မဟုတ်ပါ။ စကာလုံး၊ စကားစုတွေကို တလုံးစီကောင်ယူလို့မရပါ။
နောက်ထပ် ဥပမာတခုက မိုးသောက်။
မိုးကိုသောက်တာ မဟုတ်။ မိုးရေသောက်တာ မဟုတ်ပါ။
မိုးသောက် – န / မိုးသောက် / နံနက် အရုဏ်တက်ချိန်။
မိုးသောက်ကြယ် – န / မိုးဒေါက်ဂျယ် / အရုဏ်တက်ချိန်တွင် အရှေ့ဘက် ကောင်းကင်၌ ထွန်းလင်းသော သောကြာကြယ်။ အရုဏ်ဦးကြယ်။
မိုးသောက်ကြယ် – န / မိုးဒေါက်ဂျယ် / အရုဏ်တက်ချိန်တွင် အရှေ့ဘက် ကောင်းကင်၌
မိုးသောက်အလင်း – န / မိုးသောက် အလင်း / နံနက် အရုဏ်တက်၍ လင်းအားရှိသော အချိန်။
မိုးသားပြေးခေါ် – ကြိ / မိုးသားဗျေးခေါ် / မိုးရာသီကုန်ဆုံးချိန်၌ ထစ်ကြိုးမြည်ဟိန်းသည်။
မိုးသီး – န / မိုးသီး / ၁၊ အာကာသ၌ အအေးဓာတ် လွန်ကဲသဖြင့် မိုးငွေ့များ အေးခဲလျက် ကျလာသည့် မိုးရေ အတုံးအခဲငယ်။ ၂၊ သာကူစေ့ အလုံးကြီး။
မိုးသေးမိုးဖွဲ – န / မိုးသေးမိုးဗွဲ / အနည်းအပါး အမှုန်အမွှားမျှ ရွာသော မိုး။
မိုးသက်မုန်တိုင်း – န / မိုးသက်မုန်ဒိုင်း / မိုးရေမိုးပေါက်တို့ ကိုပါ သွန်ချလျက် ပြင်းထန်စွာတိုက်သော လေဟုန်။
မိုးသောက် – ကြိ / မိုးသောက် / အရုဏ်တက်သည်။
မိုးသောက်ကြယ် – န / မိုးသောက်ကျယ် / နေထွက်ခါနီး အရုဏ်တက်တွင် အရှေ့ဘက် ကောင်းကင်၌ တွေ့ရတတ်သော ကြယ်။ ဗုဒ္ဓဟူးဂြိုဟ်။
မိုးသောက်ယံ – န / မိုးသောက်ယန် / ညဉ့်ကို သုံးပိုင်း ပိုင်းခြားရာတွင် နောက်ဆုံးဖြစ်သော အချိန်ကာလပိုင်း။ နံနက် ၂ နာရီမှ ၆ နာရီအထိ အချိန်ပိုင်း။
မိုးအေး – ကြိ / မိုးအေး / မိုး မပြတ်ရွာကာ မိုးရေသွန်းဖျန်းထားမှုတို့ ကြောင့် စိမ့်အေးသည်။
မိုးအုံ့ – ကြိ / မိုးအုန်း / ၁၊ မိုးသားမိုးတိမ်တို့ ဆိုင်းဖွဲ့ ပိတ်ဆီးသည်။ ၂၊ မိုးရွာမည့် အခြေအနေ ဖြစ်ပေါ်သည်။
မိုးဥတု – န / မိုးဥဒု / အများအားဖြင့် မိုးရွာမြဲအတိုင်း ရွာသွန်းလေ့ရှိသော ကာလအပိုင်းအခြား။ (ဝါဆိုလပြည့်မှ တန်ဆောင်မုန်းလပြည့်၊ ဇူလိုင်လမှ အောက်တိုဘာလ ခန့်အထိ ကာလကို ပိုင်းခြားမှတ်သားလေ့ ရှိသည်။)
မိုးဦးကျ – ကြိ / မိုးအူးကျ / မိုးရာသီသို့ စတင်ဝင်ရောက်သည်။ မိုးစတင်ရွာသွန်းသည်။
"မေတ္တာသံဝေ သီချင်း"
မေတ္တာသံဝေ ဗုဒ္ဓဘာသာ မြန်မာတတွေ မိုးသောက်အရုဏ်ကျင်း နံနက်ခင်းလင်းစမလေဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူဒါန်းလို့မသွေ အမျှဝေစေလိုကြောင်း ဆုတောင်းမေတ္တာသံဝေ။
ကြေးစည်သံကလေး အေးအေးမြနေဘေးရန်ဘယာဘေး ဝေးဝေးကြစေသာသနာရောင်ဝါထွန်းတဲ့ ကျွန်းတောင်လက်ျာမြန်ဇမ္ဗူမှာလေ မိတ်အပေါင်းတွေ နိမိတ်ကောင်းစေ မေတ္တာရေလောင်းဆုတောင်းသံဝေ။
ဗုဒ္ဓဘာသာမြန်ပြည် နိုင်ငံတော်အတွင်းမလေ
သာသနာရောင်ဝါအဆင်း ပြောင်ဝင်းလင်းလို့နေမေတ္တာရိပ်မှာ ခိုလှုံစေ
သစ္စာရိပ်မှာ ခိုလှုံစေတို့မြန်မာရိုးရာမှာလေ မညှိးပါအမျိုးသာသနာတွေ
အိပ်ရာဝင် အိပ်ရာထ နေ့ညစဉ်လာမသွေအမျှဝေစေလိုကြောင်း ဆုတောင်းမေတ္တာသံဝေ။
မင်္ဂလာအပေါင်းနဲ့ပြည့်ဝလို့နေ
ဗုဒ္ဓဘာသာမြန်မာဒို့တိုင်းပြည်
တဦးမေတ္တာ တဦးကလေ (x၂)
သြော်... မျှမေတ္တာသံဝေအိမ်ဂေဟာတိုင်း ကျက်သရေ တက်နေအဆင်း ထွန်းလင်းဖြာဝေ။
ပြုပြုသမျှ ကုသိုလ်ဒါနတွေယခုလို မေတ္တာဝေသူတော်ကောင်းသူမြတ်လောင်းတို့ ကောင်းမှုအထွေထွေတောင်းဆုကိုချွေ (x၂)
အနုမောဒနာခေါ်သံတွေ ဝေယံဖျားကကြားရမလေမေတ္တာသံဝေ... မေတ္တာသံဝေ။
မှတ်ရန်
သီချင်းစာသား သတ်ပုံမှန်တာ ရှားတယ်။ နားထဲမဝင်သာ တစ်နေကြပါသည်။ မြန်မာစာခေတ်ပျက်။
https://www.youtube.com/watch?v=eoyFsfnJhhI
နောက်တချက်
ဘာသာရေးကို (ဘယ်ဘာသာမဆို) နိုင်ငံရေးလုပ်တာ အများအတွက် သင့်တော်ခြင်း မရှိပါ။
ဘာသာရေးဖြစ်စေ၊ ပညာဖြစ်စေ သူ့နေရာနဲ့သူ တည့်မှန်၊ ကောင်းမွန်ရပါမယ်။
လိုရာကိုဆွဲဆောင်သူတွေကတော့ ဘာသာရေးနဲ့ ပညာရေးကို သူတို့လိုရာကို ဆွဲခေါ်တတ်ကြတယ်။
အဲလိုကြောင့် မပျက်သင့်တာတွေ ပျက်ကုန်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment