Skip to main content

ဇာ ဇော်








ဆရာ ခင်ဗျာ ကျနော်တို့ငယ်ငယ်တုန်းက အညာမှာ လျက်ဆားဝယ်သုံးတဲ့အခါ ဇာပျံကြီး ဇာပျံလေးနှစ်မျိုးရှိတာမှတ်မိနေပါတယ်၊ခုသည်အခေါ်အဝေါ်မရှိမကြားရတော့ပါ၊ ဝေါဟာရအဘိဓာန်မှာလဲမတွေ့ရတော့ပါ၊ ဘာကြောင့်ဘယ်လိုဆိုတာရှင်းပြပေးစေလိုတယ်၊သတ်ပုံမသေခြာပါ။

မှတ်ရန်

အဘိဓာန်မှာ ဇာပျံ လို မပါ။

လူအမည်၊ ကုန်အမည်၊ ကလောင်အမည်၊ အနုပညာအမည်တွေကိုတော့ ကြိုက်သလို ရေးတတ်ကြတယ်။ တချို့လည်း သတ်ကျမ်းတွေမှာ မပါ။ အဘိဝာန်တွေမှာ မပါ။

ဇာ – န / ဇာ / ပိုက်ကွန်ကွက်၊ ပိုက်ကွန်ပေါက်ပုံဖြစ်စေပန်းခက် ပန်းပွင့်ပုံဖြစ်စေ ပိုးချည်၊ ဝါချည်၊ ရွှေချည်၊ ငွေချည်တို့ကို အပ်ဖြင့် ထိုးဖွဲ့ထားသော သို့မဟုတ် ရက်လုပ်ထားသော အကြားအပေါက်ပါသည့် အထည်။ “ဗောင်းနှင့်ဝတ်လုံ၊ ဘွဲ့ပုံ နာမံ၊ ဘဲရံဇာသတ်၊ ပိုင်းခြားမှတ်၍။” မဃ * ၆၇။ [ပါ]

ဇာကျယ် – ကြိ / ဇာကျယ် / အလုပ်ကိစ္စထွေပြားသည်။ အဆာ ကျယ်သည်။ “မန္တလေးက စက္ကူဘေးတွန့်ယပ်တောင် သယ် လို ဇာကျယ်နေခြင်း ဖြစ်ပါသည်။” သွေး၊ ၇၉။ ၇၇။

ဇာကွက် – န / ဇာဂွက် / ပျဉ်ပြား၊ ဝါးခြမ်း စသည်တို့ဖြင့် ပြုလုပ်ထားသော ရာဇမတ်ကွက်၊ လေးထောင့်ကွက်စသည်။ “နံရံအကာများမှာ သစ်ဝါးဇာကွက်များ ကာနိုင်ပါသည်။” သားရေ၊ ၂၁။

ဇာချဲ့ – ကြိ / ဇာချဲ့ / ဆာချဲ့ – ကြိ၊ နှင့် အတူတူ။ “အကျယ် အကျယ် ဇာချဲ့၍ စကားရှည်လျားအောင် မပြော။” သင်းကြီး၊ ၁၉၉။

ဇာချည် – န / ဇာဂျီ / ဇာထိုးရသော ချည်။

ဇာဂဏာ – န / ဇာဂနာ / သေးငယ်သောပစ္စည်းများကို ညှပ် ကိုင်တွယ်ရာတွင်လည်းကောင်း၊ အမွှေးအမျှင်စသည် နုတ်ရာ တွင်လည်းကောင်း အသုံးပြုသည့် အဖျားချွန်: ညှပ်တမျိုး။

*ဇာတာ – န / ဇာတာ / ၁။ တဦးတယောက် မွေးဖွားချိန်၊ တစုံတခု ဖြစ်ပေါ်ချိန်တို့တွင် ဆယ့်နှစ်ရာသီ၌ ဂြိုဟ်နက္ခတ်များ ရောက်တည်နေပုံကို ရေးမှတ်ထားသောအရာ။ “ကိုယ်ထီးကျန်စွာ၊ ငါ့ကြမ္မာကား၊ ဇာတာဂြိုဟ်တန်း၊ မသန့်စန်းလက်၊ ရှေးဝိပါက်ကြောင့်။” ဘူလင် ၂၆၇။ ၂။ [ဥပမာ] ကံ အကြောင်းတရား။ “မြန်မာတို့မှာ ဇာတာညှိုးသည့်အရာ အင်္ဂလိပ်တို့မှာ ဇာတာတက်သည့်အရာ။” ချုပ်ပုံ၊ မ။ ဂ၆။

ဇာတာကြည့် – ကြိ / ဇာတာကြည့် / ဇာတာကို ကောင်း မကောင်း တွက်ချက်စစ်ဆေးကြည့်သည်။

ဇာတာခွင် – န / ဇာတာဂွင် / ဂြိုဟ်များ ထည့်သွင်းထားသော ဆယ့်နှစ်ရာသီပုံ။ “အရှေ့အရပ်ကစပြီး လက်ယာရစ် ရေတွက်ခြင်းဖြင့် ဇာတာခွင်၌ အသာဟောရာတွင် အသုံးပြုရလေသည်။” နက္ခတ်။ ၃၁။

ဇာတာစန်းလက် – န / ဇာတာစန်းလက် / ဇာတာခွင်တွင် စန်းတည်ပုံ လက်တည်ပုံ စသော အချက်အလက်စု။

ဇာတာဆေး – ကြိ / ဇာတာဆေး / ဇာတာကြည့်သည်။

ဇာတာပေတာ – န / ဇာတာပေတာ / ဇာတာ – န၊ ၂ နှင့် အတူတူ။ “ဇာတာမသန့် အရှေ့ဘက်သို့ကူး၍ နေသည့်သူဖြစ်မည်။ ဇာတာပေတာသန့်က သူ နေဘဲမည်လော။” ကုလား၊ ဒု။ ၂၂။

ဇာတာဖွဲ့ – ကြိ / ဇာတာဖွဲ့ / ထန်းဖူးလွှာ၊ ဆင်စွယ်၊ ရွှေပြား စသည်တို့ဖြင့် ပြုလုပ်ထားသော ဇာတာတွင် ဇာတာရှင်၏ မွေးဖွားချိန် ဂြိုဟ်ခွင်များ၊ တိုင်ဆယ်ပါး စသည်တို့ကို ရေးသွင်းသည်။ (ဇာတာ၏ကျောဘက်တွင် ဂြိုဟ်ခွင်များ၊ အဓိပတိတိုင်၊ တိုင်ဆယ်ပါး၊ နက္ခတ်စဉ် စသည်တို့ကို ရေးသွင်း၍ ဝမ်းဘက်တွင် ဖွားသက္ကရာဇ်၊ လ၊ ရက်၊ နေ့တို့နှင့် အမည် စသည်တို့ကို စာ ၅ ကြောင်း၊ ၇ ကြောင်း၊ ၉ ကြောင်း ရေးသွင်းသည်။)

ဇာတာအိမ် – န / ဇာတာအိမ် / ၁။ ဇာတာခွင်။ ၂။ ဇာတာ ထည့်ရသော အဖုံးပါသည့် ခြင်းကြားငယ်။ ၃။ ဇာတာကွက် သဖွယ် ပြုလုပ်ထားသော ပန်းခက်ပန်းနွယ်။ “ဇာတာအိမ် သဖွယ် ဆင်စွယ်ချင်း ချုပ်စပ်၍ တရုပ်ကပ်စီသော ဇာလီခန်းသာတွင်။” ရကြေး။ ၆ဂ။

ဇာတိ – န / ဇာတိ / ၁။ တခုသောဘဝ၌ ရုပ်တရား နာမ်တရားတို့ စတင်ဖြစ်ပေါ်ခြင်း၊ ပဋိသန္ဓေနေခြင်း။ “ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာမရဏဟူသော ပဋိစ္စသမုပ္ပါဒ်သည်ပင် အစဉ်မပြတ် ဖြစ်တတ်ောကြောင့် သံသရာမည်၏။” နရ။ ၁ခ၃။ ၂။ မွေးဖွားရာ အရပ်ဒေသ။ [ပါ]

ဇာတိချက်ကြွေ – န / ဇာတိချက်ကြွေ / မွေးဖွားရာအရပ်။ “ယူဇနာခြောက်ဆယ်ရှိတဲ့ ခရီးကို...ကြွသွားတော် မူလေရာ ဒွါဒသမ နှစ်လတိုင်တိုင် ကြာရှိသောအခါ ဇာတိချက်ကြွေ ဘွားရာမြေဖြစ်တဲ့ ကပိလဝတ်နေပြည်တော်ကြီးသို့ ဆိုက်ရောက်တော်မူလေသတည်း။” သာရီ၊ စ။ ၁၃၅။

ဇာတိချက်မြှုပ် – န / ဇာတိချက်မျှုတ် / ဇာတိချက်ကြွေ – န၊ နှင့် အတူတူ။ “ကျွန်တော်၏ဇာတိချက်မြှုပ်ဖြစ်သည့် ကမာရွတ်ရွာသို့....ပြောင်းရွှေ့ လာရောက် နေထိုင်ခဲ့လေသည်။” သံသာ။ ၁၄။

ဇာတိစိတ် – န / ဇာတိစိတ် / မွေးရာပါစိတ်။ “ဇာတိစိတ်၏ လှုံ့ဆော်မှု များ နှင့် အာသာဆန္ဒများ။” ပညာခြ။ ၃၅။ [ပါ]


ဇာတိရပ် – န / ဇာတိယတ် / မွေးဖွားရာအရပ်။ “ချက်သို့ဘုမူး၊ မည်သို့တင်အပ်၊ ဇာတိရပ်ကား။” ကဝိန်။ ၁၁။

ဇာတိရုပ် – န / ဇာတိယုတ် / ၁။ ဖြစ်ပေါ်စရုပ်။ “မဟာဘုတ် ရုပ်စသော နိပ္ဖန္နရုပ်တို့၊ ဥပါဒ်အားဖြင့် ဖြစ်လာသည်ရှိသော် ထိုရုပ်တို့၏ ဖြစ်စသဘောသည် ဇာတိရုပ်.... မည်သည်။” ဂမ္ဘီရ။ ၆ဂ။ ၂။ ပင်ကိုယ်ရုပ်။ ပကတိရုပ်။ [ပါ]

ဇာတိသား – န / ဇာတိသွား / မွေးဖွားရာ အရပ်ချင်းတူသူ။ “ဦးဘနှင့်ဦးမြတို့မှာ ဇာတိသားဖြစ်ကြပါသည်။”

ဇာတိသင်္ချာပစ္စည်းစကား – န / ဇာတိသင်္ချာ ပျစ်စီးဇဂါး / သက်ရှိ၊ သက်မဲ့တို့ကို ရေတွက်ရာတွင် ပုံသဏ္ဌာန် လက္ခဏာ တို့နှင့် အလိုက်အလျောက် သုံးစွဲရသည့် သင်္ချာနောက်ဆက် စကားလုံး။ (ငှက်ပျောတဖီး၊ ထီးနှစ်လက်၊ ကြက်သုံးကောင်၊ စောင်းလေးထည် စသည်။)

ဇာတိသွေး – န / ဇာတိသွေး / မိမိ၏ တိုင်းပြည်နှင့် အမျိုး အတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်တတ်သော သတ္တိ။ “ဇာတိသွေးရှိလျှင် ပကတိသဘောအားဖြင့် အမျိုးနှင့်နိုင်ငံ ကို ချစ်ခင်၏။” စာဏကျ၊ တ။ ၁၅ဂ။

*ဇာတီဖိုလ် – န / ဇာဓိတ်ဖို / ကြီးမား ရှည်လျားသော အာရွက်၊ ထူသောအခေါက်ရှိသည့် ပင်စောက်ကြီးတမျိုး။ (ခိုဥခန့်ရှိ သော အသီးဆန်ကိုနံ့သာအဖြစ်လည်းကောင်း၊ပရဆေးအဖြစ် လည်းကောင်း အသုံးပြုကြသည်။) “ရေနဲစရို၊ ဇာတီဖိုလ် ခံစပ်၊ သနပ်ဂံခါး၊ သစ်ကြားသစ်အယ်။” ဂါထာ ၃၃။

ဇာထိုး – ကြိ / ဇာထိုး / အပ်တမျိုးမျိုးကို အသုံးပြုကာ ဇာချည်ဖြင့် ဇာပြုလုပ်သည်။

*ဇာတီဖိုလ် – န / ဇာဓိတ်ဖို / ကြီးမား ရှည်လျားသော အာရွက်၊ ထူသောအခေါက်ရှိသည့် ပင်စောက်ကြီးတမျိုး။ (ခိုဥခန့်ရှိ သော အသီးဆန်ကိုနံ့သာအဖြစ်လည်းကောင်း၊ပရဆေးအဖြစ် လည်းကောင်း အသုံးပြုကြသည်။) “ရေနဲစရို၊ ဇာတီဖိုလ် ခံစပ်၊ သနပ်ဂံခါး၊ သစ်ကြားသစ်အယ်။” ဂါထာ ၃၃။

ဇာထိုး – ကြိ / ဇာထိုး / အပ်တမျိုးမျိုးကို အသုံးပြုကာ ဇာချည်ဖြင့် ဇာပြုလုပ်သည်။

*ဇာနည် – န / ဇာနီ / အာဇာနည် – န၊ ၁ နှင့် အတူတူ။ “ဤသို့ ထူးလည်၊ မတ်ဇာနည်တို့၊ ပြည်၏အလယ်၊ အင်းလေးသွယ် နှင့်။” သီလဝ ၁၁၇။ [ပါ]

ဇာဘော်လီ – န / ဇာဘော်လီ / ဇာပါသော မိန်းမအတွင်းခံ အင်္ကျီ။ ချွေးခံအင်္ကျီ။

ဇာရီ – န / ဇာယီ / တရားရုံး စီရင်ချက်ကို အတည်ပြုခြင်း။ ဒီကရီကို အတည်ပြုခြင်း။ “ပေါင်နှံတင်သွင်းထားသည့်ပစ္စည်း များကို ဇာရီပြုလုပ် ရောင်းချခြင်း။” အင်းလက်စွဲ။ ၁၆ဂ။ [လိပ်]

ဇာတီ – န / ဇာတီ / မူလီချောင်းတွင် လှည့်တပ်ရသည့် စက်အူ ရစ်ပါသော သတ္တုတုံး။ (လေးမြှောင့်ဖြစ်စေ ခြောက်မြှောင့် ဖြစ်စေ လုပ်ကြသည်။) “ညာတိုင်နံဘေးတဖက်မှ ဇာတီသွင်း ရန် အပေါက်ဖောက်ထားပြီး မူလီနှင့်စုပ်ပေးခြင်း။” ဂျင်နီ။ ၄၀၂။

ဇော် – န / ဇော် / ၁။ ဇော်ဂျီ။ “ဂျပ်စုံသခင်မူဇော်မှာ ဇာတ်သခင်မူ ဇော်ထက် ပိုမို၍ ကရပေးသည်။” ပြည်က။ ၄၇။ ၂။ [ဥပမာ] ထိပ်တန်းဖြစ်ခြင်း။ ထိပ်တန်းရောက်သူ။ “ကုန်ရောင်းပုံ လမ်းမှန်တတ်ပါမှ၊ ဝမ်းနံပါတ် တစ်ဇော်။” ထပ်။ ၁၃၉။

ဇော်က – န / ဇော်ဂဲ့ / ဇာတ်၊ ရုပ်သေးများတွင် ဇော်ဂျီ၏ ကကြိုးကကွက်။

ဇော်ကလီစွက် – ကြိ / ဇော်ဂလီစွက် / ဝင်ရောက် စွက်ဖက်သည်။ “စကားတရာ၊ လက်စမသတ် ဇော်ကလီစွက် စကားများစေတတ်သော ဝိစိကိစ္ဆာစေတသိက် အမိုက်ကိုလည်း။” မလဲ။ ၇၅။

ဇော်ဂနီ – န / ဇော်ဂနီ / မိစ္ဆာနတ် မိန်းမတမျိုး။ (ဒေဝဇော်ဂနီ၊ ဗျတ္တဇော်ဂနီ၊ ယက္ခဇော်ဂနီ၊ ဂန္ဓဗ္ဗဇော်ဂနီဟု လေးမျိုးရှိသည်။)

ဇော်ဂျီ – န / ဇော်ဂျီ / ၁။ မြေလျှိုး မိုးပျံ အတတ်၊ သက်ပြောင်း သက်ခွာ အတတ်၊ ဆေး ဝါး မန္တရား အတတ် စသည်တို့တွင် ကျွမ်းကျင်သူ။ ၂။ လူမျိုး တမျိုး၏ အမည်။ “ကပ္ပလီ၊ ခလာသီ၊ ဇော်ဂျီ”

ဇော်ဂျီ၊ ကလယ်ကုလားနွယ်တိုင်းမသိ။” ကျည်း။ ၄၆။ ၃။ ဇော်ဂျီရောင်။

ဇော်ဂျီမံ – ကြိ / ဇော်ဂျီမန် / တစုံတရာကို ဖိုထိုးသောအခါ မီးဖုတ်သောအခါ အပူခံနိုင်ရန်နှင့် အတွင်းရှိဓာတ်များ ထွက်မသွားနိုင်ရန် လုံစသည်တို့ကို ရွှံ့၊ အဝတ်စသည်တို့ဖြင့် အထပ်ထပ်အုပ်သည်။ ဇော်မံသည်။ “သွပ် ိ ကိုတင်၍ ၂ ဆေးမှုန့်ကိုဖုံးပြီးလျှင် လုံပိတ်။ ဇော်ဂျီ ၉ ထပ်မံ... ၄ နာရီခန့်ထိုး။” ဝိဇ္ဇာ။ ၂၀၄။

ဇော်ဂျီရောင် – န / ဇော်ဂျီယောင် / နီဝါမှိုင်းရောင်။

ဇော်ဆွဲ – ကြိ / ဇော်ဆွဲ / [ဥပမာ] အတော်ဆုံးဖြစ်သည်။ အကောင်းဆုံးဖြစ်သည်။ အမြတ်ဆုံးဖြစ်သည်။ ထိပ်ဆုံးဖြစ်သည်။

ဇော်တခိုင်လုံး – န / ဇော်တခိုင်လုန်း / အက္ခရာ တဆယ့်ကိုးလုံးရှိသော ရတုချနည်းတမျိုး။

ဇော်မံ – ကြိ / ဇော်မန် / ဇော်ဂျီမံ – ကြိ၊ နှင့် အတူတူ။ “ကျီးကန်းတကောင်လုံး....အိုးသစ်တွင် ထည့်၍ ဇော်မံပြီး မီးဖုတ်ပါ။” ဆေးတို၊ စ။ ၃၄။

ဇော်မွှား – န / ဇော်မွှား / အလေ့စိုက်ပျိုးသော ဆောင်းတွင်းပန်းတမျိုး။ (အရောင်အမျိုးမျိုးရှိသည်။)

ဇော်ရန်း – န / ဇော်ယန်း / မရန်းစေ့ရောင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ