ရွယ်တူသူငယ်ချင်း
ငယ်သူသူငယ်ချင်း
စီနီယာသူငယ်ချင်းတွေရှိပါသည်။
ကောင်းမှုကု သိုလ်ပြုသူပြု
စိတ်လက်ပေါ့စရာ ရယ်စရာရှာသူရှာ
ကိုယ်လက်လှုပ်ရှား ဆော့စကားသူကစား
သီဆိုနိုင်သူတွေက ဆိုကြသေးသည်။
ငယ်သူမဟုတ်တော့ရင်တော့ လက်ချောင်း လက်ဆစ်တွေကြောင့် မတီးခတ်နိုင်ကြတော့ပြီ။
ဆိုရှယ်လောကကနေ ခွင့်ပန်ထွက်ခွါသူလည်း ရှိပါသည်။
ဆိုရှယ်လောကထဲ အစကတည်းက ဝင်မလာသူတွေလည်းရှိသည်။
ခင်ပွန်းက ရေး၊ ဇနီးက အေးသူ၊ ဇနီးကရေး ခင်ပွန်းက ဘေးမှာနေတဲ့ အတွဲတွေလည်း သတိထားမိသည်။
မငေးမမော မတွေးမတော့သူလည်း ရှိမည်။
ကျွန်တော်ကတော့ ဆေးကျောင်းက သင်မပေးလိုက်တဲ့အလုပ်တွေသာ လုပ်နေသည်။ နိုင်ငံရေးလုပ်ခဲ့ပြီ။ စာအတိုအထွာရေးနေပါသည်။
သူငယ်ချင်းတွေရဲ့
ကြေးစည်သံ ကြားရပါ၏။
သီချင်းသံ ကြားပါ၏။
ရယ်စရာ ရယ်ရပါ၏။
မထွက်တဲ့အသံတွေကိုပါ ကောင်းမွန်စွာ ကြားပါ၏။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment