မြန်မာအဘိုးကြီးအမြင်။ ။ လူတွေဟာ ဗြဟ္မာကြီး လေးယောက်က စပြီး ဆင်းသက်လာကြလို့၊ တို့တဘွေဟာ ဗြဟ္မာမင်းဆက်တွေဖြစ်တယ်။
အင်္ဂလိပ်အဘိုးကြီးအမြင်။ ။ ဘုရားသခင်ဟာ မြေကြီးကို သူ့ပုံသဏ္ဌာန် ပြုလုပ်ပြီး။ အာဒံနဲ့ အေးဝအဖြစ် ဖန်ဆင်းပေးခဲ့လို့၊ လူတွေဟာ သူတို့မှတဆင့် ဖြစ်ပွားလာခဲ့တာဘဲ။
လောကဓာတ်ဆရာကြီးအမြင်။ ။ လူတွေဟာ မျောက်က ဆင်းသက်လာတာပါ။ အဲဒါကြောင့် လူနဲ့ မျောက်ဟာ အများအားဖြင့် တူတယ် မဟုတ်လား။
ဇာတ်သမားအမြင်။ ။ သူတို့ပြောတာ အားလုံးမှားတယ်။ လူဆိုတာ လူကဘဲ ဆင်းသက်လာတယ်။ ဟိုမှာကြည့်စမ်း ကျုပ်သားကလေး အတော် တောင်ကြီးလာပြီ။
(မောင်ဟင်္သာ)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment