အာရုံမိုးသောက်
အာရုံမိုးသောက် ယခုရောက်ပြီ၊
မဆိုင်းမတွ ထပငါ့ညီ၊
ကောင်းမှုတခု ပြုဘို့ကြံစည်၊
အချည်းနှီး မရှိငြားရာပြီ။
နေထန်းတဖျား မမြင့်ငြားခင်
အပျင်းအားကိုး မေုာင်မနိုးလျှင်၊
ကိုယ်ကြီးပွားမှု မောင်မပြုလျှင်
လူဖြစ်ကျိုး ဖွံ့ဖြိုးဘို့မမြင်။
ကိုယ်ကြီးပွားရန် ကြံစည်ကာလေ
သူကြီးပွားမှု ပြုပမသွေ၊
ယောကျ်ားဘသား ပီပြားကာလေ
ကမ္ဘာသီး ကြီးပွားမှုပါဖွေ။
ရေတက်ရေကျ မှန်လှမသွေ
ဘယ်သူတဦး မစောင့်ဘူးချေ၊
အချိန်မှာလည်း ထိုနည်းတူပေ
သွားမြဲသွား ရှိသားညီမောင်ရေ။
ထို့ကြောင့်ညီလှ အမြန်ထလော့၊
အချိန်ဆံ့စ ရှေ့ကဆွဲလော့၊
အချိန်ရှိခိုက် လုံ့လစိုက်လော့၊
လူဖြစ်ကျိုး ဖွံ့ဖြိုးစေဦးလော့။
(ဒေါက်တာမောင်ဖြူး)
(၁၉၃၇)
#ရှေးစာကဗျာများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment