မောင်ဗမာစက်ဘီးရော ဘယ်ခေတ်ကစထုတ်ခဲ့တာလဲး သူလဲး နာမည်ကြီးခဲ့လား
ပြန်စာ
မေးတဲ့သူရေးတာတွေလည်း ပြင်ရမယ်။
လဲ မှာ ဝစ္စပေါက် မလိုအပ်ပါ။
အမေးမှာ လဲ၊ အတူတူဖြစ်ခြင်းမှာ လည်း။
(ရှာဖွေကူးယူတင်ပြပါမည်။)
(စ) ၁၉၇၄ ခုလောက်ကထင်တယ်။ ဈေးချို တိုက်တန်းကြီး (၂၂)မှာ စက်ဘီးပစ္စည်းဆိုင် ဖွင့်ခဲ့ပါတယ်။
မောင်ဗမာ စက်ဘီးကို ဘယ်လို ဉာဏ်ကြီးရှင်တွေက ထွင်ထားတယ်မသိဘူး။ စက်ဘီးက (၃) နိုင်ငံက ပစ္စည်းတွေနဲ့ စပ်ပေါင်းထုတ်လုပ်ထားတာ။
ဘောင်ဆင်စွယ်တွေက ဗမာဖြစ်။
စက်ဘီးလက်ကိုင်၊ ဘဲ(လ်)၊ ဖင်ထိုင်ခုံ၊ ဘရောင်း၊ ချိန်းကြိုး၊ ဂီယာဝိုင်၊ ဒိုင်နမို၊ မီးခွက်တွေက ဂျပန်ဖြစ်တွေ။
စက်ဘီးဂွေနဲ့ တာယာက ဘယ်(လ်)ဂျီယံ နိုင်ငံက။ တာယာက ဆိုက်ပျက်လို့ပြောရမယ်။ စက်ဘီးဂွေက ပုံမှန် ၂၈" ရှိရတယ်။ သူက ၂၇" သာရှိတယ်။
တာယာမကောင်းရင် ယိုးဒယားတာယာ တပ်ရဘူး။ တရုတ်တာယာလည်း တပ်မရဘူး။ ဘယ်(လ်)ဂျီယံတာယာဘဲ တပ်ရမယ်။ တာယာမကောင်းရင် တော်တော်ဒုက္ခဖြစ်ကြတယ်။ တာယာပစ္စည်းပြတ်နေရင် ဘာမှလုပ်မရတော့ဘူး။
မောင်ဗမာစက်ဘီး စပြုလုပ်ကထဲက ဂျပန်မှာအကုန်လုပ်ခိုင်းပါ့လား။
တာယာပြဿနာတွေတက်ကြတော့ ၂၈"ထိုင်းဂွေနဲ့တာယာ ပြောင်းတပ်ကြရတယ်။
၂၇"ဂွေနဲ့ တာယာပြောတာ တစ်ချို့က မဟုတ်ဖူးလို့ပြောကြတယ်။ မှတ်မိသူများရှိရင် ပြောကြပါအုံး။
ကျုပ်တို့ဗမာတွေက လုပ်လိုက်ရင် တလွဲချည်းဘဲ။ (ဆုံး)
ကျေးဇူး။
ကူယူတဲ့စာပါ သတ်ပုံတချို့ကိုတော့ ပြင်လိုက်ရတယ်။ ဥပမာ တပ် နဲ့ တတ်။ လွှဲ နဲ့ လွဲ။
တဝမ်းပူ စသတ်တွေကိုတော့ ထည့်မပြောတော့ပါ။
Derek Khit Nyein's Post ပုံအတွက် ကျေးဇူး။
ကွန်မင့်တခု = ၁၉၆၃လောက်ကစထုတ်တာပါ၊ ၁၉၆၄ မတ်လမှာ တစီးဝယ်ဖူးပါတယ်။ ၂၃၇ကျပ်ပေးရပါတယ်၊ ခွဲတန်းစံနစ်မပေါ်သေးပါ၊
ခွဲတမ်းလို့ ပြင်ရမည်။
ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment