Skip to main content

စားမှာလား သောက်မှာလား

စားမှာလား သောက်မှာလား ထပ်မံတင်ပြခြင်း

မုန့်တီက စားရ တာလား၊ မုန့်ဟင်းခါးက သောက်ရတာလား။

မုန့်တီက စားရ တာလား၊ မုန့်ဟင်းခါးက သောက်ရတာလား။

မုန့်တီက စားရ တာလား၊ မုန့်ဟင်းခါးက သောက်ရတာလား။

၂၇-၁၂-၂၀၂၅ နေ့က တင်ပြထားပြီး။

တင်ထားတာတခု = မုန့်ဟင်းခါး နဲ့ အုန်းနို့ခေါက်ဆွဲက အရသာမတူပေမယ့် version တူတူပဲနော် သိချင်တာကလေ ... မုန့်ဟင်းခါးကို သောက်တယ်ဆို အုန်းနို့ခေါက်ဆွဲကျ ... စားတာလား သောက်တာလားဟင် မနောက်ဘူးနော် တကယ် သိချင်တာပါ (မုန့်ဟင်းခါးသောက်တယ်ဆိုတာကို ဒေသအသုံးအနှုန်းမို့ လက်ခံပါတယ် ဒါပေမယ့် အုန်းနို့ခေါက်ဆွဲကျ ဘာလို့မသောက်တာလဲ စဉ်းစားနေမိပြီ

ပြန်စာ

စား

မြန်မာအဘိဓာန် အကျဉ်းချုပ်

စား = အစိုင်အခံ၊ အဖတ် စသည်ကို ဝါး၍ မျိုသည်။

စားကောင်းသောက်ဖွယ် = ကောင်းမွန်သော စားစရာ သောက်စရာ အစု။

သောက် = ရေ အရည် စသည်ကို မျိုသည်။ အခိုး စသည်ကို ပါးစပ်တွင်းသို့ ရှိုက်သွင်းသည်။

မုန့်ဟင်းခါးစားကြွပါ လို့ အရပ်စကားရှိတယ်။ မိတ်ဆွေ သူငယ်ချင်းတွေကို အိမ်မိုး၊ အိမ်ရွှေ့ အကူအညီတောင်းရာမှာ သုံးတဲ့စကား။ အခကြေးငွေ မပေး၊ မုန့်ဟင်ခါးကျွေးတယ်။

မုန့်ဟင်းခါးစားတယ်။ ဟင်းရည်သောက်တယ် လို့ပြောဆိုတာကသာ နားထဲအဆင်ပြေပါတယ်။

ဆေးပြားကိုရော ဆေးရည်ကိုပါ ဆေးသောက်ပါလို့လည်း ပြောကြပါတယ်။

သောက်ဆမ်းဟင်း စားကြည့်ပါဦး စသည်။

မုန့်ဟင်းခါးဆိုတာမှာ နှစ်မျိုးရှိတယ်။ အသုပ်နဲ့ အရည်ဖျော်။ အရည်ပါတာကိုသာ မုန့်ဟင်းခါးလို့ပြောလေ့ရှိပြီး၊ သုပ်တာကို မုန့်ဟင်းခါးလက်သုပ်။ အသုပ်ကိုစားပြီး၊ ဟင်းရည်ကို ပန်းကန်သီးခြားနဲ့ သောက်ရတယ်။

မုန့်ဟင်းခါးအတွက် နန်းသေးကိုသာ သုံးကြတယ်။ နန်းလတ်နဲ့ နန်းကြီးဆိုရင် မုန့်တီ။

ကောက်ချက်ချရရင် -

သူ့အရပ်နဲ့ သူ့ဇာတ်အတိုင်းပြောမှသာ အဆင်ပြေလောက်ပါတယ်။

အရင်က မြန်မာ့စွယ်စုံကျမ်းအထိ မုံ့ လို့သာ ရေးပါတယ်။

version လို့တော့ မခေါ်ပါ။ အပြင်အဆင်မတူဘူးလို့ ပြောကြပါတယ်။ ဗားရှင်းဆိုတာက ရန်ကုန်ပြင်ဆင်နည်း၊ အညာဒေသပြင်ဆင်နည်း စတာကိုသာ ခေါ်တယ်။ ဥပမာ အညာမှာ မု့န်ဟင်းခါးထဲ ပဲသီးမထည့်ကြပါ။ မွန်ဒေသနဲ့ ထိုင်းနယ်စပ်မှာသာ ထည့်ကြတယ်။ သုံးတဲ့ ဆန်မှုန့်၊ ပဲအမျိုးအစား၊ ငါးအမျိုးအစားလည်း မတူကြပါ။ အဲလိုမတူတာကိုသာ ဗားရှင်း ခေါ် လက်ရာ မတူဘူးလို့ ပြောကြပါတယ်။

စုံတော့ မစုံသေး။ စာရေးတာနဲ့ ဆာလာပြီ။

ဒါပေမဲ့ လူကြီးမင်းသဘော။ စားလို့ကစား၊ သောက်လိုက်သောက်။ မှောက်လိုမှောက်၊ လှန်လိုလှန်။

ကျွန်တော်တို့တိုင်းပြည်က နိုင်ငံရေးသာမလွတ်လပ်တာ၊ ကျန်တာထင်သလို ကိုယ့်သဘော။

မှားလေးလေး လူကြိုက်များလေလေ။ လိမ်လေလေ ဖေါက်သည်များလေလေ။ ညာလေလေ ဖေါ်လိုဝါများလေလေ။ စာနဲ့ အချက်အလက် မှားရေးတာများသူ အင်ဖလူယင်စာ။

5,900+ Woman Eating Soup Stock Photos, Pictures & Royalty-Free Images - iStock

ပုံထဲက အမျိုးသမီး "ဆုပ်" "အိတင်း" တဲ့။

လူကြီးမင်း အားဆေး၊ ဆီးချိုဆေး၊ ကိုလက်စထောဆေး၊ သွေးကျဆေး၊ သွေးကျဲဆေး ဆေးသောက်ပြီးပြီလား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ