လေ က ဆရာ ဘယ်လိုနေရာမှသုံးတာ
လေ၁ – ကြိ / လေ / ၁။ အသုံးမပြုရပဲ ပြုန်းတီးပျက်စီးသည်။ အသုံးမကျပဲအလဟဿဖြစ်သည်။။ “ငါးခုတ်ရာ၌ပင် အသုံးလှ အောင်နှင့် မလေအောင် ခုတ်တတ်ရသေး၏။” အတ္ထာ၊ ဒု၊ ၁၅၇။ ၂။ စိတ်တည်ငြိမ်မှုလွင့်ပါးသည်။ ရည်ရွယ်ချက်မရှိ လည်ပတ်သွားလာနေသည်။ “အသီးကြွေ အပင်အောက်၊ အဆီးလေ အဖ နောက်။” ပုံ။
လေ၂ – ပစ္စည်း / လေ / ၁။ ကြိယာ၏အဆုံးတွင် ဝိဘတ်နှင့်အတူ သုံးလေ့ရှိသော စကားလုံး။ (တစုံတရာ ဖြစ်ပျက်မှုများကို ပြန်လည်တင်ပြရာ၌ အသုံးများသည်။) “ယုန်လည်းတောသို့ ထွက်ပြေးလေ၏။” ၂။ တိုက်တွန်းကြောင်းညွှန်ပြရာ၌ ကြိယာ နောက်တွင်ဆက်၍ သုံးသော စကားလုံး။ “ဟောကြလေ ကုန်လော။” စတု၊ တ၊ ၁၃။ “ကျင့်ဆောင်ကြလေ။” စတု၊ တ၊ ၂၁။ ၃။ တကယ်၊ အမှန်၊ ဧကန်ဟူသောနက်ပေါ်စေ ရန် ဝါစကာ ကံ၊ ကတ္တားတခုခုတို့ ၏အဆုံး၌ ဆက်၍သုံးသော စကားလုံး။ “တနေ့ကတောင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ရသေး တယ်လေ။” တင်းစာ။ “ပူပင်ငြင်ငြို၊ ကျမကိုလေ၊ ဟုမဆိုပါ ဘုမ်းမိစကာ။” သူဇာ* ၅၄။ “ကျွန်တော်လေ၊ မနေ့က မျှော် နေလိုက်တာ။”
– အာလုပ်/လေ/၁။ တစုံတဦးကို ဦးတည်ခေါ် ဝေါ် ရာ၌ နာမ် နောက်တွင် ဆက်၍သုံးသောစကားလုံး။ “အဆွေတို့ လေ၊ ရတနာဆွေ၊ ရွှေမိုးငွေ၍၊ သပြေမည်ခံ၊ ပြည်ပုဂံယ်။” ရွှေ၊ ၁၄၊ ၁၅၊ ၂၇။ ၂။ ကြိမ်းမောင်းရာတွင် စကားစချီရာ၌ ဆွဲငင် ပြောဆိုသော စကားလုံး။ (တယ်လေ၊ လားလားလေ၊ ဟင်းလေ၊ ဟဲ့လေ စသည် အသုံးရှိသည်။)
လေ၃ – န /လေ/ ၁။ ကမ္ဘာမြေထုလွှာ အထက်ဝန်းကျင်၌ အပျံ့ အနှံ့ တည်ရှိသော၊ အဆင်း၊ အနံ့၊ အရသာ ပကတိအားဖြင့် ကင်းမဲ့သည့်၊ သတ္တဝါတို့ ရှူရှိုက်ရသောအရာ။ ၂။ လှုပ်ရှားနေသော ဝါယောသတ္တိ။ လေဓာတ်။ (လေတိုက်၊ လေဖြတ်၊ လေထိုး စသည်အသုံးရှိသည်။) ၃။ ပြောဆိုချက်။ ဝင့်ဝါပြောဆိုချက်။ “သူလေများလှသည်။” ၄။ ပြောဆိုဟန်။
ပြောဆိုပုံအကြောင်းအရာ။ လေသံ။ ဆိုဟန်။ ရေးသားဟန်။ “ဦးဖိုးစိန်လေကို လူတိုင်းမဆိုနိုင်။” ၅။ စကားဆိုလိုရိပ်။ သဘောထား။ “သူသည် ယခင်ကနှင့်မတူ၊ ယခုလေပြောင်း သွားချေပြီ။”
ဒေါက်တာတင့်ဆွေ



Comments
Post a Comment