Skip to main content

ရွှေပြည်စိုးဝတ္ထု သင်ခေပနှင့် အလင်းပြ



https://drive.google.com/.../1cmgoxnTgK9kyz5oLCtz.../view...

(ဦးလူဖေဝင်း)

#ရှေးစာကဗျာများ

ဦးးလတ်

ရေး

ရွှေပြည်စိုးဝတ္ထု

ကို

ဇာတ်လမ်းအကျဉ်းနှင့် ရှင်းလင်းစွာ ဖြေဆိုထားသော

ရွှေပြည်စိုးဝတ္ထု သံခိပ်နှင့် အလင်းပြ

မဟာဝိဇ္ဇာ ရွှေတံဆိပ်ရ

ဦးလူဖေဝင်း

ရန်ကုန်တက္ကသိုလ် မြန်မာစာပေကထိကဟောင်း

ဖြေဆိုသည်။

NOTES ON

SHWEPYISOE VAITHU

by

U LU PE WIN

Fellow of the University of Rangoon.

မန္တလေးမြို့၊

ရွှေမန်းအောင်စည် စာပုံနှိပ်တိုက်

1952

အပိုင်း - ၅။                                                                             Price Rs. 2/-

ရွှေပြည်စိုးဝတ္ထု သံခိပ်နှင့် အလင်းပြ စာမျက်နှာ (၁၅)

ရွှေပြည်စိုးဝတ္ထု သံခိပ်နှင့် အလင်းပြ                              ၁၅

ဒုတိယမယား မမင်းချိုတွင်၊ ခင်ခင်ဆော့ ဟူသော သမီးကလေး တယောက်ကို မွေးဖွား၍၊ ဘူးမကြာမီပင်၊ အကောက်ဝန်မင်းသည်။ လေရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ရှာသဖြင့်၊ မောင်မောင်စိုးသည် မိထွေး မမင်းချို၊ နှမကလေး ခင်ခင်ဆော့တို့နှင့်အတူ နေထိုင်ကြလေသည်။

မောင်မောင်စိုး၏ အဖိုးတော်သူ၊ သုသဘောဂ သဌေးကြီး အနိစ္စမရောက်မီက၊ အမရပူရ မြို့တော်တွင်၊ သီရိဘောဂဟူသော သဌေးကြီး တဦးသည်လည်း ရှိသေး၏။ ထိုသဌေးကြီးသည် မင်းတုန်းမင်းအား မင်းသားဘဝနှင့် ရှိနေသေးစဉ်၊ အလိုရှိသမျှသော ငွေတော်များကို ထောက်ပံ့ ပေးဘူးသောကြောင့်၊ မင်းတုန်းမင်း အထွတ် အမြတ်သို့ ရောက်တော်မူလတ်သော်၊ သီရိဘောဂ ဟူသော သဌေးဘွဲ့ကို ပေး၍ သူကောင်း ပြုတော်မူသည်။

ထိုသီရိဘောဂ သဌေးကြီးတွင်၊ ခင်ထားအို အမည်ရှိသော သမီးတယောက် ထွန်းကား၏။ ထိုသမီးကို မွေးဖွားပြီးနောက် ပစ္စည်းများ ပျက်ပြား ပြုန်းတီး၍ သီရိဘောဂ သဌေးကြီးသည် ကွယ်လွန် သွားရှာလေသည်။ သဌေးကြီးသေဆုံးပြီးနောက် မင်းတုန်းဘုရင်သည် သဌေးကြီးသမီး ခင်ထားအိုကို ကောက်ယူ၍ အဆောင်ရ မိဖုရားငယ်တဦးအဖြစ် မြှောက်စားတော်မူလေသည်။

မင်းတုန်းမင်းကြီး၏ မိဖုရားတဦးဖြစ်သော ကျောက်ရဲ မိဖုရားနှင့် ခင်ထားအိုတို့၏ အဆောင်တို့သည် တဆောင်နှင့် တဆောင် နီးကပ်၍ နေသည့်အတွက်၊ မင်းတရားကြီးက ခင်ထားအိုကို ကြည်ဖြူသည်ကို ကျောက်ရဲမိဖုရားက နာလိုဟန်မတူချေ။ ခင်ထားအိုတွင်၊ ခင်ထားမြင့် ဟူသော သမီးတော်ကလေးကို မွေးဖွားလာရာ၊ ကျောက်ရဲ မိဖုရားနှင့် ၎င်း၏ လက်ခွဲတော် တောင်ထားဝယ် ဗိုလ်မင်းတို့သည် တနည်းနည်းဖြင့် ခင်ထားအိုနှင့် သမီးကလေးကို နှိပ်စက်ညှဉ်းဆဲလိမ့်မည်ဟု ခင်ထားအိုသည် ထင်မြင် နေတော့သဖြင့် တနေ့သ၌ အထိန်းတော် မယ်စန္ဒာအား၊ သမီးတော် ခင်ထားမြင့်ကို စိတ်မချသဖြင့် မထင်မရှား ရုပ်ဖျက်၍ နေထိုင်စေပြီးလျှင် ခင်ထားမြင့်ကို မွေးမြူ စေလေသည်။

ရွှေပြည်စိုးဝတ္ထု သံခိပ်နှင့် အလင်းပြ စာမျက်နှာ (၁၆)

၁၆                              ရွှေပြည်စိုးဝတ္ထု သံခိပ်နှင့် အလင်းပြ

မင်းတုန်းဘုရင်ကြီးအားမူကား၊ သမီးတော် ခင်ထားမြင့် သေဆုံးသွားကြောင်းဖြင့် သတင်းလွှင့်သည့်အနေနှင့်သံတော်ဦးတင်ထားလေသည်။

သမီးတော် ခင်ထားမြင့်ကို မွေးဖွားစက ခမည်းတော် မင်းတုန်းမင်းတရားကြီး လက်ဖွဲ့တော်မူသော မြလက်စွပ်ကိုလည်း အထိန်းတော်ကြီးမယ်စန္ဒာအား၊ ထိန်းသိမ်းစောင့်ရှောက်ရန် ပေးလိုက်လေသည်။ အထိန်းတော်ကြီးသည် ခင်ထားမြင့်နှင့်အတူ မထင်မရှား မန္တလေးမိဖုရား၏ ဝင်းတော်တွင်းရှိ အိမ်တဆောင်တွင် နေထိုင်လေသတည်း။

သုသဘောဂသဌေးကြီး၏မြေး မောင်မောင်စိုးသည်လည်း၊ အရွယ်သို့ရောက်လေပြီ။ ထို့အတူ သီရိဘောဂသဌေးကြီး၏မြေး ခင်ခင်တင့်ခေါ် ခင်ထားလည်းလည်း အရွယ်သို့ ရောက်လေပြီ။ လွမ်းဆွတ်ကြေကွဲဖွယ်ရာအကြောင်းများဖြစ်သော သုသဘောဂသဌေး (မောင်မောင်စိုး၏အဘိုး) နှင့် အကောက်ဝန်မင်း (မောင်မောင်စိုး၏ ဘခင်) အကြောင်းများကို အထိန်းတော်ကြီး ဦးစွံသည် မောင်မောင်စိုးအား ပြောမပြဘဲ၊ မျိုသိပ်ထားသလိုပင်၊ ခင်ထား၏ ဘိုးဘွား၊ မိခင်၊ ဘခင်တို့၏ လွမ်းဆွတ်ကြေကွဲဖွယ်ရာ အတိတ်အကြောင်းကိုလည်း အထိန်းတော်ကြီး မယ်စန္ဒာသည် ခင်ထားအား ဖွင့်ဟ၍မပြောပြဘဲ မျိုသိပ်၍ ထားပေတော့သတည်း။

ကံတူ အကျိုးပေး ဖြစ်ကြကုန်သော သုသဘောဂ သဌေး၏မြေး မောင်မောင်စိုးနှင့် သီရိဘောဂ သဌေး၏မြေး ခင်ခင်ထား တို့သည်၊ မဟာမြတ်မုနိဘုရားကြီး၏ရှေ့တော်မှောက်ရောက်ရှိသော တနေရာတွင် မမျှော်လင့်ဘဲ၊ ဘဝကံအကြောင်းကံကြောင့် ဆုံတွေ့ကြလေတော့၏။ ထိုအချိန်သည်ကား၊ သီပေါမင်းတရားသည် သက္ကရာဇ် ၁၂၄၆ ခုနှစ်တွင်၊ မဟာမြတ်မုနိဘုရားကြီး၏ မျက်နှာတော်ကို အသစ်ဖွင့်တော်မူ၍ အသပိသ အလှူကြီးကို ပေးတော်မူသော ဘုရားပွဲတော်အခါ ဖြစ်ပေသည်။ အထိန်းတော်ကြီး မယ်စန္ဒာ၏ သွက်လက် ချက်ချာမှုကြောင့်၊ မောင်မောင်စိုးနှင့် ခင်ခင်ထားတို့သည် တဦးနှင့် တဦး အသိအကျွမ်း ဖြစ်ရလေတော့သတည်း။

ရွှေပြည်စိုးဝတ္ထု သံခိပ်နှင့် အလင်းပြ စာမျက်နှာ (၁၇)

ရွှေပြည်စိုးဝတ္ထု သံခိပ်နှင့် အလင်းပြ                              ၁၇

အထိန်းတော်ကြီး မယ်စန္ဒာသည် မောင်မောင်စိုး၏ ဘခင် အကောက်ဝန်မင်းကို ကောင်းစွာသိပေသည်။ အကြောင်းမူကား၊ ခင်ခင်ထားအား ပြုစုကျွေးမွေးရန် ချို့တဲ့ခဲ့သောကြောင့်၊ ခင်ခင်ထား၏ မယ်တော်က ပေးအပ်လိုက်သော မြလက်စွပ်ကြီးကို အကောက်ဝန်မင်းအား ငါးထောင်နှင့် ရောင်းချခဲ့ဖူးသည်ကို မှတ်မိပေသည်။ သို့သော် ထိုအကြောင်းကို မောင်မောင်စိုးအား၎င်း၊ ခင်ခင်ထားအား၎င်း၊ မပြောပြခဲ့ပေ။ ထိုလက်စွပ်ကြီးကို အကောက်ဝန်မင်းသည်၊ ရန်ကုန်ရှိ ပုဆိုးတန်းနေ ပွဲစားကြီး ဦးဘိုးတားအားရောင်းချရန်ပေးထားခဲ့ဖူးသေးသည်။

မောင်မောင်စိုး၏ မိထွေး မမင်းချိုသည် သမီး ခင်ခင်ဆော့ နှင့်အတူ အကောက်ဝန်မင်းကချောင်းချရန် ပေးအပ်ထားသော မြလက်စွပ်ကိုစုံစမ်းရန်အလို့ငှာ၊ ရန်ကုန်မြို့ဆင်း၍သွားကြသဖြင့်၊ မန္တလေး ၇ ရက်တန်တန်းအိမ်တွင် ဦးစွံနှင့် မောင်မောင်စိုးသာလျှင် ကျန်ရစ်ခဲ့လေသည်။

“တဦးမေတ္တာတဦးမှာ” ဟု ပုဗ္ဗေနိဝါသရှိပေရာ၊ ဖူးစာကံ၏ ဖန်လာချက်အရ၊ မောင်မောင်စိုးသည် ခင်ခင်ထားအပေါ်တွင်ကြည်ညိုနူးညံ့မှုအစပြု၍ မေတ္တာသက်ဝင်လျက် ရှိပထောကြောင့်၊ လူငယ်တို့ဘာဝ ဓမ္မတာအရ ခင်ခင်ထားတို့အိမ်သို့ ဝင်ထွက်လျက်ရှိပေသည်။ ငယ်ရွယ်သူနှစ်ဦးလုံးမှာ များစွာယဉ်ကျေးသိမ်မွေ့သော အမျိုးသား အမျိုးသမီးများဖြစ်သည့်အလျောက်၊ အချစ်မေတ္တာကြီးကို သိပ်သည်းစွာ ရစ်ပတ် ချည်နှောင်လျက် နေထိုင်ကြစဉ်၊ အဖိုး ဦးစွံသည် တနေ့သောအခါ မောင်မောင်စိုးကို အမရပူရမြို့သို့ ခေါ်ဆောင်သွားလျက်၊ တကောင်အင်းအနီးသို့ ဝင်ကြလေသည်။

ထိုနေရာ အတ္တကန္ထ ကံဦးပင်ရင်းတွင် သုသဘောဂ သဌေးအသက်ပျောက်သည်ကို၊ ဦးစွံသည် ဇာတ်ကြောင်းပြန်၍ပြောပြပြီးနောက်၊ သုသဘောဂသဌေး၏ ရတနာသိုက်သည် မကုန်ခန်းသေးဘဲ ကျန်ရှိသေးကြောင်း၊ မောင်မောင်စိုး၏အဖွားအား အဖိုးဖြစ်သူသဌေးက သိုက်နေရာကိုပြသခဲ့ကြောင်း၊ အဖွားလုပ်သူကလည်း မောင်မောင်စိုး၏ဘခင် ဦးစိုးအား မသေမီပြရစ်ခဲ့မည် ကြံစည်ထားရာ၊ အနိစ္စရောက်ခါနီးစပ်သဖြင့် ပြသခွင့်မရခဲ့ကြောင်းများကို ပြောပြလေတော့သတည်း။

မှတ်ရန်

၁။ တဝမ်းပူတွေကို မလိုအပ်ဘဲ စသတ်နဲ့မရေးပါ။

၂။ အခုခေတ်မှာ ရောဂါအကြောင်း၊ ဆေးအကြောင်းတွေအပါအဝင် သိလိုတာကို အလင်းပြပါလို့ ရေးနေကြတာ မှန်ကန်ခြင်းမရှိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ