Skip to main content

လေ



လေ က ဆရာ ဘယ်လိုနေရာမှသုံးတာ

လေ၁ – ကြိ / လေ / ၁။ အသုံးမပြုရပဲ ပြုန်းတီးပျက်စီးသည်။ အသုံးမကျပဲအလဟဿဖြစ်သည်။။ “ငါးခုတ်ရာ၌ပင် အသုံးလှ အောင်နှင့် မလေအောင် ခုတ်တတ်ရသေး၏။” အတ္ထာ၊ ဒု၊ ၁၅၇။ ၂။ စိတ်တည်ငြိမ်မှုလွင့်ပါးသည်။ ရည်ရွယ်ချက်မရှိ လည်ပတ်သွားလာနေသည်။ “အသီးကြွေ အပင်အောက်၊ အဆီးလေ အဖ နောက်။” ပုံ။

လေ၂ – ပစ္စည်း / လေ / ၁။ ကြိယာ၏အဆုံးတွင် ဝိဘတ်နှင့်အတူ သုံးလေ့ရှိသော စကားလုံး။ (တစုံတရာ ဖြစ်ပျက်မှုများကို ပြန်လည်တင်ပြရာ၌ အသုံးများသည်။) “ယုန်လည်းတောသို့ ထွက်ပြေးလေ၏။” ၂။ တိုက်တွန်းကြောင်းညွှန်ပြရာ၌ ကြိယာ နောက်တွင်ဆက်၍ သုံးသော စကားလုံး။ “ဟောကြလေ ကုန်လော။” စတု၊ တ၊ ၁၃။ “ကျင့်ဆောင်ကြလေ။” စတု၊ တ၊ ၂၁။ ၃။ တကယ်၊ အမှန်၊ ဧကန်ဟူသောနက်ပေါ်စေ ရန် ဝါစကာ ကံ၊ ကတ္တားတခုခုတို့ ၏အဆုံး၌ ဆက်၍သုံးသော စကားလုံး။ “တနေ့ကတောင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ရသေး တယ်လေ။” တင်းစာ။ “ပူပင်ငြင်ငြို၊ ကျမကိုလေ၊ ဟုမဆိုပါ ဘုမ်းမိစကာ။” သူဇာ* ၅၄။ “ကျွန်တော်လေ၊ မနေ့က မျှော် နေလိုက်တာ။”

– အာလုပ်/လေ/၁။ တစုံတဦးကို ဦးတည်ခေါ် ဝေါ် ရာ၌ နာမ် နောက်တွင် ဆက်၍သုံးသောစကားလုံး။ “အဆွေတို့ လေ၊ ရတနာဆွေ၊ ရွှေမိုးငွေ၍၊ သပြေမည်ခံ၊ ပြည်ပုဂံယ်။” ရွှေ၊ ၁၄၊ ၁၅၊ ၂၇။ ၂။ ကြိမ်းမောင်းရာတွင် စကားစချီရာ၌ ဆွဲငင် ပြောဆိုသော စကားလုံး။ (တယ်လေ၊ လားလားလေ၊ ဟင်းလေ၊ ဟဲ့လေ စသည် အသုံးရှိသည်။)

လေ၃ – န /လေ/ ၁။ ကမ္ဘာမြေထုလွှာ အထက်ဝန်းကျင်၌ အပျံ့ အနှံ့ တည်ရှိသော၊ အဆင်း၊ အနံ့၊ အရသာ ပကတိအားဖြင့် ကင်းမဲ့သည့်၊ သတ္တဝါတို့ ရှူရှိုက်ရသောအရာ။ ၂။ လှုပ်ရှားနေသော ဝါယောသတ္တိ။ လေဓာတ်။ (လေတိုက်၊ လေဖြတ်၊ လေထိုး စသည်အသုံးရှိသည်။) ၃။ ပြောဆိုချက်။ ဝင့်ဝါပြောဆိုချက်။ “သူလေများလှသည်။” ၄။ ပြောဆိုဟန်။

ပြောဆိုပုံအကြောင်းအရာ။ လေသံ။ ဆိုဟန်။ ရေးသားဟန်။ “ဦးဖိုးစိန်လေကို လူတိုင်းမဆိုနိုင်။” ၅။ စကားဆိုလိုရိပ်။ သဘောထား။ “သူသည် ယခင်ကနှင့်မတူ၊ ယခုလေပြောင်း သွားချေပြီ။”

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ