သားရေစာ သရေစာ ဘယ်ဟာမှန်သလဲဆရာ
အဆင့်မြင့်မူကြိုကျောင်း ၁ခုမှာ သားရေစာ လို့ရေးထားတာတွေ့မိလို့ပါ
သွားရည် – န / သဃေ / သဃော / ခံတွင်းမှ (အစားကိုစိုစွတ်စေရန်) ယိုစီးထွက်သော အရည်။
သွားရည်ကျ – ကြိ / သဃေကျ / ၁။ တစုံတရာသော အစားအစာကို မြင်တွေ့ရသောအခါ ပြင်းထန်သော စားလိုစိတ်ဖြင့် ခံတွင်း၌ သွားရည် စိမ့်ထွက် ယိုကျသည်။ ၂။ ကလေးငယ်များ၌ မထိန်းဆည်း တတ်သဖြင့် ခံတွင်းမှ အရည်များ ပါးစပ်ပြင်သို့ ယိုထွက်စီးဆင်းသည်။ ၃။ [ဥပစာ] မြင်တွေ့ရသော တစုံတရာကို လိုလားတပ်မက်သော ဆန္ဒဖြစ်ပေါ်သည်။
သွားရည်ခံ – န / သဃေဂန် / ကလေးငယ် များတွင် ပါးစပ်မှ ယိုစီးကျသော သွားရည်များ စွတ်စိုပေးရခြင်း မရှိအောင် လည်ပင်းသိုင်းကြိုးဖြင့် ရင်ဘတ်ပေါ်တွင် ထပ်တင်၍ ဆွဲခံထားသော အဝတ်တမျိုး။
သွားရည်စာ – န / သဃေစာ / သားရေစာ – န၊ ရှု။
သွားရည်ယို – ကြိ / သဃေယို / သွားရည်ကျ – ကြိ၊ နှင့် အတူတူ။
သရဝဏ် – န / သရုဝန် / နက္ခတ် ၂၇ လုံး အပါအဝင် မြားသဏ္ဌာန်ရှိ ကြယ်သုံးလုံးပါနက္ခတ်တလုံး။ "သရဝဏ်နက္ခတ်မှာ မြားသဏ္ဌာန် (ဝါ) မောင်ရင်ဆိုင်းထမ်းသဏ္ဌာန် သုံးလုံးတန်းလျက်ရှိသည်။" စွယ်ကျမ်း၊ ၆။ ၇၄။ [ပါ]
သရီရဓာတ်တော် – န / သရိယဓာတ်တော် / ဘုရား၏ကိုယ်တော်မှဖြစ်သော ဓာတ်တော်။ [ပါ]
သရေ – န / သယေ / ကျက်သရေ – န၊ နှင့် အတူတူ။ [ပါ]
သရေ – နဝိ / သယေ / အရည်တူဖြစ်သော။ အရှုံးအနိုင်မရှိဖြစ်သော။
သရေပွဲ – န / သယေပွဲ / တဦးနှင့်တဦး တဘက်နှင့်တဘက် ယှဉ်ပြိုင်သောပွဲတွင် အရှုံးအနိုင်မရှိသည့်ပွဲ။
သရဲ – နဝိ / သယဲ / တစုံတခုသောအရာ၌ အလွန်အကြူးပြုမူသော။ "ဒီလူ သိပ်အစား သရဲ တာပဲ။"
– န / သယဲ / မကောင်းဆိုးဝါးကောင်တမျိုး။
သရော် – စည်း / သယော / အတိတ်အချိန်ကာလကို ပြသောစကားလုံး။ "ရှေးသရော်အခါ ဗာရာဏသီပြည်၌။" သမန်၊ ပ။ ၃၁၇။
သရောဆိုင်း – ကြိ / သယောဆိုင်း / ကောက်ပဲသီးနှံ ရှားပါးပြတ်လပ်၍ အငတ်ဘေး ဆိုက်ရောက်သည်။ "အလွန် အစာ ခေါင်းပါးသည့်ကာလ သရောဆိုင်း၍ လူအပေါင်းတို့ ငတ်မွတ်ကြသည်။" ယု၊ ၁၀၀၉။
သရော် – ကြိ / သယော် / ကျီစယ်သည်။ ပျက်ချော်ပြုသည်။ လှောင်ပြောင်သည်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment