မက်ဆေ့ချ်တခု = အေအိုင်ကိုသွားမေးတော့အရူးပေါ့ အေအိုငါဆိုတာက ခုမှ ခလေးလေးရှိသေးတာ
မက်ဆေ့ချ် ရေးသူကို Block လုပ်လိုက်ပါသည်။
ကျွန်တော့အမြင် -
ကွန်ပြူတာတွေ အများသုံးထက်ထဲရောက်တည်းက စသုံးရပါတယ်။
Screen အဖြူနဲ့အမည်း။
Windows မပေါ်သေး။ DOS ခေတ်။
Mouse မပေါ်သေး။
Printer လည်း Laser မပေါ်ခင်ကတည်းက သုံးခဲ့တယ်။
Laptop မပေါ်သေး။ CPU ခေတ်။
Search engine အမျိုးမျိုးသုံးရတယ်။
Google မပေါ်သေး။
Email အမျိုးမျိုး။ Gmail ခေတ်မစားသေး။
ဆေးပညာ
တောအရပ်မှာ ရှိတဲ့ဆေးနဲ့ ဆေးပစ္စည်းတွေနဲ့ ဆေးကုသ၊ မွေးဖွားရ၊ ခွဲစိတ်ကုသခဲ့ရပါတယ်။
Ultrasound မပေါ်သေး။ MRI မသိသေး။
ကင်ဆာတွေကတော့ ဖြစ်နေပြီ။
ခေတ်တိုင်းမှာ ခြောက်ပြစ်ကင်း သဲလဲစင်က စပေါ်တာမဟုတ်။
ကိုကာကိုလာ အထိသာစောင့်နေရင် ပြည်တွင်းထုတ် ဒါးတန်းဘိလပ်ရေ သောက်ခဲ့ရမှာမဟုတ်။
ဘာဂါ စောင့်နေရင် မုံ့ပေါင်း စားရမှာမဟုတ်။
ဘယ်အရာမဆို ပေါ်စမှာ အကြမ်းထည်။
အကြမ်းထည်ကို လူအများသုံးခွင့်ရချိန်မှာ ၂/၄၀ ချည်ထည်အဆင့်ရောက်ပြီ။ ဝတ်ခဲ့ကြရဘဲ။
တက်ထရက်၊ တာပေါ်လင် မပေါ်ခင်က မာလကျင်၊ ပေါ်ပလင်ကိုသာ ဝတ်ခဲ့ကြပါတယ်။
နိုင်လွန်မပေါ်ခင်က ပင်နီဖျင်။
ကျွန်တော်တို့ဆေးကျောင်းမှာ သင်ယူရတဲ့စာအုပ်ထဲမှာ HIV, COVID-19 မပါခဲ့ပါ။ ရောဂါသစ်တွေ၊ ဆေးသစ်တွေကိုသာစောင့်နေရင် ဆရာဝန် မရှိလောက်။
နောက်တချက်
အခုလို AI ခေတ်မှာလည်းအရာရာကို စိစစ်၊ ဆန်းစစ်မှု မလုပ်လို့မရပါ။ ကိုယ်ပိုင် အသိပညာလိုတယ်။
ကျွန်တော် AI chatbot tools တွေ သုံးပါတယ်။ သူတို့ဆီကရသမျှတိုင်းကို မှန်တယ်လို့ မထင်ပါနဲ့။
ကိုယ်ပိုင် အသိပညာနဲ့ ဆန်းစစ်ရ၊ ပြုပြင်ရတယ်။
ပညာအခံမရှိသူတွေ AI ဖြစ်ဖြစ် ZI ဖြစ်ဖြစ် ညံ့မြဲညံ့နေကြပါလိမ့်မယ်။
ငုတ်တုတ်ကြီးထိုင်ကြည့်နေသူတွေကလည်း များတယ်။
မျက်စိမှိတ်၊ ဦးနှောက်ပိတ်ထားသူတွေနဲ့ အရေအတွက်တူတယ်။
မြန်မာစကားပြော၊ မြန်မာလိုစာရေးသူတွေထဲမှာပေါ့။
ဒေါက်တာတင့်ဆွေAI သုံးနေသူတွေကို အရူးလို့ခေါ်သူကို ဘလော့လိုက်ပါသည်
မက်ဆေ့ချ်တခု = အေအိုင်ကိုသွားမေးတော့အရူးပေါ့ အေအိုငါဆိုတာက ခုမှ ခလေးလေးရှိသေးတာ
မက်ဆေ့ချ် ရေးသူကို Block လုပ်လိုက်ပါသည်။
ကျွန်တော့အမြင် -
ကွန်ပြူတာတွေ အများသုံးလက်ထဲရောက်ကတည်းက စသုံးရပါတယ်။
Screen အဖြူနဲ့အမည်း။
Windows မပေါ်သေး။ DOS ခေတ်။
Mouse မပေါ်သေး။
Printer လည်း Laser မပေါ်ခင်ကတည်းက သုံးခဲ့တယ်။
Laptop မပေါ်သေး။ CPU ခေတ်။
Search engine အမျိုးမျိုးသုံးရတယ်။
Google မပေါ်သေး။
Email အမျိုးမျိုး။ Gmail ခေတ်မစားသေး။
ဆေးပညာ
တောအရပ်မှာ ရှိတဲ့ဆေးနဲ့ ဆေးပစ္စည်းတွေနဲ့ ဆေးကုသ၊ မွေးဖွားရ၊ ခွဲစိတ်ကုသခဲ့ရပါတယ်။
Ultrasound မပေါ်သေး။ MRI မသိသေး။
ကင်ဆာတွေကတော့ ဖြစ်နေပြီ။
ခေတ်တိုင်းမှာ ခြောက်ပြစ်ကင်း သဲလဲစင်က စပေါ်တာမဟုတ်။
ကိုကာကိုလာ အထိသာစောင့်နေရင် ပြည်တွင်းထုတ် ဒါးတန်းဘိလပ်ရေ သောက်ခဲ့ရမှာမဟုတ်။
ဘာဂါ စောင့်နေရင် မုံ့ပေါင်း စားရမှာမဟုတ်။
ဘယ်အရာမဆို ပေါ်စမှာ အကြမ်းထည်။
အကြမ်းထည်ကို လူအများသုံးခွင့်ရချိန်မှာ ၂/၄၀ ချည်ထည်အဆင့်ရောက်ပြီ။ ဝတ်ခဲ့ကြရဘဲ။
တက်ထရက်၊ တာပေါ်လင် မပေါ်ခင်က မာလကျင်၊ ပေါ်ပလင်ကိုသာ ဝတ်ခဲ့ကြပါတယ်။
နိုင်လွန်မပေါ်ခင်က ပင်နီဖျင်။
ကျွန်တော်တို့ဆေးကျောင်းမှာ သင်ယူရတဲ့စာအုပ်ထဲမှာ HIV, COVID-19 မပါခဲ့ပါ။ ရောဂါသစ်တွေ၊ ဆေးသစ်တွေကိုသာစောင့်နေရင် ဆရာဝန် မရှိလောက်။
နောက်တချက်
အခုလို AI ခေတ်မှာလည်းအရာရာကို စိစစ်၊ ဆန်းစစ်မှု မလုပ်လို့မရပါ။ ကိုယ်ပိုင် အသိပညာလိုတယ်။
ကျွန်တော် AI chatbot tools တွေ သုံးပါတယ်။ သူတို့ဆီကရသမျှတိုင်းကို မှန်တယ်လို့ မထင်ပါနဲ့။
ကိုယ်ပိုင် အသိပညာနဲ့ ဆန်းစစ်ရ၊ ပြုပြင်ရတယ်။
ပညာအခံမရှိသူတွေ AI ဖြစ်ဖြစ် ZI ဖြစ်ဖြစ် ညံ့မြဲညံ့နေကြပါလိမ့်မယ်။
ငုတ်တုတ်ကြီးထိုင်ကြည့်နေသူတွေကလည်း များတယ်။
မျက်စိမှိတ်၊ ဦးနှောက်ပိတ်ထားသူတွေနဲ့ အရေအတွက်တူတယ်။
မြန်မာစကားပြော၊ မြန်မာလိုစာရေးသူတွေထဲမှာပေါ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment