ဆို-ကိုအံ့ကြီး
စိမ်း .မြ
စိမ်းမြ လျှံခြယ်
အောင်ပင်လယ် တောနဲ့တောင်စွယ်
ကိုကြီးတင် ပျော်တဲ့ နယ်
ရွှေ နန်းတော်
ရွှေနန်းတော် ရှေ့ပြုဗ္ဗာဝယ်
ကုမ္မာရီ
ကောက်စိုက်မတွေ အသွယ်သွယ်
ဆိုတေးသံ ချိုလှတယ် ...။
လွမ်းတော်မူလို့ စာကိုစီတယ်
တိမ်နီ တိမ်ဝါ
တိမ်ပြာတွေ သန်းပြန်တော့
ဪ လွမ်းတော်မူလို့ စာကိုစီတယ်
တိမ်နီ တိမ်ဝါ
တိမ်ပြာတွေ သန်းပြန်တော့
ဘယ်ဆီသို့ ဘယ်ညာသို့
လွမ်းရမယ် ညွန်းဆကွယ်
ကြာဖြူ အိုင်ကြီးရယ် ..
ဘယ်ဆီသို့ ဘယ်ညာသို့
လွမ်းပါရမယ် ညွန်းကာဆကွယ်
ကြာဖြူ အိုင်ကြီးရယ် ..
မိုးခါဝယ် ချိုးလာမယ်
ချိုးလာမယ် မိုးခါဝယ်
ချစ်သူ ပန်ဖို့တကယ်
ရည်ရွယ်ကာ ထားခဲ့တယ်
မိုးခါဝယ် ချိုးလာမယ်
ချိုးလာမယ် မိုးခါဝယ်
ချစ်သူ ပန်ဖို့တကယ်
ရည်ရွယ်ကာ ထားခဲ့တယ်
ပဒုမ္မာ ကြာရယ်
ကျုပ်ရည်းစားနဲ့ ညားအောင်
စောင့်ဦး ကွယ် ..။
လက်ဦး ပန်ချင်ရင်
အမှန်ပင် လာခဲ့
မောင် ခေါ်ချင်တယ်
ကိုကို ခေါ်ချင်တယ်
ကိုယ်ချစ်တယ် ချစ်တဲ့ပျိုလေးရယ်
လက်ဦး ပန်ချင်ရင်
အမှန်ပင် လာခဲ့
မောင် ခေါ်ချင်တယ်
ကိုကို ခေါ်ချင်ပါတယ်
ကိုယ်ချစ်တယ် ချစ်တဲ့ပျိုလေးရယ်
အခါခါကွယ် မှာရှာတယ်
မှာရှာတယ် လာပါကွယ်
ပျိုလေးရယ် ချစ်တဲ့သူလေးရယ်
အောင်ပင်လယ် တောခြေဝယ်
မောလေတယ် ချောမေရယ်
ရွှေကြာပန်းကို ဆင်ပါကွယ်
ခင်ရယ် ကြင်မယ်
ဪ .ကျုပ်ရည်းစားနဲ့
ညားအာင် စောင့်ဦး မယ်။
မခွာနိုင် ဘူးကွယ်
ကမ္ဘာတိုင် ထုမယ်
လွမ်းတော်မူ တဲ့
သက်လယ် မျက်ခြယ်
ဘယ့်နှယ့် လည်း ကွယ်
မခွာနိုင်ပါ ဘူးကွယ်
ကမ္ဘာတိုင် ထုမယ်
လွမ်းတော်မူ တဲ့
သက်လယ် မျက်ခြယ်
မင်း ဘယ့်နှယ့် လည်း ကွယ်
ယဉ်သူ ဇာတိ နွယ် ..
အင်မတန် ကျေနပ်ဘွယ်
အင်မတန် ကျေနပ်ဘွယ် ..
ယဉ်သူ ဇာတိ နွယ်
ချစ်တော်မူ -
ချောသလောက် မေရယ်
ကြိုက်တော်မူ -
ချောသလောက် မေရယ်
ပြောလောက် ပေတယ်
ချောသလောက် မေရယ်
ခင်ခင်နှမရယ် ယဉ်ယဉ်လှတယ်
နန်း တော် ရှေ့
အောင်ပင် လယ် ...။
မခွာနိုင် ဘူးကွယ်
ကမ္ဘာတိုင် ထုမယ်
လွမ်းတော်မူ တဲ့
သက်လယ် မျက်ခြယ်
ဘယ့်နှယ့် လည်း ကွယ်
မခွာနိုင်ပါ ဘူးကွယ်
ကမ္ဘာတိုင် ထုမယ်
လွမ်းတော်မူ တဲ့
သက်လယ် မျက်ခြယ်
မင်း ဘယ့်နှယ့် လည်း ကွယ်
ယဉ်သူ ဇာတိ နွယ် ..
အင်မတန် ကျေနပ်ဘွယ်
အင်မတန် ကျေနပ်ဘွယ် ..
ယဉ်သူ ဇာတိ နွယ်
ချစ်တော်မူ -
ချောသလောက် မေရယ်
ကြိုက်တော်မူ -
ချောသလောက် မေရယ်
ပြောလောက် ပေတယ်
ချောသလောက် မေရယ်
ခင်ခင်နှမရယ် ယဉ်ယဉ်လှတယ်
နန်း တော် ရှေ့
အောင်ပင် လယ် ...။
https://www.facebook.com/reel/997942062981463
ဒေါက်တာတင့်ဆွေ

Comments
Post a Comment