Skip to main content

ဟု ဟုပ် ဟုတ်

ကွန်မင့်တခု = ဟုပ်ကဲ့ပါရှင်
ဟုတ်ကဲ့ လို့ ရေးရ။
ကွန်မင့်တခု =ဆရာက ဆရာကြီးမဟာဆွေဝတ္တုထဲက ဒေါက်တာတင့်ဆွေမဟုပ်လား စောရဗလလေ
ပြန်စာ
ကျွန်တော့အကြောင်း စာထဲ ထည့်ရေးတာ မရှိပါ။ မဟုတ်လား လို့ ရေးရပါသည်။
၁။ ဟုတ်
ဟုတ်¹ - ကြိ / ဟုတ် / ၁၊ အမှန်တကယ်ဖြစ်သည်။ "သူသည် ပညာရှိဟုတ်၏။"
၂၊ ဖြစ်မြောက်အောင်မြင်သည်။ "သံကြီး စာကို ဖတ်တတ်သောသူသည် အတော် ဟုတ်သောသူ။" ကမ္ဗ၊ ဂ၇။
ဟုတ် - နဝိ / ဟုတ် / မှန်ကန်သော၊ အတည်ဖြစ်သော၊ အမှန်တကယ်ဖြစ်သော။ "ပွဲသဘင်အလယ်၌ ဟုတ်သည့်အတိုင်း မိန့်တော်မူသည်။" နူ၊ ၁၅၂-၃။ "ကျွန်ုပ်လည်းမဟုတ်၊ သဘော ဟုတ် လျှက်၊ ကုတ်ကုတ်ကြီးဆုံး။" ဓမ္မ*၊ ၂၁။
၂။ ဟုတ်
ဟုတ်² - ကြိ / ဟုတ် / [ပေါ်] လေခတ်သည်။ "မကြာလျှင် ခုတ်၊ လေပြင်းဟုတ်က၊ တိမ်အုပ်ခဲထွေး။" နဒီ*၊ ၁၀။ "ဟုတ်သော ဂျွမ်းပုံကဲ့သို့။" အဋ္ဌ၊ ဒု၊ ၃၅။ "မှန်တိုင်းကဟုတ်၊ ဝဲကစုပ်သော်။" ဇပျို့*၊ ၂၃။
၃။ ဟုတ်ခနဲ
ဟုတ်ခနဲ - ကြိဝိ / ဟုတ်ခနဲ / ရုတ်တရက် လေမှုတ်ချက်နှင့်အမျှ လျှင်မြန်စွာ။ "ဖယောင်းတိုင် မီးတောက် ကလေးများ ဟုတ်ခနဲ၊ ဟုတ်ခနဲ ငြိမ်းပျောက် သွားသကဲ့သို့ လည်းကောင်း။" ဝိပဿနာ၊ ဒု၊ ၁၂၇။
၄။ ဟုတ်ကဲ့
ဟုတ်ကဲ့ - န / ဟုတ်ကဲ့ / မေးသည့်အချက်ကို ဝန်ခံခြင်း၊ သဘောတူကြောင်း၊ ဟုတ်မှန်ကြောင်း ဖြေကြားခြင်း စသည်တို့အတွက် အတိုအကျဉ်း တုံ့ပြန်သော စကား။ (“ဟုတ်” ကြိယာတွင် ကြိယာဆုံးပစ္စည်းဖြစ်သော (မဲ့၊) “ကဲ့” ကို တွဲစပ်ထားသည်။)
၅။ ဟုတ်စ
ဟုတ်စ - န / ဟုတ်စာ / ဟုတ်ပါ၊ ဟုတ်ပါသလား ဟု၍ မေးလိုသည့် အတိုသုံးသောစကား။
၆။ ဟုတ်တိပတ်တိ
ဟုတ်တိပတ်တိ - ကြိဝိ / ဟုတ်တိပတ်တိ / ဟုတ်သည် ပြောရလောက်အောင်။ ထိုက်တန်ပြည့်စုံစွာ။ အတည်။
၁။ ဟုတ် နဲ့ ဟုတ်ကဲ့ ဘာကွာလဲသိချင်ပါတယ်ဗျ
၂။ ဟုပ်ကဲ့ ဆရာ နှင့် ဟုတ်ကဲ့ ဆရာ ဘယ်ဟာ မှန်ပါလည်း ဆရာ။
ဟုတ်ကဲ့ လို့ရေးရ။
၃။ ဟုတ်ကဲ့ လို့ရေးရတာလား ဟုပ် လို့ ရေးရတာလား သိချင်လို့ပါ။
ဟုတ်ကဲ့ လို့ရေးရ။
၄။ ဟုပ်ကဲ့ပါဆရာ၊ သေချာစဥ်းစားပါသေးတယ် ပသက်နဲ့မှတ်လို့၊ ယခုလိုပြင်ပေးတဲ့အတွက် ကျေးဇူးဂါရဝပါ။
ဟုတ်ကဲ့ပါလို့ ရေးရတယ်။
၅။ ဟုဆရာ ဆရာ့ကို အပြင်မြင်ဖူးချင်လို့
ဟုတ်ဆရာလို့ ရေးရတယ်။
၆။ ဟုကဲ့ပါရှင်
ဟုတ်လို့ ရေးရ။ ဟုခေါ်သည်လို့ရေးရ။
၇။ ဟု အမ်ဘယ်လိုပြောရမလဲ ဟု ပြောပြပေးပါ
၈။ ဟုခဲ့ရှင့် နောက်ထပ်ဆေးကို ၆ လမှ တိုက်ရမယ်ဟုလားဆရာ
ဟု မဟုတ်။ ဟုခဲ့ မဟုတ်။ ဟုတ်ကဲ့လို့ရေးရ။ ဥပမာ သီလခံယူ ဆောက်တည်နေသူကို ဥပုသ်သည်ဟုခေါ်သည်။
၉။ ဟုပ်ကဲ့ပါဆရာ ယောကျ်ားလေးပါ အသက် ၃၁ ပါ
ဟုတ်လို့ ရေးသင့်။
၁၀။ ဟုပ်ကဲ့ပါဆရာ ကျေးဇူးတင်ပါတယ်။
ဟုတ်လို့ ရေးသင့်။
၁၁။ ဟုကျေဇူပါ
ဟုတ်ကျေးဇူးပါလို့ ရေးရ။
၁၁။ ဟုပ်ကဲ့ ဆရာ စာလုံးပေါင်းမှာရင် ခွင့်လွှတ်ပေးပါ ဆရာ မသိသာ ရှိရင်လည်း သင်ပြပေးပါဆရာ
မသိတာလို့ ရေးရတယ်။ ဟုတ်ကဲ့ပါလို့ ရေးရတယ်။
၁၂။ ဟု sorry အမ်ဘယ်လိုပြောရမလဲ ဟု ပြောပြပေးပါ မိန်းမကိုယ်ယားတာ ဆေးခန်းမသွားပဲ သက်သာချင်လို
ဟု မဟုတ်။ ဟုတ်လို့ ရေးရတယ်။ ဥပမာ မောင်ဘဟု ခေါ်သည်။
၁၃။ ဟုပ်လဲဟုပ်ပဲနဲ့ 
ဟုတ်လည်း ဟုတ်ဘဲနဲ့ လို့ ရေးရ။
၁၄။ ဟုပ်တယ် ပြောပြလိုက်
ဟုတ်လို့ ရေးသင့်။
၁၅။ အခွက်လာပြတာ ဟုပ် မေ့နေမာဆိုးလို့ ...
ဟုတ်လို့ ရေးသင့်။
၁၆။ ဟုပ် အဲ့တာကြောင့်ပဲ ငါတို့ ဒီလို ... ဟုပ်ကို လှမ်းပေးကာ မဲ့ပြုံး ပြုံးပြလိုက်သည်။
ဟုတ်လို့ ရေးသင့်။
၁၇။ ဘာမှဟုပ်ဘူး
မဟုတ်လို့ ရေးသင့်။
၁၈။ မင့်ကရှင်းပြနေတဲ့ကြားက သူကမင့်ကို သူက ... ကိုစတိုင်နဲကိုယ်တော့ ဟုပ်နေဒါဘဲ ...
ဟုတ်လို့ ရေးသင့်။
ဟုတ်
တမုဟုတ်ခြင်း
မုံတိုင်းတဟုပ်၊ ဝဲကစုပ်သော်
မဟုတ်ပါ
မီးတဟုတ်ဟုတ်
ပြဟုပ်
လင်းဟုပ်ငှက်
ဟုတ် = ယုတ္ထာ = ဟုတ်မှန်သောသဘော၊ ဟုတ်မှန်သည်
ဟုတ်ကနဲ
ဟုတ်ကဲ့
ဟုတ်တိပတ်တိ
ဟုတ်တိုင်းမှန်ရာ
ဟုတ်ပါစ
ဟုတ်မှန်သည်
ဟုတ်ရာမှန်ရာ
ဟုတ်သည်
ဟုတ်ဟုတ်ညားညား
ဟုတ်ဟုတ်ညားညား
ဟုတ်လေမတ္တ = ဟုတ်လေးတမတ် = မခန့်မငြား မရိုမသေပြုသည်
ဟုပ်
ဟုပ်ခနဲ
ဟုပ်စား = ဟုပ်ပြင်း = လုယက်ဖျက်ဆီးသူ = သူခိုး ဓါးပြ
ဟုပ်တွန်း (လေ)
ဟုပ်ဟုပ် = အဆောတလျင်
ဟုပ်ဟုပ်မြည်သံ
ဟုပ်ပေရာ၏ (ဟုပေယျ)
အဟုတ်အဟတ်
ဟုတ်တိပတ်တိ ရွာမလိုလိုပါ မိုးတောင်ညိုမည်းလေသောအခါ။
ကဝိဓဇသတ်ပုံကျမ်း
ဟိတ်။ ။ ။အန္တရဟိတ်=(အတွင်းအပြင်)။ မဟိဒ္ဓိဟိတ်။ ။
ဟုတ်။ ။ ။ဟုတ္တာ=ဟုတ်တ္တ=(ဟုတ်မှန်သည်- ဟုတ်သောသဘော)။ ဟုတ်လေတ္တေ=ဟုတ်လေးတမတ်=(မခန့်ညား- မရှိသေပ္ပုသည်)။ ဟုတ်သည်။ အဟုတ်အဟတ်။ တမဟုတ်ခြင်း။ သို့မဟုတ်။ ဟုတ်ရာမှန်ရာ။ ဟုတ်ကဲ့။ ဟုတ်ကနဲ။ ဟုတ်ပါစ။ ဟုတ်ဟုတ် ဟုတ်ဟုတ်။ စီးတဟုတ်ဟုတ်။ ။
ဟုပ်။ ။ ။ဟုပ်ပေရုခ်။=(ဟုံပေယျ)။ မိတုံ့ကာမဟုပ်။ ဝဲကစုပ်သော်။ ဟုပ်စား=ဟုပ်ပြင်း=(လွယ်ကယက်ဖျက်ဆီးသည်- သူခိုး- ဓါးပြ)=[ပေါ]။ ဟုပ်ဟုပ်=(အဆောတလျင်)=[ပေါ]။ လင်းဟုပ်ငှက်။ ပြုဟုပ်။ ။
[ ဟန် - ဟာန် - ဟလ် ]။
ဟန်။ ။ ။ဟန်ကြီးသည်။ ဟန်ကြီးပန်ကြီး။ ဟန်ပန်လေ့လာ။ ဟန်ရေး ဝါရေး။ ဟန်ဟန်ပန်ပန်။ ပြုဟန်မူဟန်။ ဟန်လုပ်သည်။ အရဟန်။ ရှမ်းသို့ဟန်ဘွား။ ဟန်ဆောင်သည်။ ဟန်ပန်မူရာ။ ကိုယ်ဟန်လက်ဟန်။ ကောင်းဟန်မြို့။ ဟန်လင်းမြို့။ ပုပ္ပါးစောရဟန်မင်း။ ။
ဟာန်။ ။ ။ပဟာန်ငါးပါး။ တဒဂ်ပဟာန်။ ဝိက္ခမ္ဘနပဟာန်။ သမုစ္ဆေဒပဟာန်။ ပဋိပဿဒ္ဓိပဟာန်။ နိဿရဏပဟာန်။
ဟလ်။ Honorific prefix သို့မဟုတ် ဗျည်းဆင့်။ မဟလ္လတာတန်ဆာ။ မဟလ္လတာနွယ်ချို။ ။
[ ဟံ - ဟန့် - ဟန်း - ဟမ်း ]။
ဟံ။ ။ ။အဂ္ဂဟံဂက်ဘော်။ ရှင်အရဟံ။ အဟံဘာရ။ ဟံသ်=(အ
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ