စောစောက တင်ပြတာတွေမှာလည်း အမှားတွေပါ။
ရွှေဥဒေါင်း နဲ့ သခင်ဘသောင်း။
အခုလည်း အမှားပါ။
ဦပုည နဲ့ စိန္တကျော်သူ ဦးဩ။
အမှားတွေကလည်း အမှန်နဲ့ နီးစပ်မှု မရှိကြပါ။
AI နေကောင်းလာပါစေသတည်း။
မနေ့ညက ဒဂုန်နတ်ရှင်ရေးတဲ့ စာပေဝတ်ဆံ - ၃ ထဲပါ စာတပုဒ်ကို ပုံတွေ AI ဆီပို့ပြီး စာသား တောင်းတော့ ချက်ချင်းတော့ရပါရဲ့ အမှားတွေ ပြင်လို့မနိုင်ပါ။
တနာရီခွဲလောက်ကြာ ကြိုးစာပြီး ပြင်ထားတယ်။
စာကလည်း နည်းနည်းတော့ရှည်လို့ ဖေ့စ်ဘွတ်မှာ တကြိမ်တည်း တင်လို့မရ။
Blog မှာသာ တင်ထားရတယ်။
အမှားဆိုတာ လူသာမဟုတ် စက်တွေလည်း မှားတတ်ပါတယ်။
မှားနေမှန်းသိတာနဲ့ ပြင်ရင် လူတော်။ စက်တော်။
မြန်မာလိုစာရေးကြတဲ့ လူသားအများစုကတော့
- မှားလို့ မှားမှန်းမသိကြ။
- အမှားထောက်ပြလည်း မပြင်ကြ။
- အမှားဘက်ကနေ အခမဲ့ရှေ့နေလိုက်ကြတယ်။
- အမှားထောက်ပြသူတွေကို ဆဲဆိုကြိမ်းမောင်းကြတယ်။
- ဘလော့ရတာ မနည်းတော့ပါ။
AI နဲ့ မြန်မာလိုစာရေးကြတဲ့ လူသားတွေ ပြန်လည်ကျန်းမာလာကြပါစေသတည်း။
ဆရာဝန်နဲ့တော့ ကုမရသူက များလွန်းလှတယ်။
သူတို့က အမိန့်ကိုသာ ငြိမ်ဝပ်ပိပြားစွာ နာခံကြတယ်။
ဤ ကို ကျွဲ ဖတ်စေဆို ကျွဲ။
ကျွဲ ကို ဤ စေဆို ဤ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment