သက်ကမ္မဗေဒ (သို့) ရူပက္ခန္ဓာပညာ = ဇီဝကမ္မဗေဒ
Surgery သတ္တကမ္မဆေးပညာ ခွဲစိတ်ကုသမှုပညာ
Midwifery ဝမ်းဆွဲအတတ် သားဖွားပညာ
Gynaecology မီးယပ်ပညာ သားဖွားနှင့် မီးယပ်ပညာ
Forensic Medicine ရုံးမှုဆိုင်ရာ ဆေးပညာ မှုခင်းဆိုင်ရာဆေးပညာ
Microbiology အနုဇီဝဗေဒ (အဏုဇီဝဗေဒ)
Pathology ရောဂါဗေဒ
Specialist အထူးကုဆရာဝန်
Physician သမားတော်
ဒေါက်တာတင့်ဆွေ

Comments
Post a Comment