ပြန်စာ
(၁)
အသံထွက်မှာ ပ ကို ဘ အဖြစ်ပြောင်းရရိုးထုံးစံ မရှိပါ။
ပန်းစပယ်
နန်းလယ်မှာ မပေါ်ခိုက်ဟာမို့
အလိုက်တော် တန်သင့်ရုံပ
ခံပွင့်ကိုကုံး။
နန်းရဝေ
မန်းမြေမှာ စပယ်လှိုင်တော့
ခံပန်းခိုင် ယာယီ ရွေ့တယ်
တောလေ့ရွာသုံး။ ။
ပါ့ ကို ပ လို့အသံထွက်ပါတယ်။
မူရင်း ဒွေးချိုးမှာ ပန်းစပယ် သာဖြစ်တယ်။ ပြင်တင်၊ ပြင်သင်၊ ပြင်ထုတ်တွေက
- ပန်းစံပယ် လုပ်ထားကြတယ်။
- ပ ကို ပါ့ လုပ်ထားကြတယ်။
မလုပ်သင့် မလုပ်ကောင်းပါ။
အဘိဓာန်နဲ့ သတ်ပုံကျမ်းတွေမှာ ပါ့ လို့ မပါ။
(၂)
မြန်မာစာခေတ်ပျက်မှာ မူရင်းက ဘဲ နဲ့ ရေးထာတာကို ပဲ လို့ပြင်စေအမိန့်ထုတ်တားတယ်။
ဥပမာ
သူငယ်ချင်းလို့ဘဲ နဲ့ ပန်းပန်လျက်ဘဲ ကို ပဲ လို့ ပြင်တင်၊ ပြင်ထုတ်နေတာတွေအကုန် မှားတယ်။
ဗေဒါလမ်း(၄)
မဗေဒါ၊ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ
နေအိပ်လိုဘဲ …။
ဒီတက်လျင်ပျော်
ဗေဒါမော် ရေကျော်ဆိုက်အောင်
ဆန်လိုက်သည်ဘဲ …။
မဗေဒါ၊ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ၊ ဘယ်ရေဆိပ်မှာမှ
နေအိပ်လိုဘဲ …။
ဒီကျလျင်ရွှင်
ဗေဒါခင် ပင်လယ်ဆိုက်အောင်
စုန်လိုက်သည်ဘဲ …။
ဘုတ်မက အီ၊ ပီပီက သံမစဲ
မဗေဒါ စုန်ဆန်လမ်းကို၊ မှန်းဖို့လိုဘဲ …။ ။
ဥပမာထဲက ကဗျာကို အသံထွက်သာမက အရေးအသားကိုပါ ဘဲ နေရာမှပြဲ လို့ပြင်နေတာတွေ အကုန် (အကုန်) မှားတယ်။
(၃)
စကားပြောသံ၊ သီချင်းဆိုသံတွေ တယောက်နဲ့တယောယက် မတူတတ်ပါ။ စကားပြောကောင်းသူတွေရှိတယ်။ သီချင်းဆိုကောင်းသူတွေရှိတယ်။
စကားပြောသူ သီချင်းဆိုသူတွေက ဝတ်ကောင်းစားလှဝတ်ထားပြီး အနုပညာအမည်ဆန်းတွေပါတိုင်းတော့ အဆိုကောင်း၊ အပြောကောင်းမဟုတ်ပါ။
အကဲဖြတ်ရာမှာ ဘယ်အကြောင်းအရာ၊ ဘယ်ဘာသာရပ်မျာဖြစ်ဖြစ် တကယ်တတ်သိနားလည်သူတွေရဲ့ အကဲဖြတ်ချက်ကသာ လေးနက်မှု၊ မှန်ကန်မှု ရှိတယ်။
(ဒေါ်) မာမာအေးရှိစဉ်က စကားပြောရတယ်။ သူ့ရဲ့အကဲဖြတ်ချက်ဟာ တေးဂီတလောက်မှာ အမှန်ဆုံးလို့ယူဆပါတယ်။
အခုခေတ်မှာ သူများကောင်းလို့လိုက်ကောင်းနေကြသူတွေက များတယ်။
(၄)
မေးတာက အသံထွက်
ပ ကို ဘ လို့ဖြစ်စေ
ရ ကို က လို့ဖြစ်စေ မပြောင်းရပါ။
ပြောင်းရေး၊ ပြောင်းပြီးအသံထွက်နေတာတွေ အကုန် မှားတယ်။
ဒေသတချို့မှာ ခွန် သံ ခွင်သံ မပီကြပါ။ အဲလိုမတူတာက စည်းကမ်းထုံးစံအရ ပြောင်းလဲတာ မဟုတ်ပါ။
တပည့်သာဝကများတိုင်းတော့ ဟုတ်ချင်မှ ဟုတ်မယ်။
အခုခေတ်မှာ ဖေါ်လိုဝါ ကိုက်တံနဲ့ တိုင်းနေကြတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment