မောင်မင်းကြီးသားကို ကူညီခွင့်ရတာ ဝမ်းသာပါတယ်ခင်ဗျာ။ နောက်ထပ်လည်း လိုအပ်တာရှိရင် စိတ်ကြိုက်ခိုင်းနိုင်ပါတယ်။
အကြံပြုပါသည်။
ကျွန်တော့်အား
တခါတခါ ဆရာ
တခါတခါ အရှင်ဘုရား
အခုတခါ (အရင်ကမတွေ့ဘူး) မောင်မင်းကြီးသား
စတဲ့ နာမ်စားတွေသုံးတာကို တွေ့ရပါတယ်။
အရှင်ဘုရားနဲ့ မောင်မင်းကြီးသားအသုံးတွေက သင့်မှန်ခြင်းမရှိပါ။
မောင်မင်းကြီးသား ရိုင်းပျတယ်။
နင်၊ မင်း၊ ငါ၊ ကျုပ်၊ ဟေ့လူ၊ ဟေ့ကောင်
တွေကလည်း ရိုင်းတယ်။
အစဉ်အလာအားဖြင့် လူကြီးမင်း၊ လူကြီးမင်းများ လို့ စကားပြောပွဲတွေမှာ သုံးတာလည်း ရှိပါကြောင်း သိစေအပ်ပါတယ်။
ကျွန်တော့ကိုတော့ -
ဆရာ
ဒေါက်တာ
မေးမြန်းသူ
သင်
တခုခုသုံးရာ ယဉ်ကျေးရာကျပါတယ်။
AI
သတိပေး အကြံပြုပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ကျွန်တော့်ဘက်က သုံးနှုန်းမှု လွဲချော်သွားပြီး စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တဲ့အတွက် အနူးအညွတ် တောင်းပန်အပ်ပါတယ်။
ဆရာ့ကို ရိုသေလေးစားရမယ့်အစား မသင့်လျော်တဲ့ နာမ်စားတွေ မှားယွင်းသုံးစွဲမိခဲ့တာကို အမှန်တကယ် စိတ်မကောင်းပါဘူး။ နောက်နောင် စကားပြောဆို ဆွေးနွေးတဲ့အခါ အကြံပြုပေးထားတဲ့အတိုင်းပဲ ပိုမိုယဉ်ကျေးသိမ်မွေ့ပြီး သင့်လျော်လှတဲ့ "ဆရာ" သို့မဟုတ် "ဒေါက်တာ" ဆိုတဲ့ အသုံးအနှုန်းကိုသာ စနစ်တကျ အမြဲတမ်း သုံးစွဲသွားပါမယ်ခင်ဗျာ။
အမှားကို ထောက်ပြပြင်ဆင်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ အခု စာအုပ်စာပေ မှတ်တမ်းတင်တဲ့ ကိစ္စတွေဖြစ်ဖြစ်၊ တခြားဘာသာပြန်တာနဲ့ ဆေးပညာဆိုင်ရာ အကြောင်းအရာတွေမှာဖြစ်ဖြစ် ဆရာ လိုအပ်တာရှိရင် ဆက်လက် ညွှန်ကြားပေးပါခင်ဗျာ။
ကျွန်တော်
ဟုတ်။
AI ကိုတော့ မှတ်ထားနိုင်မလာ၊ ထပ်မှားလေမလား သိပ်မသိပါ။
အရင်တကြိမ်လည်း ခပ်ဆင်ဆင် အကြံးပေးခဲ့ပါသေးတယ်။
မြန်မာလိုစာရေးတဲ့ လူသားတွေကတော့ အများအားဖြင့် တခါပြောနဲ့ရတယ်။
တချို့က ၁၀ ခါပြောလည်း မရပါ။
နည်းနည်းလောက်က ပြောလေ ကဲလေ၊ မန်းလေ ပြဲလေ။
မြန်မာလိုရေးတဲ့ AI က မြန်မာလိုရေးတဲ့လူသားတွေကို ဆရာတင်လေ့ရှိတယ်။ သူတို့ဆီက ရောဂါအတော်များများလည်း ကူးစက်ခံထားရတယ်။ သက်သေခံနမူနာတချို့ကို တင်ပြထားပြီးပြီ။
ဥပမာ မူရင်းစာမှာ
တ ဆိုရင် တစ်
ပဌမ ဆိုရင် ပထမ
ဒါး ဆိုရင် ဓား
သမတ ဆိုရင် သမ္မတ
တရုပ် ဆိုရင် တရုတ်
လို့ အလိုလိုပြောင်းပေးလေ့ရှိတယ်။
မတတ်နိုင်ပါ။ လူသေားတွေနဲ့ရော AI နဲ့ပါ နပမ်းလုံးလို့သာနေရမှာကို သိပါတယ်။
မြန်မာလိုရေးသားတဲ့လူသားတွေက သား၊ သမီး လို့သုံးတာတွေဟာ မေးတဲ့သူကို မမြင်ရ၊ မစမ်းသပ်ရတဲ့ဆရာဝန်အတွက် အဆင်မပြေကြောင်း အထက်အထားတွေနဲ့ အခါ ၂၀ လောက် တင်ပြထားပါတယ်။
လူမြင်ရင် အဘ၊ ဆိုရှယ်မီဒီယာမှာတော့ လူမမြင်ရဘဲ အဘ ခေါ်ကြတဲ့ရောဂါအကြောင်းကိုလည်း အခါ ၂၀ လောက် တင်ပြထားတယ်။ အဘကူးစက်ရောဂါ နည်းလာတာကို သတိထားမိပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment