၁။ မြင်ပြင်းကပ်တယ်
တစုံတခု သို့မဟုတ် တစုံတယောက်ရဲ့ ပြုမူလုပ်ဆောင်ပုံ၊ ဝတ်စားဆင်ယင်ပုံ၊ သို့မဟုတ် ဟန်အမူအရာကို ကြည့်ရသည်မှာ မျက်စိထဲ၌ လုံးဝအဆင်မပြေဘဲ ကန့်လန့်ကြီးဖြစ်နေကာ စိတ်အလိုမကျဖြစ်ခြင်း၊ ကြည့်မရဖြစ်ခြင်းကို ဆိုလိုသည်။
“သူများနဲ့မတူအောင် ထူးဆန်းတာတွေ တမင်လိုက်လုပ်ပြနေတာကို ကြည့်ပြီး မြင်ပြင်းကပ်မိတယ်။”
၂။ နားကြားပြင်းကပ်တယ်
မဟုတ်မမှန်သော စကားများ၊ တလွဲတချော် ပြောဆိုသံများ၊ သို့မဟုတ် ဘဝင်မြင့်ပြီး ကြွားဝါလွန်းသော စကားများကို ကြားရသည့်အခါ နားထဲ၌ လုံးဝနားမခံနိုင်အောင် စိတ်အနှောင့်အယှက်ဖြစ်ရခြင်း၊ နားမချမ်းမြေ့ဖြစ်ခြင်းကို ဆိုလိုသည်။
“အမှားကြီးကို အမှန်လုပ်ပြီး ဇွတ်ငြင်းနေတဲ့ စကားတွေကို ကြားရတာ နားကြားပြင်းကပ်ဖို့ကောင်းလှတယ်။”
“ပြင်းကပ်” ဆိုသည်မှာ မခံမရပ်နိုင်အောင် စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ ကသိကအောက်ဖြစ်ခြင်း သဘောကို ဆောင်ပါသည်။
ထို့ကြောင့် လူမှုပတ်ဝန်းကျင် သို့မဟုတ် အင်တာနက်လူမှုကွန်ရက်ပေါ်တွင် မိမိတို့ မြင်တွေ့၊ ကြားသိရသော အပြုအမူနှင့် အပြောအဆိုများမှာ စနစ်တကျမရှိဘဲ စည်းမဲ့ကမ်းမဲ့ဖြစ်နေသည့်အခါ၊ သို့မဟုတ် အထင်ကြီးခံလိုခြင်းလွန်ကဲပြီး တလွဲတချော် လုပ်ပြ၊ ပြောပြနေကြသည့်အခါမျိုးတွင် လူတို့၏ စိတ်အခြေအနေ၌ “မြင်ပြင်းကပ်ခြင်း” နှင့် “နားကြားပြင်းကပ်ခြင်း” များ ဖြစ်ပေါ်လာတတ်ကြစမြဲ ဖြစ်ပါသည်။
"သူ လူပါးဝနေပုံကို ကြည့်ရတာ တကယ်ကို မြင်ပြင်းကတ်ဖို့ကောင်းတယ်။"
၂။ နားကြားပြင်းကတ် (နားငြီး / နားကလော)
တဖက်လူ၏ ကြွားဝါလွန်းသောစကား၊ မဟုတ်မမှန်သော အလိမ်အညာစကား သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စရာ အသံမျိုးကို
"နားမထောင်ချင်လောက်အောင် ဖြစ်ခြင်း" သို့မဟုတ် "နားကလောခြင်း" ကို ဆိုလိုသည်။
"သူ့အကြောင်းသူ လျှောက်ကြွားနေတာတွေကို နားထောင်ရတာ နားကြားပြင်းကပ်လှပြီ။"
“ရ ကို က လို့ပြောနေကြတာတွေကို နားကြားပြင်းကပ်တယ်။”
“ရ ကို က လို့ပြောနေသူတွေကိုလည်း မြင်ပြင်းကပ်တယ်”
ဒေါက်တာတင့်ဆွေ
.png)
Comments
Post a Comment