Skip to main content

ပါပီ ဖစ် ပီသ


(ရရစ် မပါတဲ့ ကီးဘုတ် အညံ့စားသုံးနေရသူများသို့)

မြန်မာစာဆိုတာ ပါးစပ်ကထွက်တဲ့အသံမပြီသရင်လည်း ရေးတဲ့အခါလွဲတတ်ပါတယ် ဒါနဲ့ ပီပီသသ နဲ့ ပြီပြီသသ ဘယ်ဟာက အမှန်လဲ ခင်ဗျား

ပြန်စာ

ပြီ

ပြီ – စည်း / ပျီ / ၁၊ ဖြစ်ပျက် ပြုလုပ်မှုပြီးကြောင်း ဖော်ပြသော စကားလုံး။ "သူသွား ပြီ၊ မလိုက်နှင့်တော့။" ၂၊ ပိုင်းဖြတ်ခြင်းပြ နောက်ဆက်စကား။ (ပဋိသေဓကြိယာနှင့်သာ အသုံးများသည်) "နေ့အခါ ညဉ့်အခါဟူ၍ မရှိပြီ။" လောကုပ်၊ ၉။

ပြီ – ကြိ / ပျီ / [ပေါ] တပြိုင်တည်း တညီတည်း ယှဉ်တွဲပြုလုပ်သည်။ တပြိုင်တည်း။ တယှဉ်တည်း။ "လုလင်တို့၊ ပြိုင်တူ လှော်ချီ၊ လှေချင်းပြီသို့၊ တညီတည်းပင်။" ကိုး* ၁၉၉။

ပြီး

ပြီး – စည်း / ပျီး / ပြုလုပ် ဖြစ်ပျက်ခြင်း ထမြောက်ကျော်လွန်ခဲ့သည်ကို ထင်ရှားစေသော စကားလုံး။

– ကြိ / ပျီး / ၁၊ တစုံတရာ ဆောင်ရွက်မှု ကျေကုန်ပြတ်စဲသည်။ "ရန်မီး၏ အရေးတော် ပြီးပါစိမ့်မည်ဘုရား။" ကော၊ ၉။ ၂၊ သိဒ္ဓိတန်ခိုးပြည့်စုံသည်။ ခံနိုင်ရည် အစွမ်းရှိထားရင်းဖြစ်သည်။ (ဓားပြီး၊ တုတ်ပြီး၊ သေနတ်ပြီး စသည် အသုံးရှိသည်။) ၃၊ အရာဝတ္ထုတမျိုးတည်းနှင့် လုပ်ထားသည်။ "ရွှေနှင့် ပြီးသော ပြာသာဒ်။"

ပြီးကပစ် – ကြိဝိ / ပျီးကဂျစ် / သပ်ရပ်သေချာခြင်း မရှိပဲ၊ ပစ်စလက်ခတ်။

ပြီးငြိမ်း – ကြိ / ပျီးညိန်း / တစုံတခုသော အခက်အခဲ၊ မှုခင်း၊ ပြဿနာ စသည် ပြတ်စဲ အသေတ်သည်။ အဆုံးသို့ရောက်သည်။

ပြီးလွယ် – ကြိဝိ / ပျီးလွယ် / ပေါ့ပေါ့ဆဆ။ လေးနက်ခြင်း မရှိ ပြုလုပ်ကာမျှဖြင့်။

ပြီးစလွယ် - ကြိဝိ / ပျီးဇလွယ် / ပေါ့ပေါ့ဆဆ။ လေးနက်ခြင်း မရှိ။ ပြုကာမျှဖြင့်။

ဓားပြီး။

တုတ်ပြီး။

သေနတ်ပြီး။

ပြီးကပစ်။

ပစ်စလက်ခတ်။

ပြီးစလွယ်။

ပြီးစီး။

ပြီးဆုံး။

ပြီးဆေး။

ပြီးပြည့်စုံ။

ပြီးမြောက်။

ပြီးပြီးပျောက်ပျောက်။

ပြီးပြေ။

ပီသ – နဝိ / ပိသှာ့ / ၁၊ အရည်အချင်း ပြည့်ဝသော။ ရှိသင့်သော အရည်အချင်းနှင့် ကိုက်ညီသော။ ၂၊ ထင်ရှား ပြတ်သားသော။ ၃၊ သရုပ်တူသော။ ၄၊ အသံပြည်မီ ထင်ရှားသော။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ