Skip to main content

ဝေါဟာရရတ္ထ ပကာသနီ - ပထမပိုင်း

၇–သရ–ဗျည်းတို့၏ သရုပ်သင်္ချာနှင့်တကွ၊ ၎င်းသရဗျည်းတို့၏ အက္ခရာမည်ပုံကို အကျယ်အဓိပ္ပါယ် ဖော်ပြကြောင်း

ဤနှိုက် လူပြိန်းတို့အား၊ သရ၊ ဗျည်း၊ စသည်တို့၏ လက္ခဏာကို သတိရှိစေခြင်းငှာ အမြွက်မျှ ရေးလိုက်အံ့။  ။ 

အအာ၊ ဣဤ၊ ဥဦ၊ ဧဩ၊ ကခဂဃင၊ စဆဇဈည၊ ဋဌဍဎဏ၊ တထဒဓန၊ ပဖဗဘမ၊ ယရလဝ၊ သဟဠအံ၊ ဤ (၄၁) လုံးသော ဝဏ္ဏတို့သည် (နက္ခရတ္ထိတိအက္ခရာ၊ ပမာဏတော ကေဝတ္တာလီသမတ္တာ ဝဏ္ဏာ ဝါကဘာဝေန ပိဋကတ္ထယံ ပတ္တာပိ နိယန္တီတိ အက္ခရာ) ဟူသော ပါဠိနှင့်အညီ အတိုင်းအရှည်အားဖြင့် (၄၁) လုံးမျှသာ ဖြစ်သော ဝဏ္ဏတို့သည် အနက်ကို ဟောသော အဖြစ်ဖြင့် ပိဋကတ်သုံးပုံသို့ ရောက်၍ သော်လည်း မကုန်တတ်သောကြောင့် အက္ခရာမည်ကုန်၏။  ။ 

ပိဋကတ်သုံးပုံသို့ ရောက်၍မျှ မကုန်တတ်ဟန်ကား။ (၄၁) လုံးသောဝဏ္ဏတို့တွင် တလုံးတလုံးသော ဝဏ္ဏမျှ မဟောစွမ်းသော အနက်ဟူ၍ ပိဋကတ်သုံးပုံနှိုက်သော်လည်း မရှိ။ အကြောင်းမျှလောက်သော အနက်သည်ရှိ၏။ ထိုမျှလောက်သော အနက်ကို ဟောနိုင်သည်သာ ဖြစ်၏။ ကုသိုလ် အကုသိုလ် စေတနာဟူသောကံသည် တခုခုသော ဘဝနှိုက် ခံစားထိုက်သော အကျိုးပေးခြင်း သတ္တိ ကုန်သည်ကို ကမ္မက္ခယ။ ရက်၊ လ၊ နှစ်၊ စသည်ဖြင့် အပိုင်းအခြား ကာလ ကုန်သည်ကို အာယုက္ခယ ဟု ဆိုအပ်သကဲ့သို့ လည်းကောင်း၊ ထမင်း၏ သတ္တိကုန်၍ ဆာမွတ်ခြင်း၊ မီး၏သတ္တိကုန်၍ မီးငြိမ်းခြင်း ဖြစ်သကဲ့သို့လည်းကောင်း၊ အက္ခရာတို့၏ ဟောစွမ်းသော သတ္တိသည် ကုန်၍ မဟောစွမ်းသော အနက်ဟူ၍ အနန္တနယ ဖြစ်သော ပိဋကတ်သုံးပုံနှိုက်သော်လည်း မရှိ။ ဤသို့လျှင် အကြွင်းမဲ့ သိဝင်ပြီးသော သဗ္ဗညုတဉာဏ်ဖြင့် ပိုင်းခြား၍ ဟောအပ်သော ပိဋကတ်သုံးပုံသို့ရောက်၍ သော်လည်း အက္ခရာတို့၏ ဟောစွမ်းနိုင်သော သတ္တိသည် မကုန်သေးတုံလျှင် အကြွင်းရှိ၍ သိမြင်ရာမျှသာ သိမြင်သော မြမ္မာစသော လူမျိုးတို့၏ဉာဏ်ဖြင့် ပိုင်းခြား၍ ခေါ်ဝေါ်အပ်သော အရာသို့ရောက်၍ သော်ကား အဘယ်သို့ ကုန်တတ်အံ့နည်း ဟူလိုသည်။  ။ 

[ဤကား ပတ္တာပိနှိုက် ဝိ-ကို (သိနေရမပိဝိတ္တေယျ) နှိုက် ကဲ့သို့ သမ္ဘာဝနာ အနက်ယူ၍ ဆိုလိုက်သည်။]

ဝေါဟာရတ္ထ ပကာသနီဆိုသည်မှာ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက် ၁၁၃၁ ခုနှစ်တွင် ဒုတိယကျော်အောင်စံထားဆရာတော် ရေးသားပြုစုခဲ့သော ထင်ရှားသည့် ဘာသာဗေဒနှင့် သတ်ပုံသဒ္ဒါကျမ်းတဆူ ဖြစ်သည်။

- အဓိပ္ပါယ်

- တလုံးတလုံးသော

- တခုခုသော

- နှိုက်

- မြမ္မာ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ