Skip to main content

တခါတလေ

မေးခွန်းတခု = တခါတလေလား နှစ်ခါ နှစ်လေလား

ကျွန်တော် သူငယ်တန်းကနေ ဆေးကျောင်းပြီးတဲ့အထိ 'တခါတလေ' ကို 'တခါတလေ' လို့သာ ရေးပါတယ်။

မူရင်းစာလုံးပေါင်း = တခါတလေ

မူသစ်တမျိုး = တစ်ခါတစ်လေ။

မူသစ်တမျိုး = တစ်ခါတလေ။

မူသစ်တမျိုး = တခါတစ်လေ။

၁။ တကျွန်း

တကျွန်း - န / တဂျွန်း / ၁၊ ပင်လယ်ရပ်ခြား တိုင်းတပါး။ ၂၊ တသက်တာ ထောင်ဒဏ်ခံရသူတို့ကို ထားရာအရပ်။

၂။ တခဏချင်း

တခဏချင်း - န / တခနဂျင်း / အလွန်တိုတောင်းသောကာလ အတွင်း။ "လူသည် လေကို မရှူရှိုက်ရလျှင် တခဏချင်းပင် သေလိမ့်မည်။" မောင်မေ။ ၂။

၃။ တခါ

တခါ - ကြိဝိ / တခါ / အကြိမ်အလှည့်အားဖြင့်။ "အကြွေးမြို့ ဆိုတဲ့ ပြည်သို့ တခါဝိုင်းရပြန်တော့။" မျောက်ငို။ ၇ဂ။

တခါ - န / တခါ / တခုသော အချိန်အခါ။ "သဘာဝဓမ္မပါရဂူ တယောက် တခါက ပြောဖူးဖူးလေသည်။" ငှက်။ ၂၅။

၄။ တခါတခါ

တခါတခါ - ကြိဝိ / တခါတခါ / အမြဲမဟုတ်။ အခန့်သင့်သည့်အခါ။ တခါတရံ။ တခါတလေ။ "တခါတခါရွှေထွက်သည်။" ကိပုံ။ ၇၂။

၅။ တခါတရံ

တခါတရံ - ကြိဝိ / တခါတယန် / တခါတခါ-ကြိဝိနှင့်အတူတူ။ "တခါတရံ လက်မ ၃၀၀ အထိ ရှည်သွန်း လေသည်။" မြန်သွေး။ ၂၆။

၆။ တခါတလေ

တခါတလေ - ကြိဝိ / တခါတလေ / တခါတခါ - ကြိဝိ။ နှင့် အတူတူ။ "တခါတလေ ကွဲအက်၏။" ဇီဝက။ ၁၁၅။

၇။ တခါတည်း

တခါတည်း - ကြိဝိ / တခါဒဲ / တခါခဏ / တချိန်တည်း။ တကြိမ်တည်း။ တချက်တည်း။ ချက်ချင်း။ "ဥပဒေ တရပ် အဖြစ် တခါတည်း ပြဋ္ဌာန်းလိုက်လေသည်။" လူချွန်။ ပ။ ၅၁။

၈။ တခိခိ

တခိခိ - ကြိဝိ / တခိခိ / ရုတ်တရက် တိုးတိုးတိတ်တိတ် ရယ်သောအသံကို ပြုလျက်။ "ကိုယ်အကြံ အောင်၍ တခိခိရယ်ခြင်း။" နိုင်ပြိုင်၊ ဒု။ ၁၅။

၉။ တချေ

တချေ - န / တချေ / ရွက်အိုးခြောက်လုံးစာ ထန်းရည်ထည့် ကျို၍ရသော ထန်းလျက်ပမာဏ။ "တချေဆိုသည် တအိုး၊ တဆယ်ကျိကို ခေါ်၏။" စာဗိမာန်၊ ၃၊ ၁၁၊ ၄၇။

၁၀။ တချို့

တချို့ - န / တချို့ / တစိတ်တဒေသ။ အနည်းငယ်။ "တထွေ ရုပ်ဆင်း၊ အကင်းစို့၊ ညှို့ရုံရဲလျှင်၊ တချို့ရင့်၍။" သစ္စာ*၊ ၆၂။

၁၁။ တချို့တလေ

တချို့တလေ - န / တချို့တလေ / တစိတ် တဒေသခန့်။ အနည်းငယ်မျှ။ "တချို့တလေ အနည်းငယ်မျှ ကံချွန်ကြလျက်။" နီရိ၊ ပ၊ ၅၄။

၁၂။ တမျိုးတည်း

တမျိုးတည်း - ကြိဝိ / တမျိုးဒဲ / တမျိုးစီး / တမျိုးအစားတည်း။ တပုံစံတည်း။

၁၃။ တချက်တည်း

တချက်တည်း - ကြိဝိ / တချက်ထဲ / တပြိုင်နက်။ အတူတကွ။ "နွားတို့ကိုမြင်၍ တပြိုင်နက် တချက်တည်း ကြွေးကြော် ငိုကြွေးတမ်းတကြကုန်၏။" ဘူလတ်။ ၁၄။

၁၄။ တချက်လွှတ်

တချက်လွှတ် - ကြိဝိ / တချက်လွှတ် / ပြန်လည် ရုပ်သိမ်းခြင်း၊ ပြင်ဆင် ပြောင်းလဲခြင်း မရှိ။ "ရှင်ဘုရင် ဆိုတာမျိုးဟာ တချက်လွှတ်အမိန့်တော်မှတ်ပြီးရင် ဘယ်လိုဘဲ တောင်းပန်ပေ့ မရဘူးပေါ့။" မြန်ပုံ။ ၁၃။

၁၅။ တခြား

တခြား - န / တခြား / ၁၊ သိမြင်ဖော်ပြပြီးသော သက်ရှိသက်မဲ့ တို့မှပါးဖြစ်သောအရာ။ ၂၊ တမျိုးတပုံ၊ တသီးတသန့် ဖြစ်သောအရာ။ "အမေလည်းတခြား၊ အဖေလည်းတခြား။" စတု၊ စ၊ ၅၃။

၁၆။ တခြားတပါး

တခြားတပါး - န / တခြားတပါး / တခြား - န၊ ၁၊ နှင့်...

မှတ်ရန်

တစ်များလေလေ 

- လူကြိုက်များလေလေ

- ရောင်းကောင်းလေလေ

- ဂုဏ်ထူးတွေရလေလေ

ထို့ကြောင့်

- လူကြိုက်များချင်သူ

- ရောင်းကောင်းချင်သူ

- ဂုဏ်ထူးရချင်သူတွေ

မြန်မာအဘိဓာန် အကျဉ်းချုပ်ကို မလိုက်နာနဲ့။

တခါတလေ ဝဠာဗွေအုံ့ဆိုင်း

ရှစ်တိုင်းကမှောင်

တောမြောင်ချောက်ကြား

အသက်စွန့်ဆံဖျား သွားတဲ့အခါများဝယ်

ထွေးညိုကို တမ်းတလို့

မှန်းဆရုံနဲ့ ကျေနပ်ရတယ်ကွယ်

တွံတေးသိန်းတန် - ထွေးညို https://www.youtube.com/watch?v=5m1U5hHns8Y

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ