မက်ဆေ့ချ်တခု = ဖုန်းမညံ့ ဖောင့်ကြောင့်ပဲ မဂ်လာပါပဲ ကျနော်သက်ပုံအလေးထားသူပါ
ဟုတ်။
ဒီအကြောင်းအရာကို ၁၀ ခါလောက် တင်ပြထားတယ်။
တချို့စာထဲမှာ ဖေါင့်၊
တချို့စာထဲမှာ ယူနီကုတ်၊
တချို့စာထဲမှာ ကီးဘုတ်၊
တချို့စာထဲမှာ ဖုန်းလို့ သုံးခဲ့တယ်။
ဖုန်းညံ့တာလို့ပြောလိုက်ရင် ပိုထိ၊ ပိုသိနိုင်တယ်။ ပြင်ကြလိမ့်မယ်။
(၁)
မင်္ဂလာလို့ရေးရတယ်။
မဂ် ဆိုတာ မဂ်ဖိုလ်။
မဂ် - န / မက် / ၁။ ကိလေသာကုန်ပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြု နိုင်မည့် လမ်းကြောင်း။ ၂။ ကိုယ်ခန္ဓာရှိ အပေါက်ကြီး သုံးပေါက်။ (မုခမဂ်၊ တံတွေးထွက်ပေါက်။ ပဿာဝမဂ်၊ (ယောနိမဂ်) ကျင်ငယ်ထွက်ပေါက်။ ဝစ္စမဂ်၊ ကျင်ကြီးထွက်ပေါက်။ ဟူ၍ သုံးမျိုးရှိသည်။) [ပါ]
မဂ်တရား - န / မက်တယား / ကိလေသာကို ပယ်ဖျောက်၍ နိဗ္ဗာန်သို့ ပေါက်မြောက်အောင် အာရုံပြုနိုင်သော တိုးတက် မြင့်မားသည့် အဆင့်။ (သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် ဟူ၍ ၄ ပါးရှိသည်။) [ပါ]
မဂ္ဂဇင်း - န / မက်ဂဇင်း / ၁။ ရေးသူ အသီးသီး၏ ဖတ်စရာ၊ မှတ်စရာစာတို့ကို ဝေဆာစွာ စုပေါင်းရိုက်နှိပ်ဖော်ပြသည့် အများအားဖြင့် လစဉ်ထုတ် စာစောင်။ ၂။ ရိုင်ဖယ်၊ စက်
(၂)
သတ်ပုံလို့ ရေးရတယ်။
သတ် နဲ့ သက် မှားနေသူတွေ အများကြီး။
ပတ်သက် မပတ်သက် https://burmese-spelling.blogspot.com/2025/06/blog-post_575.html
မသက်သက် ဟုခေါ်သည် https://burmese-spelling.blogspot.com/2026/05/blog-post_5.html
သက် သတ် သပ် https://burmese-spelling.blogspot.com/2022/10/blog-post_627.html
သက် သပ် သတ် https://burmese-spelling.blogspot.com/2022/11/blog-post_609.html
ဒေါက်တာတင့်ဆွေ



Comments
Post a Comment