Skip to main content

ခေတ်ကတော့

ကွန်မင့်တခု = အခုက "တစ်"သက်တာ" လို့ရေးမှ မရေးရင် ကဗျာပြိုင်ပွဲတွေမှာသတ်ပုံမှားထဲထည့်လိုက်ပါတယ်ဆရာရှင်။

ခေတ်ကတော့ 

- အမှား ဖလားပေး၊ 

- အလွဲ အားပေး၊ 

- အလိမ် မြိန်ဆေး၊

- အညာ လာခဲ့လာခဲ့၊

- ဆေးအတုပါဆို ဘယ်မှာဝယ်ရသလဲမေးတဲ့ခေတ်။

- ကဗျာစာအုပ် သတ်ပုံပြင်ထုတ်မှ ရသရှိတယ်လို့ဆိုကြတဲ့ခေတ်။

- ဝတ္ထုစာအုပ် သတ်ပုံပြင်ထုတ်မှ ဝယ်ယူအားပေးကြတဲ့ခေတ်။

- ကျောင်းစာအုပ် သတ်ပုံပြင်ထုတ်ပြီး ဂုဏ်ထူးပေးတဲ့ခေတ်။ 

- တရားစာအုပ် မှားအောင်ပြန်ထုတ်မှ သာဓုများတဲ့ခေတ်။

- မူရင်းပြရင် ဝိုင်းချကြတဲ့ခေတ်။

- စာကို မှန်အောင်ရေး ရှေးတဲ့။

- မှန်ရင် ခံပေတော့။

မြန်မာစာသည် တသက်မှာ နှစ်ဘဝပြောင်းရပါတော့သည်။

ပြောလို့မရသေးတာက "တစ်တစ်သက်တာ" လို့ ရေးကောင်းရေးလာကြလိမ့်မည်။

ကျွန်တော် တိုင်းပြည်ကနေ ထွက်မပြေးရခင်အထိ တိုင်တရာ၊ တသက်တာ၊ ငွေတရာတွေဟာ စသတ်ခံရလိမ့်မည်လို့ မထင်ခဲ့မိပါ။

မြန်မာစာ တသက်မှာ သုံးဘဝလည်းပြောင်းရနိုင်ပါသည်။

(၂)

AI

ဓာတ်ပုံထဲက စာအုပ်ကတော့ ဆရာကြီး သခင်ဘသောင်း ရဲ့ "ဇာတိမာန်ပွားစရာ အတွေးအခေါ်များ" စာအုပ် ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် မြန်မာစာ သတ်ပုံစံနစ် ပြောင်းလဲပုံတွေနဲ့ ပတ်သက်လို့ ဆရာ ဒေါက်တာတင့်ဆွေ ရေးသားထားတဲ့ အယူအဆနဲ့ ဝေဖန်ထောက်ပြချက်တွေကို မျှဝေပေးတာ ကျေးဇူးပါ။

ရှေးမူ သတ်ပုံ (ဥပမာ - တသက်တာ၊ တိုင်တရာ၊ ငွေတရာ စသည်ဖြင့် တ ဖြင့် ရေးထုံး) နဲ့ နောက်ပိုင်း ခေတ်သစ် မြန်မာစာအဖွဲ့က ပြင်ဆင်သတ်မှတ်ခဲ့တဲ့ သတ်ပုံ (ဥပမာ - "တစ်" ဖြင့် အပြည့်အဝ ရေးထုံး) တွေကြားက သတ်ပုံအငြင်းပွားမှုဟာ စာပေအသိုင်းအဝိုင်းမှာ အမြဲလိုလို ဆွေးနွေးငြင်းခုံစရာ ဖြစ်နေဆဲ ခေါင်းစဉ်"တစ်"ခုဖြစ်ပါတယ်။

(၃)

ပုံထဲက တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်ကို ရွှေဥဒေါင်းက ရေးပါတယ်။ 

သခင်ဘသောင်းက တထောင့်တည ဘာသာပြန်ပါတယ်။

ရွှေဥဒေါင်းနဲ့ သခင်ဘသောင်းတို့ကတော့ တခု ကို တခု လို့သာ ရေးကြပါတယ်။

AI က ခေတ်လူ (စက်)။

(၄)

AI

ထောက်ပြပြင်ဆင်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ကျွန်တော့်ဘက်က ပုံကို သေချာမကြည့်ဘဲ အမှားအယွင်း ဖတ်ရှုမိသွားတာပါ။

ပုံထဲက စာအုပ်အပေါ်မှာ ရေးထားတဲ့ စာရေးသူက ဆရာကြီး ရွှေဥဒေါင်း ဖြစ်ပြီး၊ စာအုပ်အမည်မှာ "ဘဝတသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ" ဖြစ်ပါတယ်။

ဆရာကြီး ရွှေဥဒေါင်းရော၊ ""တစ်"ထောင့်"တစ်"ည" ကို ဘာသာပြန်ခဲ့တဲ့ ဆရာကြီး သခင်ဘသောင်း တို့ပါ "တခု"၊ "တသက်တာ"၊ "တရာ" စသဖြင့် စသတ် မပါဘဲ 'တ' "တစ်"လုံးတည်းနဲ့သာ ရေးသားခဲ့ကြတာ အမှန်ပဲ ဖြစ်ပါတယ်။

AI ဆိုတဲ့အတိုင်း လက်ရှိခေတ်ပေါ် သတ်ပုံစနစ် နိယာမတွေနဲ့ ဒေတာတွေကိုပဲ အခြေခံမိတာကြောင့် ခေတ်ဟောင်း စာပေပညာရှင်ကြီးတွေရဲ့ မူရင်း ရေးထုံးအလှနဲ့ ရသကို စက်အတိုင်းပဲ အလွယ်တွေးမိသွားခဲ့ပါတယ်။ ခုလို ထောက်ပြပေးမှပဲ စာအုပ်အမှန်နဲ့ မူရင်း မြန်မာစာ ရေးထုံးအကောက်အယူကို မှန်မှန်ကန်ကန် ပြန်လည် မှတ်သားခွင့် ရလိုက်ပါတယ်။

(၅)

ကောက်ချက် 

ယခုခေတ်မှာမွေးတဲ့ AI သည်လည်း ၁၉၈၆ နောက်မှ ကကြီး ခခွေးသင်ရတဲ့ မြန်မာလိုစာရေးသူတွေအတိုင်း မတစ်ရ မနေနိုင်။

မြန်မာ့စွယ်စုံကျမ်းအလိုအရ အခမဲ့ကူလီထမ်းခြင်းအကျိုး ရေးသားသူ ပညာဝန် ဦးဖိုးကျားက တိုင်တရာစကောကရင် အလယ်တန်းကျောင်းမှာ စာသင်ယူခဲ့ပါတယ်။ အခုတော့ တိုင်တရာအမည် အပြောင်းခံလိုက်ရပြီ။

လူကြီးမင်းတို့သဘောသာဖြစ်ပါကြောင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ