တနေ့သ၌ သူစိမ်းတယောက်သည် ကုဒုရဃာရ ဇနပုဒ်သို့ ရောက်လာလေသည်။
ပါရဂူ ရေးသားတဲ့ နိဗ္ဗာန်စာအုပ်ထဲက ဖြစ်ပါတယ်။ ၁၉၆၉၊ ၁၉၇၀ နဲ့ ၁၉၇၅ အထိ သုံးကြိမ်ထုတ်တယ်။ နောက်ထပ်လည်း ထပ်ထုတ်တယ်။ ထပ်ထုတ်တွေမှာ သတ်ပုံတွေပြင်ထားကြတယ်။
ဆရာပါရဂူနဲ့ နယူးဒေလီမှာ လူချင်းဆုံခဲ့ဖူးတယ်။ ဆရာတင်မိုးနဲ့လည်း ဒေလီမှာပဲ ဆုံပါတယ်။ အဲဒီစာရေးဆရာနဲ့ ကဗျာဆရာတွေက သတ်ပုံမှန်နဲ့သာရေးသားကြတဲ့ စာပေနယ်မှာ အလွန်တော်သူတွေဖြစ်ကြတယ်။ ဆရာတွေကို သတ်ပုံတွေပြင်ခံရတဲ့အကြောင်း မမေးလိုက်ပါ။
ဆရာနှစ်ဦးလုံးဟာ အင်မတန်နူးညံ့ကြတယ်။ မကြိုက်တာ သဘောမတွေ့တာကို လူသိရှင်ကြား ထုတ်ပြောကြသူတွေမဟုတ်ပါ။
သူတို့ကွယ်လွန်တော့ သူတို့စာတွေ ကဗျာတွေလည်း ရစရာမရှိအောင် ဖျက်ဆီးခံရတယ်။ မလုပ်ကောင်းပါခင်ဗျား။
ဒေါက်တာတင့်ဆွေ
၁၄-၇-၂၀၁၉

Comments
Post a Comment