Skip to main content

AI သုံးနေသူတွေကို အရူးလို့ခေါ်သူကို ဘလော့လိုက်ပါသည်

မက်ဆေ့ချ်တခု = အေအိုင်ကိုသွားမေးတော့အရူးပေါ့ အေအိုငါဆိုတာက ခုမှ ခလေးလေးရှိသေးတာ
မက်ဆေ့ချ် ရေးသူကို Block လုပ်လိုက်ပါသည်။
ကျွန်တော့အမြင် -
ကွန်ပြူတာတွေ အများသုံးထက်ထဲရောက်တည်းက စသုံးရပါတယ်။ 
Screen အဖြူနဲ့အမည်း။
Windows မပေါ်သေး။ DOS ခေတ်။
Mouse မပေါ်သေး။
Printer လည်း Laser မပေါ်ခင်ကတည်းက သုံးခဲ့တယ်။
Laptop မပေါ်သေး။ CPU ခေတ်။
Search engine အမျိုးမျိုးသုံးရတယ်။
Google မပေါ်သေး။
Email အမျိုးမျိုး။ Gmail ခေတ်မစားသေး။
ဆေးပညာ
တောအရပ်မှာ ရှိတဲ့ဆေးနဲ့ ဆေးပစ္စည်းတွေနဲ့ ဆေးကုသ၊ မွေးဖွားရ၊ ခွဲစိတ်ကုသခဲ့ရပါတယ်။
Ultrasound မပေါ်သေး။ MRI မသိသေး။
ကင်ဆာတွေကတော့ ဖြစ်နေပြီ။
ခေတ်တိုင်းမှာ ခြောက်ပြစ်ကင်း သဲလဲစင်က စပေါ်တာမဟုတ်။
ကိုကာကိုလာ အထိသာစောင့်နေရင် ပြည်တွင်းထုတ် ဒါးတန်းဘိလပ်ရေ သောက်ခဲ့ရမှာမဟုတ်။
ဘာဂါ စောင့်နေရင် မုံ့ပေါင်း စားရမှာမဟုတ်။
ဘယ်အရာမဆို ပေါ်စမှာ အကြမ်းထည်။
အကြမ်းထည်ကို လူအများသုံးခွင့်ရချိန်မှာ ၂/၄၀ ချည်ထည်အဆင့်ရောက်ပြီ။ ဝတ်ခဲ့ကြရဘဲ။
တက်ထရက်၊ တာပေါ်လင် မပေါ်ခင်က မာလကျင်၊ ပေါ်ပလင်ကိုသာ ဝတ်ခဲ့ကြပါတယ်။
နိုင်လွန်မပေါ်ခင်က ပင်နီဖျင်။
ကျွန်တော်တို့ဆေးကျောင်းမှာ သင်ယူရတဲ့စာအုပ်ထဲမှာ HIV, COVID-19 မပါခဲ့ပါ။ ရောဂါသစ်တွေ၊ ဆေးသစ်တွေကိုသာစောင့်နေရင် ဆရာဝန် မရှိလောက်။
နောက်တချက်
အခုလို AI ခေတ်မှာလည်းအရာရာကို စိစစ်၊ ဆန်းစစ်မှု မလုပ်လို့မရပါ။ ကိုယ်ပိုင် အသိပညာလိုတယ်။
ကျွန်တော် AI chatbot tools တွေ သုံးပါတယ်။ သူတို့ဆီကရသမျှတိုင်းကို မှန်တယ်လို့ မထင်ပါနဲ့။
ကိုယ်ပိုင် အသိပညာနဲ့ ဆန်းစစ်ရ၊ ပြုပြင်ရတယ်။
ပညာအခံမရှိသူတွေ AI ဖြစ်ဖြစ် ZI ဖြစ်ဖြစ် ညံ့မြဲညံ့နေကြပါလိမ့်မယ်။
ငုတ်တုတ်ကြီးထိုင်ကြည့်နေသူတွေကလည်း များတယ်။
မျက်စိမှိတ်၊ ဦးနှောက်ပိတ်ထားသူတွေနဲ့ အရေအတွက်တူတယ်။
မြန်မာစကားပြော၊ မြန်မာလိုစာရေးသူတွေထဲမှာပေါ့။
ဒေါက်တာတင့်ဆွေAI သုံးနေသူတွေကို အရူးလို့ခေါ်သူကို ဘလော့လိုက်ပါသည်
မက်ဆေ့ချ်တခု = အေအိုင်ကိုသွားမေးတော့အရူးပေါ့ အေအိုငါဆိုတာက ခုမှ ခလေးလေးရှိသေးတာ
မက်ဆေ့ချ် ရေးသူကို Block လုပ်လိုက်ပါသည်။
ကျွန်တော့အမြင် -
ကွန်ပြူတာတွေ အများသုံးလက်ထဲရောက်ကတည်းက စသုံးရပါတယ်။ 
Screen အဖြူနဲ့အမည်း။
Windows မပေါ်သေး။ DOS ခေတ်။
Mouse မပေါ်သေး။
Printer လည်း Laser မပေါ်ခင်ကတည်းက သုံးခဲ့တယ်။
Laptop မပေါ်သေး။ CPU ခေတ်။
Search engine အမျိုးမျိုးသုံးရတယ်။
Google မပေါ်သေး။
Email အမျိုးမျိုး။ Gmail ခေတ်မစားသေး။
ဆေးပညာ
တောအရပ်မှာ ရှိတဲ့ဆေးနဲ့ ဆေးပစ္စည်းတွေနဲ့ ဆေးကုသ၊ မွေးဖွားရ၊ ခွဲစိတ်ကုသခဲ့ရပါတယ်။
Ultrasound မပေါ်သေး။ MRI မသိသေး။
ကင်ဆာတွေကတော့ ဖြစ်နေပြီ။
ခေတ်တိုင်းမှာ ခြောက်ပြစ်ကင်း သဲလဲစင်က စပေါ်တာမဟုတ်။
ကိုကာကိုလာ အထိသာစောင့်နေရင် ပြည်တွင်းထုတ် ဒါးတန်းဘိလပ်ရေ သောက်ခဲ့ရမှာမဟုတ်။
ဘာဂါ စောင့်နေရင် မုံ့ပေါင်း စားရမှာမဟုတ်။
ဘယ်အရာမဆို ပေါ်စမှာ အကြမ်းထည်။
အကြမ်းထည်ကို လူအများသုံးခွင့်ရချိန်မှာ ၂/၄၀ ချည်ထည်အဆင့်ရောက်ပြီ။ ဝတ်ခဲ့ကြရဘဲ။
တက်ထရက်၊ တာပေါ်လင် မပေါ်ခင်က မာလကျင်၊ ပေါ်ပလင်ကိုသာ ဝတ်ခဲ့ကြပါတယ်။
နိုင်လွန်မပေါ်ခင်က ပင်နီဖျင်။
ကျွန်တော်တို့ဆေးကျောင်းမှာ သင်ယူရတဲ့စာအုပ်ထဲမှာ HIV, COVID-19 မပါခဲ့ပါ။ ရောဂါသစ်တွေ၊ ဆေးသစ်တွေကိုသာစောင့်နေရင် ဆရာဝန် မရှိလောက်။
နောက်တချက်
အခုလို AI ခေတ်မှာလည်းအရာရာကို စိစစ်၊ ဆန်းစစ်မှု မလုပ်လို့မရပါ။ ကိုယ်ပိုင် အသိပညာလိုတယ်။
ကျွန်တော် AI chatbot tools တွေ သုံးပါတယ်။ သူတို့ဆီကရသမျှတိုင်းကို မှန်တယ်လို့ မထင်ပါနဲ့။
ကိုယ်ပိုင် အသိပညာနဲ့ ဆန်းစစ်ရ၊ ပြုပြင်ရတယ်။
ပညာအခံမရှိသူတွေ AI ဖြစ်ဖြစ် ZI ဖြစ်ဖြစ် ညံ့မြဲညံ့နေကြပါလိမ့်မယ်။
ငုတ်တုတ်ကြီးထိုင်ကြည့်နေသူတွေကလည်း များတယ်။
မျက်စိမှိတ်၊ ဦးနှောက်ပိတ်ထားသူတွေနဲ့ အရေအတွက်တူတယ်။
မြန်မာစကားပြော၊ မြန်မာလိုစာရေးသူတွေထဲမှာပေါ့။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ